သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ဦးခင္ရီ ၾကံ႕ခိုင္ေရးပါတီဥကၠ႒သစ္ျဖစ္လာ


ျပည္ေထာင္စုႀကံ့ခုိင္ေရးနဲ႔ဖြံ႔ၿဖိဳးေရးပါတီ တတိယအႀကိမ္ညီလာခံမွာ ပါတီဥကၠ႒သစ္အျဖစ္ ေရြးခ်ယ္ခံရသူ လဝကဝန္ႀကီးေဟာင္း ဦးခင္ရီ။ (ေအာက္တိုဘာ ၅၊ ၂၀၂၂/ ဓာတ္ပံု-Khin Yi's fb )

[[Zawgyi/Unicode]]

ဒီေန႔က်င္းပတဲ့ ျပည္ေထာင္စုႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီညီလာခံမွာ ပါတီဥကၠ႒ေနရာကို စစ္ေကာင္စီလက္ထက္ လူဝင္မႈႀကီးၾကပ္ေရးဝန္ႀကီးတာဝန္ယူခဲ့သူ ဦးခင္ရီကို တရားဝင္ခန႔္အပ္လိုက္ပါတယ္။ ပါတီဝင္ေတြရဲ႕လုံၿခဳံေရးနဲ႔ ပါတီေ႐ြးေကာက္ပြဲေအာင္ႏိုင္ေရးကိုလုပ္ေဆာင္မယ္လို႔ ၾကံ႕ခိုင္ဖြံ႕ၿဖိဳးေရးပါတီဥကၠ႒သစ္က ေျပာၾကားခဲ့ပါတယ္။ ပါတီရဲ႕ဒု ဥကၠ႒သုံးေနရာထဲကတေနရာနဲ႔ အတြင္းေရးမႉးေနရာကိုေတာ့ ေရြးခ်ယ္ျခင္းမရွိေသးဘဲ လစ္လပ္ေနရာအျဖစ္ထားတယ္လို႔ ပါတီဝင္ေတြကေျပာပါတယ္။ ၾကံ႕ခိုင္ဖြံ႕ၿဖိဳးေရးပါတီညီလာခံအေျခအေန ရန္ကုန္ကလာတဲ့သတင္းေပးပို႔ခ်က္ကို မခင္ျဖဴေထြးက တင္ျပေပးထားပါတယ္။

ေနျပည္ေတာ္မွာ ၂ ရက္ က်င္းပေနတဲ့ ျပည္ေထာင္စု ႀကံ့ခိုင္ေရးနဲ႔ ဖြံ႕ၿဖိဳးေရးပါတီ (USDP) တတိယအႀကိမ္ ပါတီညီလာခံ ေနာက္ဆုံးေန႔၊ ဒီေန႔မွာ ပါတီဥကၠ႒သစ္အျဖစ္ ဦးခင္ရီကို ေ႐ြးခ်ယ္လိုက္တာပါ။ ၾကံ႕ခိုင္ဖြံ႕ၿဖိဳးေရးပါတီရဲ႕ ေခါင္းေဆာင္ပိုင္းကို လူေဟာင္းေတြပဲ လႊမ္းမိုးထားဆဲျဖစ္တယ္လို႔ ပါတီဝင္တဦးျဖစ္တဲ့ ဦးလွေဆြက ေျပာပါတယ္။

“ဥကၠ႒က ဦးခင္ရီပါခင္ဗ်ာ။ ဒုဥကၠ႒ေတြကေတာ့ နဂိုလူေတြပါပဲ။ ဦးျမတ္ဟိန္းနဲ႔ ဦးလွထြန္းပါပဲ။ တြဲဖက္အေထြေထြအတြင္းေရးမႈူးကေတာ့ ယခင္ အတြင္းေရးမႉးအဖြဲ႕ထဲက ကိုတင္ေအာင္ခ်စ္။ က်န္တာေတြကေတာ့ အမည္စာရင္းေပးတဲ့ ၉၀ ေက်ာ္မွာ တေယာက္မွမေ႐ြးပါဘူး။ နဂိုလူေဟာင္းေတြခ်ည္းပါပဲ။ ၄၄ေယာက္က နဂိုလူေဟာင္းေတြပဲ။ CEC ေပါ့ေလ။”

