[[Zawgyi/Unicode]]
ျပည္ပအၾကမ္းဖက္ဝါဒစြဲအဖြဲ႕အစည္းေတြကို ေစ့ေစ့စပ္စပ္ေစာင့္ၾကည့္ခဲ့တဲ့ အၾကမ္းဖက္မႈတန္ျပန္တိုက္ဖ်က္ေရး အေမရိကန္တာဝန္ရွိသူေတြက အခုေတာ့ အေမရိကန္ ျပည္ေထာင္စုအတြင္းမွာ ေနထိုင္သူေတြရဲ႕ အၾကမ္းဖက္လုပ္ရပ္ေတြ၊ က်ဴးလြန္သြားေစတဲ့ အေတြးအေခၚေတြကို ေဖာ္ထုတ္ႏိုင္ေရး ေျပာင္းလဲအာ႐ုံစိုက္ ေဆာင္႐ြက္ေနၾကပါတယ္။ ႏိုင္ငံအတြက္ ဆက္တိုက္ ၿခိမ္းေျခာက္မႈျဖစ္ေစတဲ့ တိုက္ခိုက္ႏိုင္ေျခရွိသူေတြဟာဆိုရင္ ယုံၾကည္ခ်က္အမ်ိဳးမ်ိဳး၊ ပုဂၢိဳလ္ေရးနာက်ည္းခ်က္ေတြရဲ႕ ေစ့ေဆာ္မႈေၾကာင့္ ျဖစ္လာတဲ့ တဦးတည္း ႀကံစီေဆာင္႐ြက္သူေတြ ဒါမွမဟုတ္လည္း အဖြဲ႕ငယ္ေတြ ျဖစ္တယ္လို႔ ေဖာ္ျပပါတယ္။
နယူးေယာက္ ျပည္နယ္ Buffalo ၿမိဳ႕မွာ ေဈးဝယ္ေနၾကတဲ့ လူမည္း ၁၀ ဦး ေသဆုံးခဲ့ရတဲ့ ၂၀၂၂ ခုႏွစ္ ေမလအတြင္းက လူစုလူေဝးအတြင္း ေသနတ္ပစ္ခတ္မႈလိုတိုက္ခိုက္မႈေတြက သတင္းႀကီးေတြ ျဖစ္ခဲ့ၾကသလို တာဝန္ရွိသူေတြ အာ႐ုံစိုက္လာရတဲ့တဘက္မွာလည္း al-Qaidaa နဲ႔ အစၥလာမၼစ္အစြန္းေရာက္ IS အဖြဲ႕တို႔လို ဂ်ီဟဒ္ အဖြဲ႕ေတြကိုလည္း ေမ့ေပ်ာက္ထားလို႔ မရႏိုင္ဘူးဆိုတာကို အေမရိကန္ အၾကမ္းဖက္မႈ တန္ျပန္တိုက္ဖ်က္ေရး တာဝန္ရွိသူေတြက သတိေပးပါတယ္။
အေမရိကန္ျပည္ေထာင္စုအတြင္းက အေမရိကန္ေတြကို တိုက္ခိုက္လိုၾကတဲ့ ျပည္ပအေျခစိုက္တဲ့ အဲဒီ အဖြဲ႕အစည္းေတြရဲ႕ ၿခိမ္းေျခာက္မႈကိုလည္း အထူး သတိထားေနရဆဲ ျဖစ္ေၾကာင္း အမ်ိဳးသား အၾကမ္းဖက္မႈ တန္ျပန္တိုက္ဖ်က္ေရးဌာန ၫႊန္ၾကားေရးမႉး Christine Abizaid က အဂၤါေန႔တုန္းက က်င္းပတဲ့ Washington Institute for Near East Policy ရဲ႕ အခမ္းအနားတြင္းမွာ ေျပာပါတယ္။ Al-Qaida နဲ႔ ISIS ကို အားက်အတုယူတဲ့ ၿခိမ္းေျခာက္မႈေတြက ရွိေနဆဲျဖစ္ပါတယ္လို႔ သူမက ေျပာပါတယ္။ အေမရိကန္ ျပည္ေထာင္စုနဲ႔ မိတ္ဖက္ေတြရဲ႕ ႏွစ္နဲ႔ခ်ီ အၾကမ္းဖက္မႈ တန္ျပန္တိုက္ဖ်က္ေရး ဖိဖိစီးစီး ေဆာင္႐ြက္မႈေတြေၾကာင့္ ဒီအဖြဲ႕အစည္းေတြရဲ႕ အဓိက ေခါင္းေဆာင္ေတြ ေလ်ာ့ပါးသြားေစခဲ့ပါတယ္။
Islamic State
