သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျမန္မာနဲ႔ ထိုင္းၿဗိတိန္သံ႐ုံးေတြမွာ ကြယ္လြန္သူ ၿဗိတိန္ဘုရင္မႀကီးကို ဂါရဝျပဳ 


ၿဗိတိန္ ဒုတိယေျမာက္အဲလဇၨဘက္ဘုရင္မႀကီးကြယ္လြန္ျခင္း Moment of Reflection (Crd: KU Embassy in Myanmar)

[[Zawgyi/Unicode]]

ကြယ္လြန္သြားတဲ့ ၿဗိတိန္ဘုရင္မႀကီးကို ဂုဏ္ျပဳေအာက္ေမ့ဘြယ္အျဖစ္ ျမန္မာႏိုင္ငံအပါအဝင္ ကမာၻတဝွမ္းမွာရွိတဲ့ ၿဗိတိလွ်သံ႐ုံးေတြမွာ ဒီေန႔မနက္ တမိနစ္ခန္႔ ၿငိမ္သက္ ဂါရဝျပဳ ၾကပါတယ္။

ရန္ကုန္ၿမိဳ႕ ၿဗိတိလွ်သံ႐ုံးမွာ ျမန္မာစံေတာ္ခ်ိန္ မနက္ ၁၀ နာရီ မိနစ္ ၃၀ က တမိနစ္ၿငိမ္သက္ခဲ့ၾကၿပီး ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ ၿဗိတိန္သံ႐ုံးမွာေတာ့ ထိုင္း စံေတာ္ခ်ိန္ မနက္ ၁၀ နာရီမွာ သံ႐ုံး ဝန္ထမ္းေတြ ၿငိမ္သက္ ဂါရဝျပဳၾကပါတယ္။ သံ႐ုံးရဲ႕ Facebook Profile ပုံေတြကို အမဲေရာင္ေတြနဲ႔ အဲလိဇၨဘက္ဘုရင္မႀကီး အထိမ္းအမွတ္ E(Two)R လို႔ ေျပာင္းထားသလို သံ႐ုံးလုပ္ငန္းတာဝန္ေတြကို ရပ္နားၿပီး ပိတ္ထားပါတယ္။

ထိုင္းႏိုင္ငံ ဘန္ေကာက္ၿမိဳ႕ အထင္ကရ မိုးေမွ်ာ္အေဆာက္အဦးတခုျဖစ္တဲ့ Baiyoke Tower အေဆာက္အဦးမွာလည္း ဒီေန႔ တေန႔ကုန္ ဘုရင္မႀကီးရဲ႕႐ုပ္ပုံကို အမွတ္တရ ျပသပါတယ္။ လန္ဒန္မွာက်င္းပတဲ့ ၿဗိတိန္ဘုရင္မႀကီးရဲ႕ စ်ာပနအခမ္းအနားကို ထိုင္းႏိုင္ငံ ႏိုင္ငံျခားသတင္းေထာက္မ်ား အသင္း FCCT မွာ အြန္လိုင္းက တိုက္႐ိုက္ျပသတဲ့ အခမ္းအနားက်င္းပပါတယ္။

ၿဗိတိန္ဘုရင္မႀကီးရဲ႕ စ်ာပနအခမ္းအနားကို UK ႏိုင္ငံဆိုင္ရာ ထိုင္းသံအမတ္ႀကီး တက္ေရာက္ပါတယ္။ တခ်ိန္တည္းမွာ ထိုင္းႏိုင္ငံမွာရွိတဲ့ အစိုးရအေဆာက္အဦးေတြ ၿပီးခဲ့တဲ့ ေသာၾကာေန႔ကစၿပီး မနက္ျဖန္ အဂါၤေန႔အထိ ၿဗိတိန္ဘုရင္မႀကီးအတြက္ ဝမ္းနည္းျခင္းအထိမ္းအမွတ္ အလံတဝက္လႊင့္ဖို႔ ထိုင္း အိမ္ေစာင့္အစိုးရဝန္ႀကီးခ်ဳပ္ Prawit Wongsuwon က ၫႊန္ၾကားထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

မြန်မာနဲ့ ထိုင်းဗြိတိန်သံရုံးတွေမှာ ကွယ်လွန်သူ ဘုရင်မကြီးကို ဂါရဝပြု

ကွယ်လွန်သွားတဲ့ ဗြိတိန်ဘုရင်မကြီးကို ဂုဏ်ပြုအောက်မေ့ဘွယ်အဖြစ် မြန်မာနိုင်ငံအပါအဝင် ကမ္ဘာတဝှမ်းမှာရှိတဲ့ ဗြိတိလျှသံရုံးတွေမှာ ဒီနေ့မနက် တမိနစ်ခန့် ငြိမ်သက် ဂါရဝပြု ကြပါတယ်။

ရန်ကုန်မြို့ ဗြိတိလျှသံရုံးမှာ မြန်မာစံတော်ချိန် မနက် ၁၀ နာရီ မိနစ် ၃၀ က တမိနစ်ငြိမ်သက်ခဲ့ကြပြီး ထိုင်းနိုင်ငံ ဘန်ကောက်မြို့ ဗြိတိန်သံရုံးမှာတော့ ထိုင်း စံတော်ချိန် မနက် ၁၀ နာရီမှာ သံရုံး ဝန်ထမ်းတွေ ငြိမ်သက် ဂါရဝပြုကြပါတယ်။ သံရုံးရဲ့ Facebook Profile ပုံတွေကို အမဲရောင်တွေနဲ့ အဲလိဇ္ဇဘက်ဘုရင်မကြီး အထိမ်းအမှတ် E(Two)R လို့ ပြောင်းထားသလို သံရုံးလုပ်ငန်းတာဝန်တွေကို ရပ်နားပြီး ပိတ်ထားပါတယ်။

ထိုင်းနိုင်ငံ ဘန်ကောက်မြို့ အထင်ကရ မိုးမျှော်အဆောက်အဦးတခုဖြစ်တဲ့ Baiyoke Tower အဆောက်အဦးမှာလည်း ဒီနေ့ တနေ့ကုန် ဘုရင်မကြီးရဲ့ရုပ်ပုံကို အမှတ်တရ ပြသပါတယ်။ လန်ဒန်မှာကျင်းပတဲ့ ဗြိတိန်ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို ထိုင်းနိုင်ငံ နိုင်ငံခြားသတင်းထောက်များ အသင်း FCCT မှာ အွန်လိုင်းက တိုက်ရိုက်ပြသတဲ့ အခမ်းအနားကျင်းပပါတယ်။

ဗြိတိန်ဘုရင်မကြီးရဲ့ ဈာပနအခမ်းအနားကို UK နိုင်ငံဆိုင်ရာ ထိုင်းသံအမတ်ကြီး တက်ရောက်ပါတယ်။ တချိန်တည်းမှာ ထိုင်းနိုင်ငံမှာရှိတဲ့ အစိုးရအဆောက်အဦးတွေ ပြီးခဲ့တဲ့ သောကြာနေ့ကစပြီး မနက်ဖြန် အဂါၤနေ့အထိ ဗြိတိန်ဘုရင်မကြီးအတွက် ဝမ်းနည်းခြင်းအထိမ်းအမှတ် အလံတဝက်လွှင့်ဖို့ ထိုင်း အိမ်စောင့်အစိုးရဝန်ကြီးချုပ် Prawit Wongsuwon က ညွှန်ကြားထားပါတယ်။

XS
SM
MD
LG