သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အေမရိကန္နဲ႔ ေတာင္ကိုရီးယား ေရွ႕သီတင္းပတ္ ပူးတြဲစစ္ေရးေလ့က်င့္မည္


ေတာင္ကိုရီးယားစစ္သည္ေတြ စစ္ေရးေလ့က်င့္ဖို႔ ျပင္ဆင္ေနစဥ္။ (ဇူလိုင္ ၂၇၊ ၂၀၂၂) 

[[Zawgyi/Unicode]]

အေမရိကန္နဲ႔ ေတာင္ကိုရီးယားတပ္ဖြဲ႔ေတြၾကား ပူးတြဲစစ္ေရးေလ့က်င့္မႈတရပ္ကို လာမယ့္သီတင္းပတ္မွာ စတင္မယ္လို႔ ေတာင္ကိုရီးယား စစ္တပ္က ဒီကေန႔ အဂၤါေန႔မွာ ေျပာပါတယ္။

ေျမာက္ကိုရီးယားဘက္က ဒုံးက်ည္စမ္းသပ္ပစ္လႊတ္မႈေတြနဲ႔ န်ဴကလီးယားပဋိပကၡနဲ႔ ၿခိမ္းေျခာက္မႈေတြၾကား အခုလို အေမရိကန္နဲ႔ ေတာင္ကိုရီးယား မဟာမိတ္ ႏွစ္ႏိုင္ငံၾကား ပူးတြဲ စစ္ေရးေလ့က်င့္မႈ ျပဳလုပ္မွာ ျဖစ္ပါတယ္။ ေႏြရာသီမွာ ျပဳလုပ္ေလ့ရွိတဲ့ ဒီ စစ္ေရးေလ့က်င့္မႈဟာ ပုံမွန္ ဩဂုတ္လ ၂၂ ရက္ကေန စက္တင္ဘာလ ၁ ရက္ေန႔ အထိ ေလ့က်င့္ေလ့ရွိပါတယ္။

Ulchi Freedom Shield လို႔ နာမည္ေပးထားတဲ့ ဒီ စစ္ေရးေလ့က်င့္မႈမွာ ေလယာဥ္ေတြ၊ စစ္သေဘၤာေတြ၊ တင့္ကားေတြနဲ႔ တပ္သား ေသာင္းခ်ီ ပါဝင္ဖို႔ ရွိပါတယ္။ ဒီ စစ္ေရးေလ့က်င့္မႈဟာ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔ၾကား အႀကီးစား စစ္ေရးေလ့က်င့္မႈေတြ ျပန္လည္ လုပ္ေဆာင္မယ္လို႔ ကတိေပး ေျပာၾကားထားမႈေတြနဲ႔ ကိုက္ ညီေနပါတယ္။ ၿပီးခဲ့တဲ့ ႏွစ္ေတြတုန္းကေတာ့ ေျမာက္ကိုရီးယားနဲ႔ သံတမန္ေရးအရ ေဆြးေႏြးမႈေတြ လုပ္ေဆာင္ႏိုင္ဖို႔အေရး တင္းမာမႈ ေလွ်ာ့ခ်ဖို႔နဲ႔ COVID ကပ္ေရာဂါ အႏၲရာယ္တို႔ေၾကာင့္ အခုလို စစ္ေရး ေလ့က်င့္မႈေတြကို ဖ်က္သိမ္း ဒါမွမဟုတ္ အင္အား ေလွ်ာ့ခ် လုပ္ဆာင္ခဲ့တာပါ။

ၿပီးခဲ့တဲ့ ဩဂုတ္လ ၈ ရက္ကေန ၁၄ ရက္တုန္းကလည္း အေမရိကန္၊ ေတာင္ကိုရီးယားနဲ႔ဂ်ပန္ သုံးႏိုင္ငံ ေရတပ္ေတြအၾကား ဒုံးက်ည္ သတိေပးစနစ္နဲ႔ ပဲ့ထိန္းတပ္ ဒုံးက်ည္ ရွာေဖြေရးဆိုင္ရာ စစ္ေရးေလ့က်င့္မႈေတြကို ဟာဝိုင္ယီကမ္းလြန္ ေဒသပင္လယ္ေရျပင္မွာ လုပ္ေဆာင္ခဲ့တယ္လို႔ အေမရိကန္ ကာကြယ္ေရးဝန္ႀကီးဌာနက ေျပာပါတယ္။ အေမရိကန္နဲ႔ ေတာင္ကိုရီးယားတို႔က လာမယ့္သီတင္းပတ္မွာလုပ္မယ့္ စစ္ေရးေလ့က်င့္မႈဟာ ခံစစ္အတြက္ ျဖစ္တယ္လို႔ ေျပာေနေပမယ့္လည္း ေျမာက္ကိုရီးယားတို႔ ဘက္ကေတာ့ သူတို႔ ႏိုင္ငံကို ထိုးစစ္ဆင္က်ဴးေက်ာ္ဖို႔ အစမ္းေလ့က်င့္မႈ ျဖစ္တယ္လို႔ အၿမဲ စြပ္စြဲ ေျပာၾကားေလ့ရွိပါတယ္။