ၿပီးခဲ့တဲ့ ၁၂ လတာ ကာလအတြင္း ေခါင္းေဆာင္ ၂ ဦး ဆုံးရႈံးခဲ့ရတဲ့ IS အဖြဲ႕က အထူးသျဖင့္ အထိနာခဲ့တာပါ။ ၿပီးခဲ့တဲ့ ေဖေဖာ္ဝါရီလအတြင္း ဆီးရီးယား င္ငံ အေနာက္ေျမာက္ပိုင္းမွာ အေမရိကန္ အထူးတပ္ဖြဲ႕ေတြရဲ႕ စီးနင္းတိုက္ခိုက္မႈအတြင္း Abu Ibrahim al-Hashimi al-Qurashi ေသဆုံးခဲ့ရၿပီး ေအာက္တိုဘာလအတြင္း ဆီးရီးယားလြတ္ေျမာက္ေရးတပ္ရဲ႕ စီးနင္းတိုက္ခိုက္မႈအတြင္းမွာ Abu al-Hassan al-Hashimi al-Qurashi ေသဆုံးတာ ျဖစ္ပါတယ္။ ဒီလူႏွစ္ဦးေသဆုံးခဲ့ရတဲ့လပိုင္းေတြအတြင္း အေမရိကန္နဲ႔ ဆီးရီးယားနဲ႔ အီရတ္ႏိုင္ငံတြင္းက မိတ္ဖက္ေတြ၊ ေနာက္ မဟာမိတ္တူရကီတို႔က IS အဖြဲ႕ရဲ႕ အႀကီးတန္းေခါင္းေဆာင္ ေနာက္ထပ္ ၁၀ ဦးကို ဖမ္းဆီး ဒါမွမဟုတ္လည္း သတ္ျဖတ္ခဲ့ၾကပါတယ္။ ဒါေပမဲ့လည္း IS အဖြဲ႕ အေပၚ အခုလို အႏိုင္ရမႈက IS အဖြဲ႕နဲ႔ သူ႔ရဲ႕ ဆက္စပ္အဖြဲ႕ေတြရဲ႕ စိတ္ဓာတ္ေရးရာအေပၚမွာေတာ့ အနည္းငယ္သာသက္ေရာက္မႈ ရွိခဲ့တာပါ။
IS အဖြဲ႕ဟာ အင္မတန္မွ အင္တိုက္အားတိုက္ ရွိတဲ့ အဖြဲ႕ျဖစ္ၿပီး အီရတ္နဲ႔ ဆီးရီးယားမွာ ဒီအခ်က္နဲ႔ ဆက္လက္ ဦးေဆာင္ေနၿပီး သူတို႔ရဲ႕ ေမွ်ာ္မွန္းခ်က္က နယ္ေျမ တည္တံ့ေရးတင္ မဟုတ္ဘဲ အေနာက္ႏိုင္ငံေတြကို တိုက္ခိုက္ေရး၊ နာမည္ဆိုးတဲ့ ေက်ာ္ၾကားမႈနဲ႔ သူတို႔ အဖြဲ႕ကို တိုးခ်ဲ႕ေရးတို႔ကိုလည္း ေမွ်ာ္မွန္းခ်က္ရွိတယ္လို႔လည္း Abizaid က ေျပာပါတယ္။ အာဖရိကတိုက္တဝန္းမွာ ISIS ရဲ႕ တိုးခ်ဲ႕လာမႈကို ေတြ႕ျမင္ေနရပါတယ္။ အာဖဂန္နစၥတန္ႏိုင္ငံမွာ ISIS-Khorasan ရဲ႕လုပ္ရပ္ေတြနဲ႔ သက္ဆိုက္ရာ နယ္ေျမအျပင္ထိ ေက်ာ္လြန္လာႏိုင္တဲ့ သူတို႔ရဲ႕ ရည္မွန္းခ်က္ေတြကို စိုးရိမ္ေနၾကတာကိုလည္း ေတြ႕ျမင္ေနၾကရပါတယ္လို႔လည္း သူမက ထပ္ေလာင္းေျပာပါတယ္။ IS ရဲ႕ အာဖဂန္ မိတ္ဖက္ အဖြဲ႕ဟာ ဆိုရင္ သူ႔အေနနဲ႔ အစိုးရိမ္ဆုံး ျဖစ္တယ္လို႔ ေျပာေပမဲ့လည္း အာဖဂန္နစၥတန္ကေန ေက်ာ္လြန္ ၿခိမ္းေျခာက္မႈက နီးကပ္လာေနၿပီလားဆိုတာကိုေတာ့ သူမက မေျပာပါဘူး။
Al-Qaida
ၿပီးခဲ့တဲ့ႏွစ္ ၾသဂုတ္လအတြင္း အာဖဂန္နစၥတန္ ႏိုင္ငံ ကာဘူလ္း ၿမိဳ႕ေတာ္မွာ အေမရိကန္ရဲ႕ အေဝးထိန္း ဒ႐ုန္းယာဥ္နဲ႔ တိုက္ခိုက္မႈအတြင္း al-Qaida ရဲ႕ သက္တမ္းရင့္ ေခါင္းေဆာင္ Ayman al-Zawahiri ေသဆုံးခဲ့တာနဲ႔ အတူ အယ္လ္ခိုက္ဒါအဖြဲ႕အတြက္လည္း အထိနာမႈနဲ႔ ႀကဳံရပါတယ္။ Zawahiri ဟာ ဆိုရင္ ဒီကြန္ရက္ႀကီးရဲ႕ အခရာ ျဖစ္ခဲ့ပါတယ္လို႔ Abizaid က ေျပာပါတယ္။ မိတ္ဖက္ ကြန္ရက္ေတြ အမ်ားအျပား အတြက္ မဟာဗ်ဴဟာေျမာက္ အေရးပါမႈအရေရာ သူရဲ႕ ေက်ာ္ေစာမႈအရေရာ အေရးႀကီးသူ ျဖစ္တယ္လို႔လည္း သူမက ေျပာပါတယ္။ သူေသဆုံးၿပီး ၆ လေက်ာ္ ၾကာလာတဲ့ အထိ al-Zawahiri ရဲ႕ ေနရာကို အစားမထိုးေသးဘူးလို႔လည္း မၾကာခင္က ထုတ္တဲ့ အေမရိကန္ ေထာက္လွမ္းေရးရဲ႕ သုံးသပ္ခ်က္က ေဖာ္ျပပါတယ္။
