သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ကေလးငယ္ေတြ အဆိုးဆံုးပံုစံနဲ႔ အဓမၼခိုင္းေစခံေနရ 


ျမန္မာကေလးလုပ္သားမ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ျမန္မာစစ္တပ္အေနနဲ႔ ကေလးငယ္ရာခ်ီအပါအဝင္ အရပ္သားေတြကို စစ္ပြဲထဲ အဓမၼခိုင္းေစေနတယ္ဆိုတဲ့ အေမရိကန္ အလုပ္သမားေရးဝန္ႀကီးဌာနရဲ႕ အစီရင္ခံစာပါ ေဖၚျပခ်က္ကို ရန္ကုန္ အေမရိကန္သံ႐ုံး တြစ္တာလူမႈကြန္ယက္မွာ ဒီေန႔ ျပန္လည္ ေဖၚျပပါတယ္။

ျမန္မာစစ္ပြဲပဋိေဒသေတြမွာ စစ္တပ္အေနနဲ႔ အ႐ြယ္မေရာက္ေသးတဲ့ ကေလးငယ္ ၇၀၀ ထက္မနည္းကို စစ္တိုက္တာမဟုတ္တဲ့ ေပၚတာသယ္ေပးရတာမ်ိဳးအပါအဝင္ ဆက္လက္ၿပီး အတင္းခိုင္းေစေနတယ္လို႔ အေမရိကန္အလုပ္သမားဝန္ႀကီးဌာနက စက္တင္ဘာလက ထုတ္ျပန္ခဲ့တာပါ။

ရန္ကုန္အေမရိကန္သံရံုးရဲ႕ Twitter စာမ်က္ႏွာမွာ ဒီေန႔ ထပ္မံေဖာ္ျပတာမွာ ျမန္မာအပါအဝင္ ႏိုင္ငံေပါင္း ၁၃၁ ႏိုင္ငံက ကေလးငယ္ေတြကို အခုလို အလုပ္ခိုင္းေစမႈ အေျခအေနကို မီးေမာင္းထိုးျပခဲ့ပါတယ္။

ကေလးငယ္ေတြကိုအဆိုးဆံုးခိုင္းေစမႈဆိုင္ရာေတြ႕ရွိခ်က္လို႔ ေခါင္းစဥ္တပ္ထားတဲ့ ႏွစ္ပတ္လည္အစီရင္ခံစာထဲမွာ ကေလးေတြကို စစ္တပ္က ေပၚတာအျဖစ္ သံုးတာအျပင္ အဝတ္ေလွ်ာ္၊ သန္႔ရွင္း၊ ခ်က္ျပဳတ္၊ စိုက္ပ်ိဳးခိုင္းတာေတြလည္း လုပ္ေနတယ္လို႔ ေဖာ္ျပခဲ့ပါတယ္။

စက္တင္ဘာလက ထုတ္ျပန္တဲ့ အစီရင္စာထဲမွာေတာ့ ႏိုင္ငံျခားေရးဝန္ႀကီးဌာနရဲ႕ ျမန္မာစီးပြားလုပ္ငန္းအၾကံေပးခ်က္ပါ စီးပြားလုပ္ခြင့္မသာတဲ့အေျခအေနေတြကိုပါ ထည့္သြင္းေဖာ္ျပထားတယ္လို႔ အေမရိကန္အလုပ္သမားဝန္ႀကီးဌာန ဒုလက္ေထာက္ဝန္ႀကီး Thea Mei Lee က ေျပာၾကားထားပါတယ္။

ျမန္မာႏိုင္ငံအတြင္း တိုင္းရင္းသားေဒသတခ်ိဳ႕နဲ႔ စစ္မက္ျဖစ္ပြားေနတဲ့ ေနရာေတြမွာ အရပ္သားနဲ႔ ကေလးငယ္ေတြကို စစ္တပ္ကေခၚယူ ခိုင္းေစေနတယ္ဆိုၿပီး ေဒသခံတခ်ိဳ႕ကလည္း မၾကာေသးခင္ သီတင္းပတ္အတြင္းက VOA ကို ေျပာထားပါတယ္။ ဒီေျပာဆိုခ်က္ေတြနဲ႔ ပတ္သက္လို႔ စစ္ေကာင္စီဘက္က ျပန္လည္တုံ႔ျပန္တာေတာ့ မေတြ႕ရေသးပါဘူး။

ျမန္မာႏိုင္ငံမွာ ကိုဗစ္ 19 ေရာဂါကူးစက္မႈေတြၾကား ေက်ာင္းေတြပိတ္ထားခဲ့ရခ်ိန္ ဆိုး႐ြားလာတဲ့ စီးပြားေရးအေျခအေနေတြေၾကာင့္ အသက္မျပည့္တဲ့ ကေလးငယ္ေတြ လုပ္ငန္းခြင္ထဲ ေရာက္ေအာင္ တြန္းပို႔ခံေနရတယ္လို႔လည္း ILO အျပည္ျပည္ ဆိုင္ရာ အလုပ္သမား အဖြဲ႕ခ်ဳပ္ကလည္း ဇြန္လကပဲ ေျပာၾကားခဲ့ပါတယ္။

ျမန္မာႏိုင္ငံမွာ ကေလးတသန္းေက်ာ္ဟာ ကေလးလုပ္သားအျဖစ္ လုပ္ကိုင္ေနၾကရၿပီး ဒီအထဲက ထက္ဝက္ေလာက္က အႏၲရာယ္ရွိတဲ့လုပ္ငန္းခြင္ေတြမွာ ေန႔တိုင္း လုပ္ေနရတယ္လို႔ ILO ကေထာက္ျပခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

--------------------

[[Unicode]]

ကလေးငယ်တွေ အဆိုးဆုံးပုံစံနဲ့ အဓမ္မခိုင်းစေခံနေရ

မြန်မာစစ်တပ်အနေနဲ့ ကလေးငယ်ရာချီအပါအဝင် အရပ်သားတွေကို စစ်ပွဲထဲ အဓမ္မခိုင်းစေနေတယ်ဆိုတဲ့ အမေရိကန် အလုပ်သမားရေးဝန်ကြီးဌာနရဲ့ အစီရင်ခံစာပါ ဖေါ်ပြချက်ကို ရန်ကုန် အမေရိကန်သံရုံး တွစ်တာလူမှုကွန်ယက်မှာ ဒီနေ့ ပြန်လည် ဖေါ်ပြပါတယ်။

မြန်မာစစ်ပွဲပဋိဒေသတွေမှာ စစ်တပ်အနေနဲ့ အရွယ်မရောက်သေးတဲ့ ကလေးငယ် ၇၀၀ ထက်မနည်းကို စစ်တိုက်တာမဟုတ်တဲ့ ပေါ်တာသယ်ပေးရတာမျိုးအပါအဝင် ဆက်လက်ပြီး အတင်းခိုင်းစေနေတယ်လို့ အမေရိကန်အလုပ်သမားဝန်ကြီးဌာနက စက်တင်ဘာလက ထုတ်ပြန်ခဲ့တာပါ။

ရန်ကုန်အမေရိကန်သံရုံးရဲ့ Twitter စာမျက်နှာမှာ ဒီနေ့ ထပ်မံဖော်ပြတာမှာ မြန်မာအပါအဝင် နိုင်ငံပေါင်း ၁၃၁ နိုင်ငံက ကလေးငယ်တွေကို အခုလို အလုပ်ခိုင်းစေမှု အခြေအနေကို မီးမောင်းထိုးပြခဲ့ပါတယ်။

ကလေးငယ်တွေကိုအဆိုးဆုံးခိုင်းစေမှုဆိုင်ရာတွေ့ရှိချက်လို့ ခေါင်းစဉ်တပ်ထားတဲ့ နှစ်ပတ်လည်အစီရင်ခံစာထဲမှာ ကလေးတွေကို စစ်တပ်က ပေါ်တာအဖြစ် သုံးတာအပြင် အဝတ်လျှော်၊ သန့်ရှင်း၊ ချက်ပြုတ်၊ စိုက်ပျိုးခိုင်းတာတွေလည်း လုပ်နေတယ်လို့ ဖော်ပြခဲ့ပါတယ်။

စက်တင်ဘာလက ထုတ်ပြန်တဲ့ အစီရင်စာထဲမှာတော့ နိုင်ငံခြားရေးဝန်ကြီးဌာနရဲ့ မြန်မာစီးပွားလုပ်ငန်းအကြံပေးချက်ပါ စီးပွားလုပ်ခွင့်မသာတဲ့အခြေအနေတွေကိုပါ ထည့်သွင်းဖော်ပြထားတယ်လို့ အမေရိကန်အလုပ်သမားဝန်ကြီးဌာန ဒုလက်ထောက်ဝန်ကြီး Thea Mei Lee က ပြောကြားထားပါတယ်။

မြန်မာနိုင်ငံအတွင်း တိုင်းရင်းသားဒေသတချို့နဲ့ စစ်မက်ဖြစ်ပွားနေတဲ့ နေရာတွေမှာ အရပ်သားနဲ့ ကလေးငယ်တွေကို စစ်တပ်ကခေါ်ယူ ခိုင်းစေနေတယ်ဆိုပြီး ဒေသခံတချို့ကလည်း မကြာသေးခင် သီတင်းပတ်အတွင်းက VOA ကို ပြောထားပါတယ်။ ဒီပြောဆိုချက်တွေနဲ့ ပတ်သက်လို့ စစ်ကောင်စီဘက်က ပြန်လည်တုံ့ပြန်တာတော့ မတွေ့ရသေးပါဘူး။

မြန်မာနိုင်ငံမှာ ကိုဗစ် 19 ရောဂါကူးစက်မှုတွေကြား ကျောင်းတွေပိတ်ထားခဲ့ရချိန် ဆိုးရွားလာတဲ့ စီးပွားရေးအခြေအနေတွေကြောင့် အသက်မပြည့်တဲ့ ကလေးငယ်တွေ လုပ်ငန်းခွင်ထဲ ရောက်အောင် တွန်းပို့ခံနေရတယ်လို့လည်း ILO အပြည်ပြည် ဆိုင်ရာ အလုပ်သမား အဖွဲ့ချုပ်ကလည်း ဇွန်လကပဲ ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ ကလေးတသန်းကျော်ဟာ ကလေးလုပ်သားအဖြစ် လုပ်ကိုင်နေကြရပြီး ဒီအထဲက ထက်ဝက်လောက်က အန္တရာယ်ရှိတဲ့လုပ်ငန်းခွင်တွေမှာ နေ့တိုင်း လုပ်နေရတယ်လို့ ILO ကထောက်ပြခဲ့ပါတယ်။

XS
SM
MD
LG