သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ၿမိဳ႕ႀကီးေတြမွာ လုယက္ အႏုၾကမ္းစီးမႈေတြ ပိုမ်ားလာ 


တာဝန္က်ျမန္မာ့ရဲတပ္ဖြဲ႔ဝင္မ်ား။ (ယခင္မွတ္တမ္းဓာတ္ပံု)

[[Zawgyi/Unicode]]

ရန္ကုန္ၿမိဳ႕အတြင္း လူစည္ကားတဲ့ ေနရာေတြမွာ ပစၥည္းလုယက္ခံရတာ၊ ေနအိမ္ ထဲမွာ အသတ္ခံရတာနဲ႔ အႏုၾကမ္းစီးခံရတာေတြ အခုေနာက္ပိုင္းမွာ ခပ္စိပ္စိပ္ျဖစ္လာပါတယ္။ ေမွာင္ရီမပ်ိဳးခင္ ေန႔ဘက္ အခ်ိန္ေတြမွာပါ အခုလိုအျဖစ္ေတြ ျဖစ္ေနတာမို႔ ကိုယ္တိုင္လံုျခံဳေရးကို သတိထားေနရတယ္လို႔ ရန္ကုန္ၿမိဳ႕မွာ ေနထိုင္သူေတြက ေျပာပါတယ္။ ရန္ကုန္ၿမိဳ႕မွာလိုပဲ တျခားၿမိဳ႕ႀကီးေတြမွာလည္း လံုျခံဳေရးစိုးရိမ္ေနၾကတဲ့ အေျခအေနအေၾကာင္း ရန္ကုန္ကလာတဲ့သတင္းပို႔ခ်က္ကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ရန္ကုန္၊ ပန္းဘဲတန္းၿမိဳ႕နယ္၊ ၂၆ လမ္း ေအာက္ဘေလာက္မွာရွိတဲ့ အိမ္ေဆာက္ပစၥည္း အေရာင္းဆိုင္တခုမွာ ႏိုဝင္ဘာလ ၂ ရက္၊ ဗုဒၶဟူးေန႔တုန္းက အမ်ိဳးသား ၂ ဦး ဓားထိုးခံရၿပီး ပစၥည္းေတြ လုယက္ခံခဲ့ရပါတယ္။ မ်က္ႏွာ Mask တပ္ထားၿပီး ဦးထုပ္ေဆာင္းထားတဲ့ အမ်ိဳးသား ၃ ဦး ဆိုင္ထဲကို ေရာက္လာၿပီး ဆိုင္ပိုင္ရွင္ အမ်ိဳးသား ၂ ဦးကို ဓားနဲ႔ထိုး၊ ေငြသား သိန္း ၅၀၀ နီးပါးနဲ႔ ဖုန္းသုံးလုံးအပါအဝင္ အိမ္စီးကားကိုပါ ယူသြားတယ္လို႔ ဆိုင္ရွင္ေတြရဲ႕ မိတ္ေဆြတဦးက ေျပာပါတယ္။

"ဘာမွမျဖစ္ဘူး။ သူတို႔အားလုံး သက္သာတယ္။ ဒဏ္ရာ အေျခအေနေလးေတြက ကိုေမာင္ေမာင္ထြန္းကေတာ့ ေလာေလာဆယ္ကေတာ့ မတ္တပ္မရပ္ႏိုင္ေသးဘူး။ ကိုျမင့္ၾကည္ကေတာ့ ေအးေအးေဆးေဆးပဲ။ ကားေတာင္မွ ညေနေလာက္ျပန္ရဖို႔ အစီအစဥ္က မ်ားေနတယ္။ ကားကို ရန္ကင္းမွာ ေတြ႔လိုက္တယ္လို႔ ေျပာတယ္။ ကားလည္း ရဖို႔မ်ားတယ္။"