al-Qaida အဖြဲ႕အေနနဲ႔ ကိုယ္တိုင္လည္း အေျဖမထုတ္ရေသးတဲ့ ေမးခြန္းကေတာ့ ဘယ္သူ ဆက္ခံမလဲ ဆိုတာဘဲ ျဖစ္ပါတယ္လို႔ Abizaid က ေျပာပါတယ္။ အသင့္ေတာ္ဆုံးသူေတြကေတာ့ Saif al-Adel နဲ႔ Abdul Rahman al-Maghrebi တို႔ျဖစ္ၿပီး အီရန္မွာ အထိုင္ခ်တာေၾကာင့္ သူတို႔ရဲ႕ စိတ္ခ် ယုံၾကည္ရမႈ၊ ေခါင္းေဆာင္ႏိုင္မႈ အရည္အေသြးေတြအတြက္ ေမးခြန္းထုတ္စရာ ျဖစ္ေနပါတယ္လို႔လည္း သူမက ေျပာပါတယ္။
အာဖဂန္နစၥတန္ အေျခစိုက္ al-Qaida အဖြဲ႕အစည္းတြင္းမွာလည္း ပဲ့ထြက္မႈေတြ ရွိေနၿပီး တာလီဘန္ ဒါမွမဟုတ္လည္း ဟကၠာနီ ကြန္ရက္တို႔ ပုံစံမ်ိဳး ျဖစ္လာေနေၾကာင္း၊ အိႏၵိယ တိုက္ငယ္တြင္းက အယ္လ္ခိုက္ဒါးလို႔ သိၾကတဲ့ မိတ္ဖက္ အဖြဲ႕မွာ ဆိုရင္ အရင္က ႏိုင္ငံတြင္းမွာ တိုက္ခိုက္ေရးသမား ရာခ်ီ ရွိခဲ့ေပမဲ့ အခုေတာ့ ေပ်ာက္ကြယ္သြားၿပီလို႔ Abizaid က ေျပာပါတယ္။ ဒါေပမဲ့လည္း အယ္လ္ခိုက္ဒါးကို အေရးမပါေတာ့ဘူးလို႔ သတ္မွတ္ရင္ေတာ့ အႏၲရာယ္ ရွိတယ္လို႔လည္း သူမက ေျပာပါတယ္။ အာဖဂန္နစၥတန္မွာ အယ္လ္ခိုက္ဒါးဟာ ျပႆနာ တခုအေနနဲ႔ ရွိေနတယ္လို႔လည္း သူမက ေျပာပါတယ္။
Syria
ဆီးရီးယားႏိုင္ငံတြင္းမွာ အယ္လ္ခိုက္ဒါး အႂကြင္းအက်န္ေတြ ရွိေနတဲ့ အေရးကိုလည္း စိုးရိမ္မႈေတြ ရွိပါတယ္။ Hurras al-Din လို႔ သိၾကတဲ့ အဖြဲ႕က အမ်ားဆုံးသိၾကတဲ့အဖြဲ႕ ျဖစ္ပါတယ္။ တိုက္ခိုက္ေရးသမား ၁,၀၀၀ ကေန ၃,၀၀၀ ၾကား ရွိတဲ့ အဲဒီ အဖြဲ႕ရဲ႕ ေခါင္းေဆာင္ေတြကို အေမရိကန္က အရင္က ေလေၾကာင္းကေန ပစ္မွတ္ထား တိုက္ခိုက္ခဲ့ပါတယ္။
သူတို႔ရဲ႕အေရးပါမႈ ျဖစ္တဲ့ တျခားေသာ အယ္လ္ခိုက္ဒါး ကြန္ရက္ေတြနဲ႔ ခ်ိတ္ဆက္မႈတခ်ိဳ႕က အေရးႀကီးတယ္လို႔ယူဆၿပီး Hurras al-Din တည္ရွိမႈမွာ အမွန္တကယ္အေရးႀကီးတဲ့အခ်က္ ျဖစ္တယ္လို႔လည္း Abizaid က ေျပာပါတယ္။ ဆီးရီးယားႏိုင္ငံရဲ႕အေျခအေနဟာဆိုရင္ အယ္လ္ခိုက္ဒါး၊ IS ဒါမွမဟုတ္လည္း တျခားေသာအဖြဲ႕တခ်ိဳ႕အတြက္ အျမတ္ထြက္ေစမယ့္ အၾကမ္းဖက္ဝါဒစြဲလႈပ္ရွားမႈေတြ ျဖစ္လာႏိုင္တဲ့ အခ်က္အခ်ာ ျဖစ္တယ္လို႔လည္း သူမကသတိေပးပါတယ္။ ျပည္တြင္း အိုးအိမ္စြန႔္ခြာထြက္ေျပးရသူေတြရဲ႕ စခန္းေတြမွာ၊ ဆီးရီးယားႏိုင္ငံတဝန္းကအက်ဥ္းေထာင္ေတြမွာ အစြန္းေရာက္သူေတြ အမ်ားအျပားရွိေနၿပီး ဒီကိစၥကို သင့္ေတာ္သလို ကိုင္တြယ္ေဆာင္႐ြက္မႈမရွိဘူးဆိုရင္ေတာ့ ၿခိမ္းေျခာက္မႈအျဖစ္ ေပၚထြက္လာမယ့္ အလားအလာရွိပါတယ္လို႔ Abizaid က ေျပာပါတယ္။
Iran
IS နဲ႔ အယ္လ္ခိုက္ဒါးအျပင္ အေရွ႕အလယ္ပိုင္းနဲ႔ အာဖဂန္နစၥတန္မွာပါ လႈပ္ရွားေနတဲ့ အီရန္နဲ႔ သူ႔ရဲ႕ လက္ေဝခံေတြဟာ အၾကမ္းဖက္ဝါဒစြဲ တိုက္ခိုက္မႈေတြလုပ္ဖို႔ သူတို႔ဆႏၵကို ပိုၿပီး ပြင့္ပြင့္လင္းလင္း ထုတ္ေဖာ္လာေနတယ္လို႔လည္း Abizaid က ေျပာပါတယ္။ ျပည္ပမွာ အၾကမ္းဖက္တိုက္ခိုက္မႈေတြ လုပ္ေရး အီရန္ရဲ႕စိတ္ဝင္စားမႈဟာ သိသိသာသာ ေပၚလြင္လာတဲ့ ျဖစ္ထြန္းမႈေတြထဲကတခု ျဖစ္တယ္လို႔ ေျပာလိုေၾကာင္း NCTC ရဲ႕ ၫႊန္ၾကားေရးမႉးက ေျပာပါတယ္။ Iranian threat network ဟာဆိုရင္ ေဒသတြင္းမွာနဲ႔ ႏိုင္ငံတကာမွာ တိုက္ခိုက္ရမယ့္ ေနရာေတြ ရွာဖို႔ ဆႏၵရွိေနတာကို ေတြ႕ရပါတယ္။ လက္ဘႏြန္ ဟစ္ဇဘိုလာလိုမ်ိဳး အီရန္ရဲ႕ကိုယ္ပြား တခ်ိဳ႕ဟာလည္း ပိုၿပီး အတင့္ရဲလာေနၿပီး ဒါဟာဆိုရင္ တဆင့္ခံ စစ္ပြဲတခုသာ မဟုတ္ေတာ့ဘူးလို႔လည္း Abizaid က သတိေပးပါတယ္။ ဘက္အသီးသီးကို ၿခိမ္းေျခာက္ႏိုင္ေရး သူ႔ရဲ႕ လုပ္ေဆာင္ႏိုင္စြမ္းကို အီရန္က ခ်ဲ႕ထြင္လာေနတယ္လို႔လည္း သူမက ေျပာပါတယ္။
အေမရိကန္ ျပည္ေထာင္စုအတြင္းက အက်ိဳးစီးပြားေတြကို ထိပါးဖို႔ ႀကိဳးစားေနတဲ့ လက္ေတြ႕အေထာက္အထားေတြဟာဆိုရင္ အထူးပဲစိုးရိမ္ဖြယ္ ျဖစ္ေၾကာင္းနဲ႔ အေမရိကန္ အမ်ိဳးသားလုံၿခဳံေရးအႀကံေပးေဟာင္း John Bolton ကို သတ္ျဖတ္ဖို႔ အီရန္ရဲ႕ ႀကံစည္မႈကိုလည္း သူမက ထုတ္ႏုတ္ ေျပာဆိုပါတယ္။ အေမရိကန္ ျပည္ေထာင္စုအတြင္းမွာရွိတဲ့ အီရန္အေရး တက္ႂကြလႈပ္ရွားသူေတြနဲ႔ သတင္းေထာက္ေတြကို ၿခိမ္းေျခာက္တာဟာဆိုရင္လည္း ထပ္ခါတလဲလဲ ျဖစ္ေနၿပီး စိုးရိမ္စရာ ျဖစ္ေၾကာင္းလည္း Abizaid က ေျပာပါတယ္။
===============
[[Unicode]]
အမေရိကန်အတွက် ပြည်တွင်းပြည်ပ အကြမ်းဖက်ဝါဒ အန္တရာယ်