ဥကၠ႒သစ္ ျဖစ္လာတဲ့ ဦးခင္ရီဟာ အရင္က ရဲခ်ဳပ္ေဟာင္းနဲ႔ လဝကဝန္ႀကီးေဟာင္းတာဝန္ေတြကို ယူခဲ့သူပါ။ ပါတီဝင္ေတြရဲ႕လုံၿခဳံေရးနဲ႔ ပါတီေ႐ြးေကာက္ပြဲ ေအာင္ႏိုင္ေရးကိုလုပ္ေဆာင္မယ္လို႔ ဥကၠ႒အျဖစ္ မိန္႔ခြန္းမွာ သူက ေျပာသြားတယ္လို႔ ဦးလွေဆြက ေျပာျပပါတယ္။ ပါတီဝင္ေတြရဲ႕ လုံၿခဳံေရးပိုင္းနဲ႔ပတ္သက္လို႔ ဘယ္လိုလုပ္ေဆာင္မလဲဆိုတာကိုေတာ့ အေသးစိတ္မေျပာေပမယ့္ ၿမိဳ႕နယ္ေတြ၊ ေက်း႐ြာေတြမွာ ျပည္သူ႔စစ္အဖြဲ႕ေတြနဲ႔ စစ္ေကာင္စီတပ္ေတြခ်ိတ္ဆက္ၿပီး လုံၿခဳံေရးပိုင္းအတြက္ လုပ္ေဆာင္ဖို႔ရွိေနတယ္လို႔ ေျပာေၾကာင္း ဦးလွေဆြက ျပန္ေျပာပါတယ္။

“ခုက ေနရာတကာ ျပည္သူ႔စစ္ေတြဖြဲ႕ၾကတယ္။ ဖြဲ႕တာမွာ ျပည္သူပါဝင္ေသာျပည္သူ႔အဖြဲ႕ဆိုေပမယ့္ ျပည္သူ႔စစ္ပါပဲ။ ျပည္သူ႔စစ္မွာ အနီေတာ့ မပါဘူး။ ျပည္သူ႔စစ္ကဘယ္သူပါလဲဆိုေတာ့ၾကားလူေတြနဲ႔ အစိမ္းေတြနဲ႔ ဒါေတြက ျပည္သူ႔စစ္ဖြဲ႔ၾကတယ္။ ခု႐ြာေတြမွာဖြဲ႕ထားတဲ့ လုံၿခဳံေရးအဖြဲ႔ေတြက အစိမ္းနဲ႔ အစိမ္းဝန္းရံသူေတြ။ အဲဒါကို တပ္မေတာ္နဲ႔ခ်ိတ္ဆက္ၿပီးေတာ့ လက္နက္ရေရး သင္တန္းေပးဖို႔၊ ဒါေတြေပါ့- ဒါေတြကိုေတာ့ အေသးစိတ္မေျပာသြားဘူး။ မနက္ျဖန္ ၿမိဳ႕နယ္၊ ခ႐ိုင္ ဥကၠ႒ေတြကို သီးျခားေတြ႕ဦးမယ့္သေဘာရွိတယ္။”

ပါတီ ဒုဥကၠ႒သုံးေနရာရွိတဲ့အထဲမွာ ၂ ေနရာကို လက္ရွိ ဒုဥကၠ႒ ႏွစ္ေယာက္ျဖစ္တဲ့ ကာကြယ္ေရး ဦးစီးခ်ဳပ္ (ေလ) ေဟာင္း ဦးျမတ္ဟိန္းနဲ႔ သမၼတ႐ုံးနဲ႔ဘ႑ာေရးဝန္ႀကီးေဟာင္း ဦးလွထြန္းတို႔ပဲ ျပန္အေ႐ြးခံရပါတယ္။ ဒု ဥကၠ႒သုံးေနရာထဲက တေနရာနဲ႔ အတြင္းေရးမႉးေနရာကိုေတာ့ ဒီေန႔ ေရြးခ်ယ္တာ မရွိဘဲ လစ္လပ္အျဖစ္ ထားရွိပါတယ္။

လစ္လပ္ေနတဲ့ေနရာေတြမွာ မၾကာခင္ရက္ပိုင္း စစ္တပ္က အၿငိမ္းစားယူခဲ့တဲ့ စစ္ေရးခ်ဳပ္ေဟာင္း ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းနဲ႔ ကစထမွဴးေဟာင္း ဒုတိယ ဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးတို႔ ျဖစ္လာ လိမ့္မယ္လို႔ ပါတီဝင္ တခ်ဳိ႕က သုံးသပ္ပါတယ္။ ဒါနဲ႔ပတ္သက္လို႔ ဦးလွေဆြက အခုလို ေျပာပါတယ္။