ဒီျဖစ္စဥ္နဲ႔ပတ္သက္ၿပီး က်ဴးလြန္သူေတြကို အေရးယူဖို႔ အမႈဖြင့္ထားတယ္လို႔လည္း ေျပာပါတယ္။ လူအသြားအလာမ်ားတဲ့ ဘတ္စ္ကားမွတ္တိုင္ေတြမွာ အုပ္စုဖြဲ႔ အႏိုင္က်င့္ၿပီး ပစၥည္းလုယူတာ၊ ေနအိမ္မွာလူမရွိတုန္း ေဖာက္ထြင္းခိုးယူတာနဲ႔ အႏုၾကမ္းစီး ဓားျပတိုက္တာေတြက ရန္ကုန္လို လူဦးေရထူထပ္တဲ့ ၿမိဳ႕ျပမွာ ေန႔စဥ္နီးပါး ႀကဳံေတြ႕ေနရၿပီလို႔ ေဒသခံေတြက ေျပာပါတယ္။

ေအာက္တိုဘာလ ၃၀ ေန႔တုန္းကလည္း မဂၤလာေတာင္ၫြန႔္ ၿမိဳ႕နယ္က ေနအိမ္တအိမ္မွာ ေသဆုံးေနတဲ့ အေလာင္း ၂ ေလာင္းကို ပတ္ဝန္းက်င္က ေတြ႕ရွိခဲ့ပါတယ္။ ေသဆုံးသူ ၂ ဦးကေတာ့ ရန္ကုန္တကၠသိုလ္ ႐ူပေဗဒဌာနက အျငမ္းစားဆရာ ဦးျမင့္ေဝနဲ႔ဇနီးျဖစ္သူ ဆရာမ ေဒၚခင္စန္းတို႔ျဖစ္ၿပီး ဓားဒဏ္ရာေတြနဲ႔ ေသဆုံးေနၾကတာျဖစ္ပါတယ္။ ေသဆုံးသူေတြရဲ႕ ေငြနဲ႔ပစၥည္းတခ်ိဳ႕ကိုလည္း ေပ်ာက္ဆုံးေနတယ္လို႔ ပတ္ဝန္းက်င္မွာ ေနထိုင္သူေတြက ေျပာပါတယ္။

ေနအိမ္မွာလူမရွိခ်ိန္ ပစၥည္းခိုးယူခံရတာမ်ဳိးေတြကိုလည္း ကာယကံရွင္တခ်ိဳ႕က သူတို႔ရဲ႕လူမႈကြန္ယက္ေပၚကေန အသိေပးတာေတြရွိလာေပမယ့္ အမ်ားစုက ရဲကိုအေၾကာင္းၾကားၿပီး အမႈဖြင့္တိုင္ၾကားတာမ်ိဳး မရွိသေလာက္ နည္းလာပါတယ္။

အခုလိုရန္ကုန္ၿမိဳ႕လယ္ေနရာမ်ဳိးမွာပါ တရားဥပေဒစိုးမိုးမႈ မရွိျဖစ္ေနၿပီး ႏိုင္ငံေရးမတည္ၿငိမ္တဲ့ကာလမွာ ကိုယ့္လုံၿခဳံေရးကို ကိုယ့္ဘာသာယူေနရသလို ျဖစ္ေနတယ္လို႔ ေရွ႕ေနတဦးက အခုလို သုံးသပ္ပါတယ္။

“အာဏာသိမ္းၿပီးေနာက္ပိုင္းမွာ က်ေနာ္တို႔ေတြ႕ရသေလာက္အရေတာ့ တရားဥပေဒစိုးမိုးမႈက အဲ့ဒီအခ်ိန္ကေနစၿပီးေတာ့ တရားဥပေဒစိုးမိုးေရးအေျခအေနက က်ေနတာ။ ဆက္တိုက္က်ေနတာ။ လုံၿခဳံေရးက ဘယ္ေလာက္ရွိသလဲဆိုရင္ ကိုယ့္ရဲ႕လုံၿခံဳေရးက ကိုယ့္ဟာကိုယ္ ကာကြယ္ေနရတဲ့ အေျခအေန ျဖစ္ေနတယ္။ ဆိုေတာ့ အဲ့ဒီအေျခအေနအထိ က်ဆင္းေနတယ္။ စိုးမိုးမႈရွိလားဆိုရင္ စိုးမိုးမႈရွိတယ္လို႔ သုံးသပ္လို႔ မရဘူး။ သို႔ေသာ္ သူက ႏိုင္ငံေရးနဲ႔ႏွီးႏြယ္ေနတဲ့ကိစၥေတြပဲ အာ႐ုံစိုက္ေနတယ္။ အဲ့လိုကာကြယ္ေနရတာက တရားဥပေဒစိုးမိုးမႈကို မရွိဘူးဆိုတာကို ျဖစ္ေနတဲ့သေဘာေပါ့ေနာ္။”