ပြည်ပအကြမ်းဖက်ဝါဒစွဲအဖွဲ့အစည်းတွေကို စေ့စေ့စပ်စပ်စောင့်ကြည့်ခဲ့တဲ့ အကြမ်းဖက်မှုတန်ပြန်တိုက်ဖျက်ရေး အမေရိကန်တာဝန်ရှိသူတွေက အခုတော့ အမေရိကန် ပြည်ထောင်စုအတွင်းမှာ နေထိုင်သူတွေရဲ့ အကြမ်းဖက်လုပ်ရပ်တွေ၊ ကျူးလွန်သွားစေတဲ့ အတွေးအခေါ်တွေကို ဖော်ထုတ်နိုင်ရေး ပြောင်းလဲအာရုံစိုက် ဆောင်ရွက်နေကြပါတယ်။ နိုင်ငံအတွက် ဆက်တိုက် ခြိမ်းခြောက်မှုဖြစ်စေတဲ့ တိုက်ခိုက်နိုင်ခြေရှိသူတွေဟာဆိုရင် ယုံကြည်ချက်အမျိုးမျိုး၊ ပုဂ္ဂိုလ်ရေးနာကျည်းချက်တွေရဲ့ စေ့ဆော်မှုကြောင့် ဖြစ်လာတဲ့ တဦးတည်း ကြံစီဆောင်ရွက်သူတွေ ဒါမှမဟုတ်လည်း အဖွဲ့ငယ်တွေ ဖြစ်တယ်လို့ ဖော်ပြပါတယ်။
နယူးယောက် ပြည်နယ် Buffalo မြို့မှာ ဈေးဝယ်နေကြတဲ့ လူမည်း ၁၀ ဦး သေဆုံးခဲ့ရတဲ့ ၂၀၂၂ ခုနှစ် မေလအတွင်းက လူစုလူဝေးအတွင်း သေနတ်ပစ်ခတ်မှုလိုတိုက်ခိုက်မှုတွေက သတင်းကြီးတွေ ဖြစ်ခဲ့ကြသလို တာဝန်ရှိသူတွေ အာရုံစိုက်လာရတဲ့တဘက်မှာလည်း al-Qaidaa နဲ့ အစ္စလာမ္မစ်အစွန်းရောက် IS အဖွဲ့တို့လို ဂျီဟဒ် အဖွဲ့တွေကိုလည်း မေ့ပျောက်ထားလို့ မရနိုင်ဘူးဆိုတာကို အမေရိကန် အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး တာဝန်ရှိသူတွေက သတိပေးပါတယ်။
အမေရိကန်ပြည်ထောင်စုအတွင်းက အမေရိကန်တွေကို တိုက်ခိုက်လိုကြတဲ့ ပြည်ပအခြေစိုက်တဲ့ အဲဒီ အဖွဲ့အစည်းတွေရဲ့ ခြိမ်းခြောက်မှုကိုလည်း အထူး သတိထားနေရဆဲ ဖြစ်ကြောင်း အမျိုးသား အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေးဌာန ညွှန်ကြားရေးမှူး Christine Abizaid က အင်္ဂါနေ့တုန်းက ကျင်းပတဲ့ Washington Institute for Near East Policy ရဲ့ အခမ်းအနားတွင်းမှာ ပြောပါတယ်။ Al-Qaida နဲ့ ISIS ကို အားကျအတုယူတဲ့ ခြိမ်းခြောက်မှုတွေက ရှိနေဆဲဖြစ်ပါတယ်လို့ သူမက ပြောပါတယ်။ အမေရိကန် ပြည်ထောင်စုနဲ့ မိတ်ဖက်တွေရဲ့ နှစ်နဲ့ချီ အကြမ်းဖက်မှု တန်ပြန်တိုက်ဖျက်ရေး ဖိဖိစီးစီး ဆောင်ရွက်မှုတွေကြောင့် ဒီအဖွဲ့အစည်းတွေရဲ့ အဓိက ခေါင်းဆောင်တွေ လျော့ပါးသွားစေခဲ့ပါတယ်။
Islamic State