“ဒုဥကၠ႒ ေနာက္တေယာက္ကေတာ့ လစ္လပ္ေနပါေသးတယ္။ အဲဒါ တပ္ကလာမယ္ၾကားတယ္။ ဒီမွာေတာ့မေၾကျငာသြားဘူး။ ေနာက္ အေထြေထြအတြင္းေရးမႉးလည္း လစ္လပ္ေနပါေသးတယ္။ အဲဒါလည္း တပ္က လာမယ္ေျပာတယ္။ တရားဝင္ ေၾကျငာတာေတာ့မရွိဘူး။ သတင္းၾကားတာကေတာ့ ဒုတိယဗိုလ္ခ်ဳပ္ႀကီး မ်ိဳးေဇာ္သိန္းနဲ႔ ဒုတိယဗိုလ္ခ်ဳပ္ႀကီး ေအာင္စိုးလာမယ္ သိထားတယ္။ ဒါကလည္း ဗဟိုကလူေတြေျပာလို႔သိတာပါ။”

USDP ပါတီဟာ သမၼတေဟာင္း ဦးသိန္းစိန္လက္ထက္ NLD ပါတီ ဝင္ေရာက္ယွဥ္ၿပိဳင္ျခင္းမရွိခဲ့တဲ့ ၂၀၁၀ ေ႐ြးေကာက္ပြဲမွာအႏိုင္ရခဲ့ၿပီး အစိုးရဖြဲ႕ႏိုင္ခဲ့တဲ့ပါတီျဖစ္ပါတယ္။ အခု စစ္ေကာင္စီက်င္းပမယ့္ ေရွ႕ႏွစ္ ေရြးေကာက္ပြဲမွာလည္း အရင္ကပုံစံအတိုင္း အစိုးရဖြဲ႕ႏိုင္တဲ့အေျခအေနကို ေရာက္လာႏိုင္တယ္လို႔ ႏိုင္ငံေရးသုံးသပ္သူေတြက တြက္ဆထားပါတယ္။ ပါတီေခါင္းေဆာင္ပိုင္းေတြမွာေတာ့ စစ္တပ္က အၿငိမ္းစားယူလာၾကသူအမ်ားစုနဲ႔ ပါဝင္ဖြဲ႔စည္းထားၿပီး အရပ္သားပါဝင္မႈ နည္းပါတယ္။

ဥကၠ႒သစ္ျဖစ္လာတဲ့ဦးခင္ရီဟာ ၂၀၁၆ ခုႏွစ္ကစလို႔ ၾကံ့ခိုင္ဖြံ႕ၿဖိဳးေရး ပါတီ ဒုတိယ ဥကၠ႒တာဝန္ယူခဲ့ဖူးၿပီး စစ္အာဏာသိမ္းၿပီးေနာက္ပိုင္း လဝကဝန္ႀကီးတာဝန္ ျပန္ယူခဲ့ပါတယ္။ အခု ပါတီညီလာခံ မက်င္းပမီ လပိုင္းအလိုမွာပဲ လဝကဝန္ႀကီးတာဝန္က အနားယူခဲ့တာျဖစ္ပါတယ္။

ဦးခင္ရီ ႀကံ့ခိုင္ေရးပါတီဥကၠ႒သစ္ျဖစ္လာ.mp3
please wait

No media source currently available

0:00 0:04:27 0:00
တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

ဦးခင်ရီ ကြံ့ခိုင်ရေးပါတီဥက္ကဋ္ဌသစ်ဖြစ်လာ

ဒီနေ့ကျင်းပတဲ့ ပြည်ထောင်စုကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီညီလာခံမှာ ပါတီဥက္ကဋ္ဌနေရာကို စစ်ကောင်စီလက်ထက် လူဝင်မှုကြီးကြပ်ရေးဝန်ကြီးတာဝန်ယူခဲ့သူ ဦးခင်ရီကို တရားဝင်ခန့်အပ်လိုက်ပါတယ်။ ပါတီဝင်တွေရဲ့လုံခြုံရေးနဲ့ ပါတီရွေးကောက်ပွဲအောင်နိုင်ရေးကိုလုပ်ဆောင်မယ်လို့ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီဥက္ကဋ္ဌသစ်က ပြောကြားခဲ့ပါတယ်။ ပါတီရဲ့ဒု ဥက္ကဋ္ဌသုံးနေရာထဲကတနေရာနဲ့ အတွင်းရေးမှူးနေရာကိုတော့ ရွေးချယ်ခြင်းမရှိသေးဘဲ လစ်လပ်နေရာအဖြစ်ထားတယ်လို့ ပါတီဝင်တွေကပြောပါတယ်။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီညီလာခံအခြေအနေ ရန်ကုန်ကလာတဲ့သတင်းပေးပို့ချက်ကို မခင်ဖြူထွေးက တင်ပြပေးထားပါတယ်။