စမ္းေခ်ာင္းမွာေနထိုင္တဲ့ အမ်ိဳးသမီးငယ္တဦးကလည္း အျပင္သြားခ်ိန္နဲ႔ ေနအိမ္မွာ တေယာက္တည္းရွိတဲ့ အခ်ိန္ေတြဆို ကိုယ့္ရဲ႕လုံၿခဳံေရးကို ပိုၿပီးဂ႐ုစိုက္ သတိထားေနရတယ္လို႔ ေျပာပါတယ္။

"လက္ဝတ္လက္စားေတြ မဝတ္ရဲတာတို႔၊ အျပင္သြားရင္ ပိုက္ဆံကို လိုသေလာက္ေလးပဲ ယူသြားတာတို႔၊ အဲလိုေလးပဲ ဆင္ျခင္ေနရတယ္။ အဝတ္အစားေတာင္မွ အရမ္းေကာင္းေကာင္းႀကီး မဝတ္ရဲဘူး။ အျပင္သြားရင္ ႏြမ္းႏြမ္းဖတ္ဖတ္ပဲ သြားရတာ။ အိမ္ထဲမွာ တေယာက္တည္းရွိတဲ့အခ်ိန္ေတြဆို တံခါးေတြကို အေရွ႕ေရာ အေနာက္ေရာ ပိတ္ၿပီးေနတယ္။ ညဘက္ေတြဆိုလည္း ဂ႐ုစိုက္ၿပီးေတာ့ ျပတင္းေပါက္ေတြကို ပိတ္ၿပီးအိပ္ရတာမ်ိဳး လုပ္ရတယ္။"

စီးပြားေရးအခ်က္အျခာက်တဲ့ မႏၲေလးၿမိဳ႕မွာလည္း အရင္ကထက္ အႏုၾကမ္းစီးမႈ ခိုးဆိုးလုယက္မႈေတြက ပိုမ်ားလာေနတာပါ။ မႏၲေလးၿမိဳ႕မွာ ကားေမာင္းတဲ့ ကိုငယ္ေလးဆိုသူကေတာ့ သူ စိတ္မလုံၿခဳံခံစားေနရတာေတြကို အခုလိုေျပာျပပါတယ္။

“က်ေနာ္တို႔လည္း ကားမေမာင္းဘဲ နားေနၾကရတာေလ။ အဲ့လိုေၾကာက္ၿပီးေတာ့ လုံၿခဳံမႈမရွိေတာ့ဘူးေပါ့။ အဓိကက လုံၿခံဳမႈမရွိတာ။ က်ေနာ္တို႔ဆိုတာ ဘာမွ အာမခံခ်က္လည္းမရွိဘူး။ အဲ့ဒါေၾကာင့္ တရားဥပေဒ စိုးမိုးေရးက နည္းနည္းေတာ့လိုအပ္တယ္ေပါ့။ အားလုံးအတြက္ ဘယ္လုပ္ငန္းေနေန အသက္အႏၲရာယ္က မလုံၿခံဳဘူးျဖစ္ေနတာ။ ခရီးသည္ကိုလည္း ယုံၾကည္မႈမရွိသလို ခရီးသည္ကလည္း ကိုယ့္ကို ယုံၾကည္မႈမရွိေတာ့ဘူး။ အဲ့လိုေတြျဖစ္ေနတာ။ စိတ္လုံၿခံဳမႈက လုံးဝကိုမရွိေတာ့ဘူး က်ေနာ္တို႔ကားေမာင္းတာ ညေမာင္း ေမာင္းရင္ လုံၿခံဳမႈ မရွိေတာ့ဘူး။”