ပြီးခဲ့တဲ့ ၁၂ လတာ ကာလအတွင်း ခေါင်းဆောင် ၂ ဦး ဆုံးရှုံးခဲ့ရတဲ့ IS အဖွဲ့က အထူးသဖြင့် အထိနာခဲ့တာပါ။ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလအတွင်း ဆီးရီးယား င်ငံ အနောက်မြောက်ပိုင်းမှာ အမေရိကန် အထူးတပ်ဖွဲ့တွေရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်း Abu Ibrahim al-Hashimi al-Qurashi သေဆုံးခဲ့ရပြီး အောက်တိုဘာလအတွင်း ဆီးရီးယားလွတ်မြောက်ရေးတပ်ရဲ့ စီးနင်းတိုက်ခိုက်မှုအတွင်းမှာ Abu al-Hassan al-Hashimi al-Qurashi သေဆုံးတာ ဖြစ်ပါတယ်။ ဒီလူနှစ်ဦးသေဆုံးခဲ့ရတဲ့လပိုင်းတွေအတွင်း အမေရိကန်နဲ့ ဆီးရီးယားနဲ့ အီရတ်နိုင်ငံတွင်းက မိတ်ဖက်တွေ၊ နောက် မဟာမိတ်တူရကီတို့က IS အဖွဲ့ရဲ့ အကြီးတန်းခေါင်းဆောင် နောက်ထပ် ၁၀ ဦးကို ဖမ်းဆီး ဒါမှမဟုတ်လည်း သတ်ဖြတ်ခဲ့ကြပါတယ်။ ဒါပေမဲ့လည်း IS အဖွဲ့ အပေါ် အခုလို အနိုင်ရမှုက IS အဖွဲ့နဲ့ သူ့ရဲ့ ဆက်စပ်အဖွဲ့တွေရဲ့ စိတ်ဓာတ်ရေးရာအပေါ်မှာတော့ အနည်းငယ်သာသက်ရောက်မှု ရှိခဲ့တာပါ။
IS အဖွဲ့ဟာ အင်မတန်မှ အင်တိုက်အားတိုက် ရှိတဲ့ အဖွဲ့ဖြစ်ပြီး အီရတ်နဲ့ ဆီးရီးယားမှာ ဒီအချက်နဲ့ ဆက်လက် ဦးဆောင်နေပြီး သူတို့ရဲ့ မျှော်မှန်းချက်က နယ်မြေ တည်တံ့ရေးတင် မဟုတ်ဘဲ အနောက်နိုင်ငံတွေကို တိုက်ခိုက်ရေး၊ နာမည်ဆိုးတဲ့ ကျော်ကြားမှုနဲ့ သူတို့ အဖွဲ့ကို တိုးချဲ့ရေးတို့ကိုလည်း မျှော်မှန်းချက်ရှိတယ်လို့လည်း Abizaid က ပြောပါတယ်။ အာဖရိကတိုက်တဝန်းမှာ ISIS ရဲ့ တိုးချဲ့လာမှုကို တွေ့မြင်နေရပါတယ်။ အာဖဂန်နစ္စတန်နိုင်ငံမှာ ISIS-Khorasan ရဲ့လုပ်ရပ်တွေနဲ့ သက်ဆိုက်ရာ နယ်မြေအပြင်ထိ ကျော်လွန်လာနိုင်တဲ့ သူတို့ရဲ့ ရည်မှန်းချက်တွေကို စိုးရိမ်နေကြတာကိုလည်း တွေ့မြင်နေကြရပါတယ်လို့လည်း သူမက ထပ်လောင်းပြောပါတယ်။ IS ရဲ့ အာဖဂန် မိတ်ဖက် အဖွဲ့ဟာ ဆိုရင် သူ့အနေနဲ့ အစိုးရိမ်ဆုံး ဖြစ်တယ်လို့ ပြောပေမဲ့လည်း အာဖဂန်နစ္စတန်ကနေ ကျော်လွန် ခြိမ်းခြောက်မှုက နီးကပ်လာနေပြီလားဆိုတာကိုတော့ သူမက မပြောပါဘူး။
Al-Qaida
ပြီးခဲ့တဲ့နှစ် သြဂုတ်လအတွင်း အာဖဂန်နစ္စတန် နိုင်ငံ ကာဘူလ်း မြို့တော်မှာ အမေရိကန်ရဲ့ အဝေးထိန်း ဒရုန်းယာဉ်နဲ့ တိုက်ခိုက်မှုအတွင်း al-Qaida ရဲ့ သက်တမ်းရင့် ခေါင်းဆောင် Ayman al-Zawahiri သေဆုံးခဲ့တာနဲ့ အတူ အယ်လ်ခိုက်ဒါအဖွဲ့အတွက်လည်း အထိနာမှုနဲ့ ကြုံရပါတယ်။ Zawahiri ဟာ ဆိုရင် ဒီကွန်ရက်ကြီးရဲ့ အခရာ ဖြစ်ခဲ့ပါတယ်လို့ Abizaid က ပြောပါတယ်။ မိတ်ဖက် ကွန်ရက်တွေ အများအပြား အတွက် မဟာဗျူဟာမြောက် အရေးပါမှုအရရော သူရဲ့ ကျော်စောမှုအရရော အရေးကြီးသူ ဖြစ်တယ်လို့လည်း သူမက ပြောပါတယ်။ သူသေဆုံးပြီး ၆ လကျော် ကြာလာတဲ့ အထိ al-Zawahiri ရဲ့ နေရာကို အစားမထိုးသေးဘူးလို့လည်း မကြာခင်က ထုတ်တဲ့ အမေရိကန် ထောက်လှမ်းရေးရဲ့ သုံးသပ်ချက်က ဖော်ပြပါတယ်။
al-Qaida အဖွဲ့အနေနဲ့ ကိုယ်တိုင်လည်း အဖြေမထုတ်ရသေးတဲ့ မေးခွန်းကတော့ ဘယ်သူ ဆက်ခံမလဲ ဆိုတာဘဲ ဖြစ်ပါတယ်လို့ Abizaid က ပြောပါတယ်။ အသင့်တော်ဆုံးသူတွေကတော့ Saif al-Adel နဲ့ Abdul Rahman al-Maghrebi တို့ဖြစ်ပြီး အီရန်မှာ အထိုင်ချတာကြောင့် သူတို့ရဲ့ စိတ်ချ ယုံကြည်ရမှု၊ ခေါင်းဆောင်နိုင်မှု အရည်အသွေးတွေအတွက် မေးခွန်းထုတ်စရာ ဖြစ်နေပါတယ်လို့လည်း သူမက ပြောပါတယ်။
အာဖဂန်နစ္စတန် အခြေစိုက် al-Qaida အဖွဲ့အစည်းတွင်းမှာလည်း ပဲ့ထွက်မှုတွေ ရှိနေပြီး တာလီဘန် ဒါမှမဟုတ်လည်း ဟက္ကာနီ ကွန်ရက်တို့ ပုံစံမျိုး ဖြစ်လာနေကြောင်း၊ အိန္ဒိယ တိုက်ငယ်တွင်းက အယ်လ်ခိုက်ဒါးလို့ သိကြတဲ့ မိတ်ဖက် အဖွဲ့မှာ ဆိုရင် အရင်က နိုင်ငံတွင်းမှာ တိုက်ခိုက်ရေးသမား ရာချီ ရှိခဲ့ပေမဲ့ အခုတော့ ပျောက်ကွယ်သွားပြီလို့ Abizaid က ပြောပါတယ်။ ဒါပေမဲ့လည်း အယ်လ်ခိုက်ဒါးကို အရေးမပါတော့ဘူးလို့ သတ်မှတ်ရင်တော့ အန္တရာယ် ရှိတယ်လို့လည်း သူမက ပြောပါတယ်။ အာဖဂန်နစ္စတန်မှာ အယ်လ်ခိုက်ဒါးဟာ ပြဿနာ တခုအနေနဲ့ ရှိနေတယ်လို့လည်း သူမက ပြောပါတယ်။
Syria
ဆီးရီးယားနိုင်ငံတွင်းမှာ အယ်လ်ခိုက်ဒါး အကြွင်းအကျန်တွေ ရှိနေတဲ့ အရေးကိုလည်း စိုးရိမ်မှုတွေ ရှိပါတယ်။ Hurras al-Din လို့ သိကြတဲ့ အဖွဲ့က အများဆုံးသိကြတဲ့အဖွဲ့ ဖြစ်ပါတယ်။ တိုက်ခိုက်ရေးသမား ၁,၀၀၀ ကနေ ၃,၀၀၀ ကြား ရှိတဲ့ အဲဒီ အဖွဲ့ရဲ့ ခေါင်းဆောင်တွေကို အမေရိကန်က အရင်က လေကြောင်းကနေ ပစ်မှတ်ထား တိုက်ခိုက်ခဲ့ပါတယ်။