နေပြည်တော်မှာ ၂ ရက် ကျင်းပနေတဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနဲ့ ဖွံ့ဖြိုးရေးပါတီ (USDP) တတိယအကြိမ် ပါတီညီလာခံ နောက်ဆုံးနေ့၊ ဒီနေ့မှာ ပါတီဥက္ကဋ္ဌသစ်အဖြစ် ဦးခင်ရီကို ရွေးချယ်လိုက်တာပါ။ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီရဲ့ ခေါင်းဆောင်ပိုင်းကို လူဟောင်းတွေပဲ လွှမ်းမိုးထားဆဲဖြစ်တယ်လို့ ပါတီဝင်တဦးဖြစ်တဲ့ ဦးလှဆွေက ပြောပါတယ်။

“ဥက္ကဋ္ဌက ဦးခင်ရီပါခင်ဗျာ။ ဒုဥက္ကဋ္ဌတွေကတော့ နဂိုလူတွေပါပဲ။ ဦးမြတ်ဟိန်းနဲ့ ဦးလှထွန်းပါပဲ။ တွဲဖက်အထွေထွေအတွင်းရေးမှုူးကတော့ ယခင် အတွင်းရေးမှူးအဖွဲ့ထဲက ကိုတင်အောင်ချစ်။ ကျန်တာတွေကတော့ အမည်စာရင်းပေးတဲ့ ၉၀ ကျော်မှာ တယောက်မှမရွေးပါဘူး။ နဂိုလူဟောင်းတွေချည်းပါပဲ။ ၄၄ယောက်က နဂိုလူဟောင်းတွေပဲ။ CEC ပေါ့လေ။”

ဥက္ကဋ္ဌသစ် ဖြစ်လာတဲ့ ဦးခင်ရီဟာ အရင်က ရဲချုပ်ဟောင်းနဲ့ လဝကဝန်ကြီးဟောင်းတာဝန်တွေကို ယူခဲ့သူပါ။ ပါတီဝင်တွေရဲ့လုံခြုံရေးနဲ့ ပါတီရွေးကောက်ပွဲ အောင်နိုင်ရေးကိုလုပ်ဆောင်မယ်လို့ ဥက္ကဋ္ဌအဖြစ် မိန့်ခွန်းမှာ သူက ပြောသွားတယ်လို့ ဦးလှဆွေက ပြောပြပါတယ်။ ပါတီဝင်တွေရဲ့ လုံခြုံရေးပိုင်းနဲ့ပတ်သက်လို့ ဘယ်လိုလုပ်ဆောင်မလဲဆိုတာကိုတော့ အသေးစိတ်မပြောပေမယ့် မြို့နယ်တွေ၊ ကျေးရွာတွေမှာ ပြည်သူ့စစ်အဖွဲ့တွေနဲ့ စစ်ကောင်စီတပ်တွေချိတ်ဆက်ပြီး လုံခြုံရေးပိုင်းအတွက် လုပ်ဆောင်ဖို့ရှိနေတယ်လို့ ပြောကြောင်း ဦးလှဆွေက ပြန်ပြောပါတယ်။

“ခုက နေရာတကာ ပြည်သူ့စစ်တွေဖွဲ့ကြတယ်။ ဖွဲ့တာမှာ ပြည်သူပါဝင်သောပြည်သူ့အဖွဲ့ဆိုပေမယ့် ပြည်သူ့စစ်ပါပဲ။ ပြည်သူ့စစ်မှာ အနီတော့ မပါဘူး။ ပြည်သူ့စစ်ကဘယ်သူပါလဲဆိုတော့ကြားလူတွေနဲ့ အစိမ်းတွေနဲ့ ဒါတွေက ပြည်သူ့စစ်ဖွဲ့ကြတယ်။ ခုရွာတွေမှာဖွဲ့ထားတဲ့ လုံခြုံရေးအဖွဲ့တွေက အစိမ်းနဲ့ အစိမ်းဝန်းရံသူတွေ။ အဲဒါကို တပ်မတော်နဲ့ချိတ်ဆက်ပြီးတော့ လက်နက်ရရေး သင်တန်းပေးဖို့၊ ဒါတွေပေါ့- ဒါတွေကိုတော့ အသေးစိတ်မပြောသွားဘူး။ မနက်ဖြန် မြို့နယ်၊ ခရိုင် ဥက္ကဋ္ဌတွေကို သီးခြားတွေ့ဦးမယ့်သဘောရှိတယ်။”