စစ္တပ္အာဏာသိမ္း အုပ္ခ်ဳပ္ေနတဲ့ ျမန္မာႏိုင္ငံမွာ ျပည္သူအမ်ားစုက လက္နက္ကိုင္လံုျခံဳေရးအဖဲြ႕ေတြအေပၚ အားကိုးမႈ ေလ်ာ့နည္းလာေနတာနဲ႔တခ်ိန္ထဲ လုယက္ ဒုစ႐ိုက္လုပ္သူေတြ ပိုအတင့္ရဲလာပံုရတယ္လို႔ ၿမိဳ႕ခံေတြက ေျပာေနၾကပါတယ္။

တိုက္႐ိုက္ လင့္ခ္

================

[[Unicode]]

မြို့ကြီးတွေမှာ လုယက် အနုကြမ်းစီးမှုတွေ ပိုများလာ

ရန်ကုန်မြို့အတွင်း လူစည်ကားတဲ့ နေရာတွေမှာ ပစ္စည်းလုယက်ခံရတာ၊ နေအိမ် ထဲမှာ အသတ်ခံရတာနဲ့ အနုကြမ်းစီးခံရတာတွေ အခုနောက်ပိုင်းမှာ ခပ်စိပ်စိပ်ဖြစ်လာပါတယ်။ မှောင်ရီမပျိုးခင် နေ့ဘက် အချိန်တွေမှာပါ အခုလိုအဖြစ်တွေ ဖြစ်နေတာမို့ ကိုယ်တိုင်လုံခြုံရေးကို သတိထားနေရတယ်လို့ ရန်ကုန်မြို့မှာ နေထိုင်သူတွေက ပြောပါတယ်။ ရန်ကုန်မြို့မှာလိုပဲ တခြားမြို့ကြီးတွေမှာလည်း လုံခြုံရေးစိုးရိမ်နေကြတဲ့ အခြေအနေအကြောင်း ရန်ကုန်ကလာတဲ့သတင်းပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

ရန်ကုန်၊ ပန်းဘဲတန်းမြို့နယ်၊ ၂၆ လမ်း အောက်ဘလောက်မှာရှိတဲ့ အိမ်ဆောက်ပစ္စည်း အရောင်းဆိုင်တခုမှာ နိုဝင်ဘာလ ၂ ရက်၊ ဗုဒ္ဓဟူးနေ့တုန်းက အမျိုးသား ၂ ဦး ဓားထိုးခံရပြီး ပစ္စည်းတွေ လုယက်ခံခဲ့ရပါတယ်။ မျက်နှာ Mask တပ်ထားပြီး ဦးထုပ်ဆောင်းထားတဲ့ အမျိုးသား ၃ ဦး ဆိုင်ထဲကို ရောက်လာပြီး ဆိုင်ပိုင်ရှင် အမျိုးသား ၂ ဦးကို ဓားနဲ့ထိုး၊ ငွေသား သိန်း ၅၀၀ နီးပါးနဲ့ ဖုန်းသုံးလုံးအပါအဝင် အိမ်စီးကားကိုပါ ယူသွားတယ်လို့ ဆိုင်ရှင်တွေရဲ့ မိတ်ဆွေတဦးက ပြောပါတယ်။

"ဘာမှမဖြစ်ဘူး။ သူတို့အားလုံး သက်သာတယ်။ ဒဏ်ရာ အခြေအနေလေးတွေက ကိုမောင်မောင်ထွန်းကတော့ လောလောဆယ်ကတော့ မတ်တပ်မရပ်နိုင်သေးဘူး။ ကိုမြင့်ကြည်ကတော့ အေးအေးဆေးဆေးပဲ။ ကားတောင်မှ ညနေလောက်ပြန်ရဖို့ အစီအစဉ်က များနေတယ်။ ကားကို ရန်ကင်းမှာ တွေ့လိုက်တယ်လို့ ပြောတယ်။ ကားလည်း ရဖို့များတယ်။"

ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး ကျူးလွန်သူတွေကို အရေးယူဖို့ အမှုဖွင့်ထားတယ်လို့လည်း ပြောပါတယ်။ လူအသွားအလာများတဲ့ ဘတ်စ်ကားမှတ်တိုင်တွေမှာ အုပ်စုဖွဲ့ အနိုင်ကျင့်ပြီး ပစ္စည်းလုယူတာ၊ နေအိမ်မှာလူမရှိတုန်း ဖောက်ထွင်းခိုးယူတာနဲ့ အနုကြမ်းစီး ဓားပြတိုက်တာတွေက ရန်ကုန်လို လူဦးရေထူထပ်တဲ့ မြို့ပြမှာ နေ့စဉ်နီးပါး ကြုံတွေ့နေရပြီလို့ ဒေသခံတွေက ပြောပါတယ်။

အောက်တိုဘာလ ၃၀ နေ့တုန်းကလည်း မင်္ဂလာတောင်ညွန့် မြို့နယ်က နေအိမ်တအိမ်မှာ သေဆုံးနေတဲ့ အလောင်း ၂ လောင်းကို ပတ်ဝန်းကျင်က တွေ့ရှိခဲ့ပါတယ်။ သေဆုံးသူ ၂ ဦးကတော့ ရန်ကုန်တက္ကသိုလ် ရူပဗေဒဌာနက အငြမ်းစားဆရာ ဦးမြင့်ဝေနဲ့ဇနီးဖြစ်သူ ဆရာမ ဒေါ်ခင်စန်းတို့ဖြစ်ပြီး ဓားဒဏ်ရာတွေနဲ့ သေဆုံးနေကြတာဖြစ်ပါတယ်။ သေဆုံးသူတွေရဲ့ ငွေနဲ့ပစ္စည်းတချို့ကိုလည်း ပျောက်ဆုံးနေတယ်လို့ ပတ်ဝန်းကျင်မှာ နေထိုင်သူတွေက ပြောပါတယ်။

နေအိမ်မှာလူမရှိချိန် ပစ္စည်းခိုးယူခံရတာမျိုးတွေကိုလည်း ကာယကံရှင်တချို့က သူတို့ရဲ့လူမှုကွန်ယက်ပေါ်ကနေ အသိပေးတာတွေရှိလာပေမယ့် အများစုက ရဲကိုအကြောင်းကြားပြီး အမှုဖွင့်တိုင်ကြားတာမျိုး မရှိသလောက် နည်းလာပါတယ်။

အခုလိုရန်ကုန်မြို့လယ်နေရာမျိုးမှာပါ တရားဥပဒေစိုးမိုးမှု မရှိဖြစ်နေပြီး နိုင်ငံရေးမတည်ငြိမ်တဲ့ကာလမှာ ကိုယ့်လုံခြုံရေးကို ကိုယ့်ဘာသာယူနေရသလို ဖြစ်နေတယ်လို့ ရှေ့နေတဦးက အခုလို သုံးသပ်ပါတယ်။

“အာဏာသိမ်းပြီးနောက်ပိုင်းမှာ ကျနော်တို့တွေ့ရသလောက်အရတော့ တရားဥပဒေစိုးမိုးမှုက အဲ့ဒီအချိန်ကနေစပြီးတော့ တရားဥပဒေစိုးမိုးရေးအခြေအနေက ကျနေတာ။ ဆက်တိုက်ကျနေတာ။ လုံခြုံရေးက ဘယ်လောက်ရှိသလဲဆိုရင် ကိုယ့်ရဲ့လုံခြုံရေးက ကိုယ့်ဟာကိုယ် ကာကွယ်နေရတဲ့ အခြေအနေ ဖြစ်နေတယ်။ ဆိုတော့ အဲ့ဒီအခြေအနေအထိ ကျဆင်းနေတယ်။ စိုးမိုးမှုရှိလားဆိုရင် စိုးမိုးမှုရှိတယ်လို့ သုံးသပ်လို့ မရဘူး။ သို့သော် သူက နိုင်ငံရေးနဲ့နှီးနွယ်နေတဲ့ကိစ္စတွေပဲ အာရုံစိုက်နေတယ်။ အဲ့လိုကာကွယ်နေရတာက တရားဥပဒေစိုးမိုးမှုကို မရှိဘူးဆိုတာကို ဖြစ်နေတဲ့သဘောပေါ့နော်။”

