သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာဆိုင်ရာ ကန်သံအမတ် အဆင့်လျှော့ချတော့မယ် 


ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)
ရန်ကုန်မြို့၊ အမေရိကန်သံရုံးရှေ့တွင် ဆန္ဒပြကြသူများ။ (ဖေဖော်ဝါရီ ၁၃၊ ၂၀၂၁)


[[Zawgyi/Unicode]]

အမေရိကန်အနေနဲ့ မြန်မာကို သံအမတ်ကြီးအဆင့်မထားတော့ဘဲ သံရုံးယာယီတာဝန်ခံ အဆင့်လျှော့ချတော့မှာဖြစ်ပါတယ်။

မကြာခင်တာဝန်သက်တမ်းကုန်ဆုံးတော့မယ့် အမေရိကန် သံအမတ်ကြီး Thomas Vajda နေရာမှာ အစားထိုးဖို့ နောက်ထပ်သံအမတ်ကြီးသစ်မပို့ဘဲ ယာယီသံရုံးတာဝန်ခံအဆင့်ပဲထားမယ်လို့ အမေရိကန်သံရုံးနဲ့နီးစပ်တဲ့ အသိုင်းအဝိုင်းက သိရပါတယ်။

လက်ရှိ အမေရိကန်သံရုံး ဒုတိယတာဝန်ခံ Deborah Lynn အနေနဲ့ Charge d’ affaires (ခေါ်) ဒီ ယာယီသံရုံးတာဝန်ခံရာထူးအတွက် လူသစ်မပို့မချင်း တာဝန်ယူရမယ်လို့လည်း သိရပါတယ်။

သမ္မတ Joe Biden အစိုးရအနေနဲ့ အာဏာသိမ်းပြီးတက်လာတဲ့ လက်ရှိမြန်မာ စစ်အစိုးရအပေါ် အသိအမှတ်မပြုကြောင်း အခုလို သံတမန်ရေး အဆင့်လျှော့ချပြီး ပြချင်ပုံရတယ်လို့လည်း အကဲခတ်တွေက သုံးသပ်ကြပါတယ်။ အမေရိကန်နိုင်ငံခြားရေးဌာန Website အရ သံအမတ်ကြီး Vajda ဟာ ၂၀၂၀ ခုနှစ် ဒီဇင်ဘာ ၁၆ ရက်မှာ မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီးတာဝန် ခန့်အပ်ခံရပါတယ်။ ကိုဗစ်ကပ်ရောဂါကြောင့် စစ်အာဏာမသိမ်းခင် ၂၀၂၁ ခုနှစ် ဇန်နဝါရီလကျမှ သူမြန်မာနိုင်ငံကို ရောက်ရှိတာဖြစ်ပါတယ်။

ပုံမှန်အားဖြင့် ဒီ သံအမတ်ကြီးရာထူးသက်တမ်းက ၂ နှစ်တာဝန်ယူရတာမို့ မကြာခင်မှာ သူ့ရဲ့ သံအမတ်ကြီးသက်တမ်း ကုန်ဆုံးမှာဖြစ်ပါတယ်။

၁၉၈၈ အာဏာသိမ်းပြီးနောက်ပိုင်းတုံးကလည်း အမေရိကန်အစိုးရက မြန်မာနိုင်ငံမှာ သံအမတ်ကြီးအဆင့်မထားဘဲ ယာယီသံရုံးတာဝန်ခံအဆင့်နဲ့ နှစ်ပေါင်း ၂၀ ကျော်ကြာ လျှော့ချ ဆက်ဆံခဲ့ပါတယ်။

သမ္မတဦးသိန်းစိန်လက်ထက် အပြောင်းအလဲတွေ စလုပ်တဲ့ မြန်မာနိုင်ငံကို သမ္မတ Barack Obama လာရောက်ခဲ့တဲ့ ၂၀၁၂ ခုနှစ်မှာမှ သံအမတ်ကြီးအဆင့် ပြန်စေလွှတ်ခဲ့ပါတယ်။

မြန်မာနိုင်ငံမှာ စစ်ကောင်စီ ကျင်းပမယ့် လာမယ့်နှစ် ရွေးကောက်ပွဲတွေဟာ လွတ်လပ်မျှတမှာမဟုတ်လို့ မထောက်ခံနိုင်ကြောင်း အမေရိကန် နိုင်ငံခြားရေးဝန်ကြီး Antony Blinken ကပြောထားပါတယ်။

တိုက်ရိုက် လင့်ခ်

=================


[[Unicode]]










XS
SM
MD
LG