သူတို့ရဲ့အရေးပါမှု ဖြစ်တဲ့ တခြားသော အယ်လ်ခိုက်ဒါး ကွန်ရက်တွေနဲ့ ချိတ်ဆက်မှုတချို့က အရေးကြီးတယ်လို့ယူဆပြီး Hurras al-Din တည်ရှိမှုမှာ အမှန်တကယ်အရေးကြီးတဲ့အချက် ဖြစ်တယ်လို့လည်း Abizaid က ပြောပါတယ်။ ဆီးရီးယားနိုင်ငံရဲ့အခြေအနေဟာဆိုရင် အယ်လ်ခိုက်ဒါး၊ IS ဒါမှမဟုတ်လည်း တခြားသောအဖွဲ့တချို့အတွက် အမြတ်ထွက်စေမယ့် အကြမ်းဖက်ဝါဒစွဲလှုပ်ရှားမှုတွေ ဖြစ်လာနိုင်တဲ့ အချက်အချာ ဖြစ်တယ်လို့လည်း သူမကသတိပေးပါတယ်။ ပြည်တွင်း အိုးအိမ်စွန့်ခွာထွက်ပြေးရသူတွေရဲ့ စခန်းတွေမှာ၊ ဆီးရီးယားနိုင်ငံတဝန်းကအကျဉ်းထောင်တွေမှာ အစွန်းရောက်သူတွေ အများအပြားရှိနေပြီး ဒီကိစ္စကို သင့်တော်သလို ကိုင်တွယ်ဆောင်ရွက်မှုမရှိဘူးဆိုရင်တော့ ခြိမ်းခြောက်မှုအဖြစ် ပေါ်ထွက်လာမယ့် အလားအလာရှိပါတယ်လို့ Abizaid က ပြောပါတယ်။
Iran
IS နဲ့ အယ်လ်ခိုက်ဒါးအပြင် အရှေ့အလယ်ပိုင်းနဲ့ အာဖဂန်နစ္စတန်မှာပါ လှုပ်ရှားနေတဲ့ အီရန်နဲ့ သူ့ရဲ့ လက်ဝေခံတွေဟာ အကြမ်းဖက်ဝါဒစွဲ တိုက်ခိုက်မှုတွေလုပ်ဖို့ သူတို့ဆန္ဒကို ပိုပြီး ပွင့်ပွင့်လင်းလင်း ထုတ်ဖော်လာနေတယ်လို့လည်း Abizaid က ပြောပါတယ်။ ပြည်ပမှာ အကြမ်းဖက်တိုက်ခိုက်မှုတွေ လုပ်ရေး အီရန်ရဲ့စိတ်ဝင်စားမှုဟာ သိသိသာသာ ပေါ်လွင်လာတဲ့ ဖြစ်ထွန်းမှုတွေထဲကတခု ဖြစ်တယ်လို့ ပြောလိုကြောင်း NCTC ရဲ့ ညွှန်ကြားရေးမှူးက ပြောပါတယ်။ Iranian threat network ဟာဆိုရင် ဒေသတွင်းမှာနဲ့ နိုင်ငံတကာမှာ တိုက်ခိုက်ရမယ့် နေရာတွေ ရှာဖို့ ဆန္ဒရှိနေတာကို တွေ့ရပါတယ်။ လက်ဘနွန် ဟစ်ဇဘိုလာလိုမျိုး အီရန်ရဲ့ကိုယ်ပွား တချို့ဟာလည်း ပိုပြီး အတင့်ရဲလာနေပြီး ဒါဟာဆိုရင် တဆင့်ခံ စစ်ပွဲတခုသာ မဟုတ်တော့ဘူးလို့လည်း Abizaid က သတိပေးပါတယ်။ ဘက်အသီးသီးကို ခြိမ်းခြောက်နိုင်ရေး သူ့ရဲ့ လုပ်ဆောင်နိုင်စွမ်းကို အီရန်က ချဲ့ထွင်လာနေတယ်လို့လည်း သူမက ပြောပါတယ်။
အမေရိကန် ပြည်ထောင်စုအတွင်းက အကျိုးစီးပွားတွေကို ထိပါးဖို့ ကြိုးစားနေတဲ့ လက်တွေ့အထောက်အထားတွေဟာဆိုရင် အထူးပဲစိုးရိမ်ဖွယ် ဖြစ်ကြောင်းနဲ့ အမေရိကန် အမျိုးသားလုံခြုံရေးအကြံပေးဟောင်း John Bolton ကို သတ်ဖြတ်ဖို့ အီရန်ရဲ့ ကြံစည်မှုကိုလည်း သူမက ထုတ်နုတ် ပြောဆိုပါတယ်။ အမေရိကန် ပြည်ထောင်စုအတွင်းမှာရှိတဲ့ အီရန်အရေး တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းထောက်တွေကို ခြိမ်းခြောက်တာဟာဆိုရင်လည်း ထပ်ခါတလဲလဲ ဖြစ်နေပြီး စိုးရိမ်စရာ ဖြစ်ကြောင်းလည်း Abizaid က ပြောပါတယ်။