စမ်းချောင်းမှာနေထိုင်တဲ့ အမျိုးသမီးငယ်တဦးကလည်း အပြင်သွားချိန်နဲ့ နေအိမ်မှာ တယောက်တည်းရှိတဲ့ အချိန်တွေဆို ကိုယ့်ရဲ့လုံခြုံရေးကို ပိုပြီးဂရုစိုက် သတိထားနေရတယ်လို့ ပြောပါတယ်။

"လက်ဝတ်လက်စားတွေ မဝတ်ရဲတာတို့၊ အပြင်သွားရင် ပိုက်ဆံကို လိုသလောက်လေးပဲ ယူသွားတာတို့၊ အဲလိုလေးပဲ ဆင်ခြင်နေရတယ်။ အဝတ်အစားတောင်မှ အရမ်းကောင်းကောင်းကြီး မဝတ်ရဲဘူး။ အပြင်သွားရင် နွမ်းနွမ်းဖတ်ဖတ်ပဲ သွားရတာ။ အိမ်ထဲမှာ တယောက်တည်းရှိတဲ့အချိန်တွေဆို တံခါးတွေကို အရှေ့ရော အနောက်ရော ပိတ်ပြီးနေတယ်။ ညဘက်တွေဆိုလည်း ဂရုစိုက်ပြီးတော့ ပြတင်းပေါက်တွေကို ပိတ်ပြီးအိပ်ရတာမျိုး လုပ်ရတယ်။"

စီးပွားရေးအချက်အခြာကျတဲ့ မန္တလေးမြို့မှာလည်း အရင်ကထက် အနုကြမ်းစီးမှု ခိုးဆိုးလုယက်မှုတွေက ပိုများလာနေတာပါ။ မန္တလေးမြို့မှာ ကားမောင်းတဲ့ ကိုငယ်လေးဆိုသူကတော့ သူ စိတ်မလုံခြုံခံစားနေရတာတွေကို အခုလိုပြောပြပါတယ်။

“ကျနော်တို့လည်း ကားမမောင်းဘဲ နားနေကြရတာလေ။ အဲ့လိုကြောက်ပြီးတော့ လုံခြုံမှုမရှိတော့ဘူးပေါ့။ အဓိကက လုံခြုံမှုမရှိတာ။ ကျနော်တို့ဆိုတာ ဘာမှ အာမခံချက်လည်းမရှိဘူး။ အဲ့ဒါကြောင့် တရားဥပဒေ စိုးမိုးရေးက နည်းနည်းတော့လိုအပ်တယ်ပေါ့။ အားလုံးအတွက် ဘယ်လုပ်ငန်းနေနေ အသက်အန္တရာယ်က မလုံခြုံဘူးဖြစ်နေတာ။ ခရီးသည်ကိုလည်း ယုံကြည်မှုမရှိသလို ခရီးသည်ကလည်း ကိုယ့်ကို ယုံကြည်မှုမရှိတော့ဘူး။ အဲ့လိုတွေဖြစ်နေတာ။ စိတ်လုံခြုံမှုက လုံးဝကိုမရှိတော့ဘူး ကျနော်တို့ကားမောင်းတာ ညမောင်း မောင်းရင် လုံခြုံမှု မရှိတော့ဘူး။”

စစ်တပ်အာဏာသိမ်း အုပ်ချုပ်နေတဲ့ မြန်မာနိုင်ငံမှာ ပြည်သူအများစုက လက်နက်ကိုင်လုံခြုံရေးအဖွဲ့တွေအပေါ် အားကိုးမှု လျော့နည်းလာနေတာနဲ့တချိန်ထဲ လုယက် ဒုစရိုက်လုပ်သူတွေ ပိုအတင့်ရဲလာပုံရတယ်လို့ မြို့ခံတွေက ပြောနေကြပါတယ်။

XS
SM
MD
LG