တိုက္႐ိုက္ လင့္ခ္

==================

[[Unicode]]

အမေရိကန်နဲ့ တောင်ကိုရီးယား ရှေ့သီတင်းပတ် ပူးတွဲစစ်ရေးလေ့ကျင့်မည်

အမေရိကန်နဲ့ တောင်ကိုရီးယားတပ်ဖွဲ့တွေကြား ပူးတွဲစစ်ရေးလေ့ကျင့်မှုတရပ်ကို လာမယ့်သီတင်းပတ်မှာ စတင်မယ်လို့ တောင်ကိုရီးယား စစ်တပ်က ဒီကနေ့ အင်္ဂါနေ့မှာ ပြောပါတယ်။

မြောက်ကိုရီးယားဘက်က ဒုံးကျည်စမ်းသပ်ပစ်လွှတ်မှုတွေနဲ့ နျူကလီးယားပဋိပက္ခနဲ့ ခြိမ်းခြောက်မှုတွေကြား အခုလို အမေရိကန်နဲ့ တောင်ကိုရီးယား မဟာမိတ် နှစ်နိုင်ငံကြား ပူးတွဲ စစ်ရေးလေ့ကျင့်မှု ပြုလုပ်မှာ ဖြစ်ပါတယ်။ နွေရာသီမှာ ပြုလုပ်လေ့ရှိတဲ့ ဒီ စစ်ရေးလေ့ကျင့်မှုဟာ ပုံမှန် ဩဂုတ်လ ၂၂ ရက်ကနေ စက်တင်ဘာလ ၁ ရက်နေ့ အထိ လေ့ကျင့်လေ့ရှိပါတယ်။

Ulchi Freedom Shield လို့ နာမည်ပေးထားတဲ့ ဒီ စစ်ရေးလေ့ကျင့်မှုမှာ လေယာဉ်တွေ၊ စစ်သင်္ဘောတွေ၊ တင့်ကားတွေနဲ့ တပ်သား သောင်းချီ ပါဝင်ဖို့ ရှိပါတယ်။ ဒီ စစ်ရေးလေ့ကျင့်မှုဟာ အမေရိကန်နဲ့ တောင်ကိုရီးယားတို့ကြား အကြီးစား စစ်ရေးလေ့ကျင့်မှုတွေ ပြန်လည် လုပ်ဆောင်မယ်လို့ ကတိပေး ပြောကြားထားမှုတွေနဲ့ ကိုက် ညီနေပါတယ်။ ပြီးခဲ့တဲ့ နှစ်တွေတုန်းကတော့ မြောက်ကိုရီးယားနဲ့ သံတမန်ရေးအရ ဆွေးနွေးမှုတွေ လုပ်ဆောင်နိုင်ဖို့အရေး တင်းမာမှု လျှော့ချဖို့နဲ့ COVID ကပ်ရောဂါ အန္တရာယ်တို့ကြောင့် အခုလို စစ်ရေး လေ့ကျင့်မှုတွေကို ဖျက်သိမ်း ဒါမှမဟုတ် အင်အား လျှော့ချ လုပ်ဆာင်ခဲ့တာပါ။

ပြီးခဲ့တဲ့ ဩဂုတ်လ ၈ ရက်ကနေ ၁၄ ရက်တုန်းကလည်း အမေရိကန်၊ တောင်ကိုရီးယားနဲ့ဂျပန် သုံးနိုင်ငံ ရေတပ်တွေအကြား ဒုံးကျည် သတိပေးစနစ်နဲ့ ပဲ့ထိန်းတပ် ဒုံးကျည် ရှာဖွေရေးဆိုင်ရာ စစ်ရေးလေ့ကျင့်မှုတွေကို ဟာဝိုင်ယီကမ်းလွန် ဒေသပင်လယ်ရေပြင်မှာ လုပ်ဆောင်ခဲ့တယ်လို့ အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာနက ပြောပါတယ်။ အမေရိကန်နဲ့ တောင်ကိုရီးယားတို့က လာမယ့်သီတင်းပတ်မှာလုပ်မယ့် စစ်ရေးလေ့ကျင့်မှုဟာ ခံစစ်အတွက် ဖြစ်တယ်လို့ ပြောနေပေမယ့်လည်း မြောက်ကိုရီးယားတို့ ဘက်ကတော့ သူတို့ နိုင်ငံကို ထိုးစစ်ဆင်ကျူးကျော်ဖို့ အစမ်းလေ့ကျင့်မှု ဖြစ်တယ်လို့ အမြဲ စွပ်စွဲ ပြောကြားလေ့ရှိပါတယ်။

XS
SM
MD
LG