သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

Trump သမၼတေလာင္းဝင္အေ႐ြးခံမည္


 သမၼတေရြးေကာက္ပြဲျပန္ဝင္မယ္ဆိုတဲ့ ရီပတ္ဘလီကင္သမၼတေဟာင္း Donald Trump

[[Zawgyi/Unicode]]

၂၀၂၄ အေမရိကန္သမၼတ ေ႐ြးေကာက္ပြဲအတြက္ Republican ပါတီ သမၼတေလာင္းေ႐ြးပြဲမွာ သူဝင္ေရာက္ယွဥ္ၿပိဳင္မယ္လို႔ သမၼတေဟာင္းထရမ့္က အဂၤါေန႔ မေန႔က ေၾကညာလိုက္ပါတယ္။ ခမ္းနားႀကီးက်ယ္တဲ့ မဟာအေမရိကကို ထပ္မံထူေထာင္ဖို႔ ခုလို သမၼတေ႐ြးေကာက္ပြဲဝင္တာျဖစ္တယ္လို႔ မစၥတာ ထရမ့္က ဆိုပါတယ္။

သူက်င့္သုံးမယ့္မူဝါဒေတြကိုလည္း ေျပာသြားခဲ့ရာမွာ ရဲတပ္ဖြဲ႕ေတြနဲ႔ ပိုၿပီး လုံၿခဳံေရးရယူဖို႔၊ ႀကိဳတင္မဲေပးစနစ္ကို ဖ်က္ၿပီး မဲ ျမန္ျမန္ေရတြက္တဲ့ ေ႐ြးေကာက္ပြဲစနစ္အျဖစ္ ျပဳျပင္ေျပာင္းလဲဖို႔၊ လူဝင္မႈႀကီးၾကပ္ေရးကို ပိုၿပီး တင္းက်ပ္ဖို႔၊ သမ႐ိုးက် အစဥ္အလာ လူမႈေရးဥပေဒေတြ ပို ခ်မွတ္ဖို႔ နဲ႔ စစ္ေရးဘတ္ဂ်က္ ပိုသုံးဖို႔ဆိုတဲ့ မူဝါဒေတြ ပါဝင္ၾကပါတယ္။

သုံးသပ္သူေတြကေတာ့ မစၥတာထရမ့္မွာ စိန္ေခၚခ်က္ႀကီး ၂ ခ်က္ ရွိတယ္လို႔ ေထာက္ျပေနၾကပါတယ္။

ပထမတခုကေတာ့ သမၼတေလာင္းဝင္ေ႐ြးဖို႔ ျပင္ေနပုံရတဲ့ ဖေလာ္ရီဒါ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး Ron DeSantis နဲ႔ ယွဥ္ၿပိဳင္ရမွာျဖစ္ပါတယ္။ Ron DeSantis ဟာ ဖေလာ္ရီဒါ ျပည္နယ္ထဲက ဒီမိုကရက္ကို မဲေပးေနက်ခ႐ိုင္ေတြ သူ႔ကိုမဲေပးလာေအာင္ ေျပာင္းလဲပစ္ႏိုင္ခဲ့လို႔ ဖေလာ္ရီဒါ ျပည္နယ္ဟာ ဘယ္ပါတီက ႏိုင္မယ္ မေျပာႏိုင္တဲ့ ျပည္နယ္အျဖစ္ကေန ရီပါဘလီကန္ ပါတီရဲ႕ ျပည္နယ္အျဖစ္ ေျပာင္းလဲပစ္ႏိုင္ခဲ့တဲ့ ျပည္နယ္အုပ္ခ်ဳပ္ေရးမႉး ျဖစ္ပါတယ္။ သူ႔ မူဝါဒေတြကလည္း မစၥတာထရမ့္ ရဲ႕မူဝါဒေတြအတိုင္းျဖစ္ေပမဲ့ သူက ပိုၿပီး ရက္ေရာ၊ ေပ်ာ့ေပ်ာင္း လူသားဆန္တယ္လို႔သုံးသပ္သူေတြက ဆိုၾကပါတယ္။

ဒုတိယစိန္ေခၚခ်က္ကေတာ့ မဲေပးသူေတြက မစၥတာထရမ့္ရဲ႕လုပ္ကိုင္ပုံေတြကို ၿပီးခဲ့တဲ့သက္တမ္းမွာသိၾကၿပီး ထပ္ေ႐ြးခ်ယ္ၾကပါ့မလားဆိုတာပါပဲ။ မစၥတာ ထရမ့္ကို ေထာက္ခံမလားလို႔ သူ႔ရဲ႕ ဒုတိယသမၼတ မစၥတာမိုက္ပင့္န္စ္ကို ေအဘီစီ သတင္းဌာနရဲ႕ World News Tonight အင္တာဗ်ဴးမွာ ေမးတဲ့အခါမွာေတာ့ အနာဂတ္မွာ ဒါ့ထက္ပိုေကာင္းတဲ့ ေ႐ြးရမယ့္သူေတြရွိပါတယ္လို႔ ေျဖၾကားသြားခဲ့ပါတယ္။

သတင္းစာရွင္းလင္းပြဲမွာ သမၼတဘိုင္ဒန္ကိုေမးတဲ့အခါမွာေတာ့ မစၥတာထရမ့္နဲ႔ မစၥတာ DeSantis တို႔ ႏွစ္ေယာက္ တေယာက္ကိုတေယာက္ ထိုးႏွက္ေဝဖန္ၾကမွာ ၾကည့္လို႔ေကာင္းမယ္လို႔ ေျပာသြားပါတယ္။