ပါတီ ဒုဥက္ကဋ္ဌသုံးနေရာရှိတဲ့အထဲမှာ ၂ နေရာကို လက်ရှိ ဒုဥက္ကဋ္ဌ နှစ်ယောက်ဖြစ်တဲ့ ကာကွယ်ရေး ဦးစီးချုပ် (လေ) ဟောင်း ဦးမြတ်ဟိန်းနဲ့ သမ္မတရုံးနဲ့ဘဏ္ဍာရေးဝန်ကြီးဟောင်း ဦးလှထွန်းတို့ပဲ ပြန်အရွေးခံရပါတယ်။ ဒု ဥက္ကဋ္ဌသုံးနေရာထဲက တနေရာနဲ့ အတွင်းရေးမှူးနေရာကိုတော့ ဒီနေ့ ရွေးချယ်တာ မရှိဘဲ လစ်လပ်အဖြစ် ထားရှိပါတယ်။

လစ်လပ်နေတဲ့နေရာတွေမှာ မကြာခင်ရက်ပိုင်း စစ်တပ်က အငြိမ်းစားယူခဲ့တဲ့ စစ်ရေးချုပ်ဟောင်း ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ ကစထမှူးဟောင်း ဒုတိယ ဗိုလ်ချုပ်ကြီး အောင်စိုးတို့ ဖြစ်လာ လိမ့်မယ်လို့ ပါတီဝင် တချို့က သုံးသပ်ပါတယ်။ ဒါနဲ့ပတ်သက်လို့ ဦးလှဆွေက အခုလို ပြောပါတယ်။

“ဒုဥက္ကဋ္ဌ နောက်တယောက်ကတော့ လစ်လပ်နေပါသေးတယ်။ အဲဒါ တပ်ကလာမယ်ကြားတယ်။ ဒီမှာတော့မကြေငြာသွားဘူး။ နောက် အထွေထွေအတွင်းရေးမှူးလည်း လစ်လပ်နေပါသေးတယ်။ အဲဒါလည်း တပ်က လာမယ်ပြောတယ်။ တရားဝင် ကြေငြာတာတော့မရှိဘူး။ သတင်းကြားတာကတော့ ဒုတိယဗိုလ်ချုပ်ကြီး မျိုးဇော်သိန်းနဲ့ ဒုတိယဗိုလ်ချုပ်ကြီး အောင်စိုးလာမယ် သိထားတယ်။ ဒါကလည်း ဗဟိုကလူတွေပြောလို့သိတာပါ။”

USDP ပါတီဟာ သမ္မတဟောင်း ဦးသိန်းစိန်လက်ထက် NLD ပါတီ ဝင်ရောက်ယှဉ်ပြိုင်ခြင်းမရှိခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲမှာအနိုင်ရခဲ့ပြီး အစိုးရဖွဲ့နိုင်ခဲ့တဲ့ပါတီဖြစ်ပါတယ်။ အခု စစ်ကောင်စီကျင်းပမယ့် ရှေ့နှစ် ရွေးကောက်ပွဲမှာလည်း အရင်ကပုံစံအတိုင်း အစိုးရဖွဲ့နိုင်တဲ့အခြေအနေကို ရောက်လာနိုင်တယ်လို့ နိုင်ငံရေးသုံးသပ်သူတွေက တွက်ဆထားပါတယ်။ ပါတီခေါင်းဆောင်ပိုင်းတွေမှာတော့ စစ်တပ်က အငြိမ်းစားယူလာကြသူအများစုနဲ့ ပါဝင်ဖွဲ့စည်းထားပြီး အရပ်သားပါဝင်မှု နည်းပါတယ်။

ဥက္ကဋ္ဌသစ်ဖြစ်လာတဲ့ဦးခင်ရီဟာ ၂၀၁၆ ခုနှစ်ကစလို့ ကြံ့ခိုင်ဖွံ့ဖြိုးရေး ပါတီ ဒုတိယ ဥက္ကဋ္ဌတာဝန်ယူခဲ့ဖူးပြီး စစ်အာဏာသိမ်းပြီးနောက်ပိုင်း လဝကဝန်ကြီးတာဝန် ပြန်ယူခဲ့ပါတယ်။ အခု ပါတီညီလာခံ မကျင်းပမီ လပိုင်းအလိုမှာပဲ လဝကဝန်ကြီးတာဝန်က အနားယူခဲ့တာဖြစ်ပါတယ်။

XS
SM
MD
LG