သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်နဲ့တောင်ကိုရီးယား ရေတပ်တွေ ပူးတွဲစစ်ရေးလေ့ကျင့်


အမေရိကန်နဲ့တောင်ကိုရီးယားတို့ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းရိုးတမ်းမှာစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်လေယာဉ်တင်စစ်သင်္ဘော USS Ronald Reagan ဘူဆန်ဆိပ်ကမ်းမှထွက်ခွါစဉ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၂) 
အမေရိကန်နဲ့တောင်ကိုရီးယားတို့ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ကမ်းရိုးတမ်းမှာစစ်ရေးလေ့ကျင့်ဖို့ အမေရိကန်လေယာဉ်တင်စစ်သင်္ဘော USS Ronald Reagan ဘူဆန်ဆိပ်ကမ်းမှထွက်ခွါစဉ်။ (စက်တင်ဘာ ၂၆၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အမေရိကန်လေယာဉ်တင်သင်္ဘောနဲ့ တောင်ကိုရီးယားစစ်သင်္ဘောတွေ ဒီကနေ့ ကိုရီးယားကျွန်းဆွယ်အရှေ့ဘက်ခြမ်းမှာ စစ်ရေးလေ့ကျင့်ခဲ့ကြပါတယ်။ ဒါဟာ ၅ နှစ်အတွင်း ပထမဆုံးအကြိမ် ရေတပ်သင်္ဘောတွေ စစ်ရေးလေ့ကျင့်မှု ပြန်လည် လုပ်ဆောင်တာ ဖြစ်ပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုကို တုံ့ပြန်တဲ့အနေနဲ့ မြောက်ကိုရီးယားက တာတိုပစ်ဒုံးကျည် စမ်းသပ်ပစ်လွှတ်ခဲ့ပါတယ်။

အမေရိကန်နဲ့ တောင်ကိုရီးယားတို့ရဲ့ စစ်ရေးလေ့ကျင့်မှုတွေဟာ သူတို့ကို ဝင်ရောက်သိမ်းပိုက်ဖို့ ကြိုတင်ပြင်ဆင်တဲ့လုပ်ရပ်အဖြစ် မြောက်ကိုရီးယားရှုမြင်လေ့ရှိပြီး ပြိုင်ဘက် တောင်ကိုရီးယားကိုတိုက်ခိုက်နိုင်တဲ့ လက်နက်တွေကိုလည်း ထုတ်ပြလေ့ရှိပါတယ်။

လေးရက်ကြာမယ့် ဒီ အမေရိကန်-တောင်ကိုရီးယား စစ်ရေးလေ့ကျင့်မှုဟာ မြောက်ကိုရီးယားရဲ့ ရန်လိုတဲ့အပြုအမူတွေကို တုံ့ပြန်တဲ့အနေနဲ့ လုပ်ဆောင်ခြင်းဖြစ်သလို သူတို့ရဲ့ ရေတပ်အနေနဲ့ ပူးတွဲ စစ်ဆင်ရေးလုပ်နိုင်စွမ်းတွေ တိုးတက်လာစေအောင် လုပ်ဆောင်ခြင်းဖြစ်ကြောင်း တောင်ကိုရီးယား ရေတပ်က ထုတ်ပြန်တဲ့ကြေညာချက်မှာ ဖော်ပြပါတယ်။

ဒီ စစ်ရေးလေ့ကျင့်မှုအတွင်း နျူကလီးယားအင်အားသုံး USS Ronald Reagan ၊ Cruiser စစ်သင်္ဘောကြီးနဲ့ ဖျက်ရေယာဉ်တွေအပါအဝင် စစ်သင်္ဘောပေါင်း ၂၀ ကျော် ပါဝင်တယ်လို့ တောင်ကိုရီးယား ရေတပ် ကြေညာချက်မှာ ဖော်ပြထားပါတယ်။ ဒါ့အပြင် အမေရိကန်နဲ့ တောင်ကိုရီးယား တိုက်လေယာဉ်တွေလည်း ဒီ စစ်ရေးလေ့ကျင့်မှုမှာ ပါဝင်ကြမယ်လို့ ဆိုပါတယ်။

တချို့ အခြေအနေတွေမှာ မြောက်ကိုရီးယားအနေနဲ့ နျူကလီးယားလက်နက်ကို လက်ဦးမှုရယူပြီး တိုက်ခိုက်ခွင့်ပြုတဲ့ ဥပဒေတခု အခုလအစောပိုင်းမှာ မြောက်ကိုရီးယားက ပြဌာန်းလိုက် တာကြောင့် မြောက်ကိုရီးယားအနေနဲ့ နျူကလီယားလက်နက် အသုံးပြုရေးဆိုင်ရာ မူဝါဒကို ပြင်းထန်စွာ ချမှတ် ကျင့်သုံးလာတဲ့လက္ခဏာဖြစ်တယ်လို့ ဆိုပါတယ်။

တိုက်ရိုက် လင့်ခ်

============

[[Unicode]]







XS
SM
MD
LG