Trump သမၼတေလာင္းဝင္အေ႐ြးခံမည္.mp3
please wait

No media source currently available

0:00 0:01:40 0:00
တိုက္႐ိုက္ လင့္ခ္

===================

[[Unicode]]

Trump သမ္မတလောင်းဝင်အရွေးခံမည်

၂၀၂၄ အမေရိကန်သမ္မတ ရွေးကောက်ပွဲအတွက် Republican ပါတီ သမ္မတလောင်းရွေးပွဲမှာ သူဝင်ရောက်ယှဉ်ပြိုင်မယ်လို့ သမ္မတဟောင်းထရမ့်က အင်္ဂါနေ့ မနေ့က ကြေညာလိုက်ပါတယ်။ ခမ်းနားကြီးကျယ်တဲ့ မဟာအမေရိကကို ထပ်မံထူထောင်ဖို့ ခုလို သမ္မတရွေးကောက်ပွဲဝင်တာဖြစ်တယ်လို့ မစ္စတာ ထရမ့်က ဆိုပါတယ်။

သူကျင့်သုံးမယ့်မူဝါဒတွေကိုလည်း ပြောသွားခဲ့ရာမှာ ရဲတပ်ဖွဲ့တွေနဲ့ ပိုပြီး လုံခြုံရေးရယူဖို့၊ ကြိုတင်မဲပေးစနစ်ကို ဖျက်ပြီး မဲ မြန်မြန်ရေတွက်တဲ့ ရွေးကောက်ပွဲစနစ်အဖြစ် ပြုပြင်ပြောင်းလဲဖို့၊ လူဝင်မှုကြီးကြပ်ရေးကို ပိုပြီး တင်းကျပ်ဖို့၊ သမရိုးကျ အစဉ်အလာ လူမှုရေးဥပဒေတွေ ပို ချမှတ်ဖို့ နဲ့ စစ်ရေးဘတ်ဂျက် ပိုသုံးဖို့ဆိုတဲ့ မူဝါဒတွေ ပါဝင်ကြပါတယ်။

သုံးသပ်သူတွေကတော့ မစ္စတာထရမ့်မှာ စိန်ခေါ်ချက်ကြီး ၂ ချက် ရှိတယ်လို့ ထောက်ပြနေကြပါတယ်။

ပထမတခုကတော့ သမ္မတလောင်းဝင်ရွေးဖို့ ပြင်နေပုံရတဲ့ ဖလော်ရီဒါ ပြည်နယ်အုပ်ချုပ်ရေးမှူး Ron DeSantis နဲ့ ယှဉ်ပြိုင်ရမှာဖြစ်ပါတယ်။ Ron DeSantis ဟာ ဖလော်ရီဒါ ပြည်နယ်ထဲက ဒီမိုကရက်ကို မဲပေးနေကျခရိုင်တွေ သူ့ကိုမဲပေးလာအောင် ပြောင်းလဲပစ်နိုင်ခဲ့လို့ ဖလော်ရီဒါ ပြည်နယ်ဟာ ဘယ်ပါတီက နိုင်မယ် မပြောနိုင်တဲ့ ပြည်နယ်အဖြစ်ကနေ ရီပါဘလီကန် ပါတီရဲ့ ပြည်နယ်အဖြစ် ပြောင်းလဲပစ်နိုင်ခဲ့တဲ့ ပြည်နယ်အုပ်ချုပ်ရေးမှူး ဖြစ်ပါတယ်။ သူ့ မူဝါဒတွေကလည်း မစ္စတာထရမ့် ရဲ့မူဝါဒတွေအတိုင်းဖြစ်ပေမဲ့ သူက ပိုပြီး ရက်ရော၊ ပျော့ပျောင်း လူသားဆန်တယ်လို့သုံးသပ်သူတွေက ဆိုကြပါတယ်။

ဒုတိယစိန်ခေါ်ချက်ကတော့ မဲပေးသူတွေက မစ္စတာထရမ့်ရဲ့လုပ်ကိုင်ပုံတွေကို ပြီးခဲ့တဲ့သက်တမ်းမှာသိကြပြီး ထပ်ရွေးချယ်ကြပါ့မလားဆိုတာပါပဲ။ မစ္စတာ ထရမ့်ကို ထောက်ခံမလားလို့ သူ့ရဲ့ ဒုတိယသမ္မတ မစ္စတာမိုက်ပင့်န်စ်ကို အေဘီစီ သတင်းဌာနရဲ့ World News Tonight အင်တာဗျူးမှာ မေးတဲ့အခါမှာတော့ အနာဂတ်မှာ ဒါ့ထက်ပိုကောင်းတဲ့ ရွေးရမယ့်သူတွေရှိပါတယ်လို့ ဖြေကြားသွားခဲ့ပါတယ်။

သတင်းစာရှင်းလင်းပွဲမှာ သမ္မတဘိုင်ဒန်ကိုမေးတဲ့အခါမှာတော့ မစ္စတာထရမ့်နဲ့ မစ္စတာ DeSantis တို့ နှစ်ယောက် တယောက်ကိုတယောက် ထိုးနှက်ဝေဖန်ကြမှာ ကြည့်လို့ကောင်းမယ်လို့ ပြောသွားပါတယ်။

XS
SM
MD
LG