သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

ျပည္သူ႔လႊတ္ေတာ္ ဒုဥကၠ႒ ဦးထြန္းထြန္းဟိန္ ေထာင္ဒဏ္ ႏွစ္ ၂၀ ခ်မွတ္ခံရ


U Tun Tun Hein NLD MP

[[Zawgyi/Unicode]]

အမ်ိဳးသား ဒီမိုကေရစီအဖြဲ႔ခ်ဳပ္ NLD အစိုးရလက္ထက္ ျပည္သူ႔လႊတ္ေတာ္ ဒု-ဥကၠ႒ တာဝန္ယူခဲ့သူ ဦးထြန္းထြန္းဟိန္ကို ႏိုင္ငံေတာ္သစၥာေဖာက္မႈ ရာဇသတ္ႀကီး ဥပေဒ ပုဒ္မ ၁၂၂ စြဲခ်က္နဲ႔ အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ အႏွစ္ ၂၀ ခ်မွတ္လိုက္ပါတယ္။

သူဟာ ပုဒ္မ ၅၀၅ (က)၊ (ခ) အမႈေတြအတြက္ ၿပီးခဲ့တဲ့ႏွစ္ကလည္း အလုပ္ၾကမ္းနဲ႔ ေထာင္ဒဏ္ ၄ ႏွစ္ ခ်မွတ္ခံခဲ့ရၿပီး ျဖစ္ပါတယ္။ သူ႔ကို လားရႈိးေထာင္တြင္း တရား႐ုံးကေန ခုလိုအမိန႔္ခ်လိုက္တာျဖစ္ၿပီး အဲဒီအမိန႔္ကို အယူခံဝင္ဖို႔ရွိတယ္လို႔ မိသားစုနဲ႔ နီးစပ္သူတဦးက ေျပာပါတယ္။ ၿပီးခဲ့တဲ့ႏွစ္က ခ်မွတ္ခဲ့တဲ့ ေထာင္ဒဏ္ ၄ ႏွစ္နဲ႔ ဒီကေန႔ခ်မွတ္လိုက္တဲ့ ေထာင္ဒဏ္နဲ႔ေပါင္းရင္ စစ္ေကာင္စီက ဦးထြန္းထြန္းဟိန္ကို ေထာင္ဒဏ္ ၂၄ ႏွစ္တိတိ ထိ ခ်မွတ္ထားၿပီးျဖစ္ပါတယ္။ လက္ရွိမွာ ေ႐ြးေကာက္ပြဲဆိုင္ရာ ပုဒ္မတခုနဲ႔လည္း စစ္ေကာင္စီက ထပ္မံတရားစြဲထားတာမို႔ အဲဒီအမႈအတြက္ ဆက္လက္ တရားရင္ဆိုင္သြားရဖို႔ ရွိပါတယ္။

အသက္ ၇၃ ႏွစ္အ႐ြယ္ ဦးထြန္းထြန္းဟိန္ကို စစ္အာဏာသိမ္းတဲ့၂၀၂၁ ေဖေဖာ္ဝါရီ ၁ ရက္ေန႔မွာ ေနျပည္ေတာ္မွာရွိတဲ့ ျပည္သူ႔လႊတ္ေတာ္ ဒုဥကၠ႒ ေနအိမ္မွာ အက်ယ္ခ်ဳပ္အျဖစ္ ထားခဲ့ၿပီး တပတ္အၾကာမွာ ဇာတိေနရပ္ ရွမ္းျပည္နယ္ ေနာင္ခ်ိဳကို ျပန္ခြင့္ျပဳခဲ့ပါတယ္။ ေနာင္ခ်ိဳ ေရာက္ၿပီး သိပ္မၾကာခင္မွာ ျပန္လည္ဖမ္းဆီးခဲ့ၿပီး လားရႈိးအက်ဥ္းေထာင္ကို႔ပို႔လိုက္ပါတယ္။ ၿပီးေတာ့မွ ေ႐ြးေကာက္ပြဲ ဥပေဒပုဒ္မေတြျဖစ္တဲ့ ပုဒ္မ ၅၀၅-က၊ ပုဒ္မ ၅၀၅-ခ၊ ပုဒ္မ ၁၂၂ တို႔နဲ႔ တရားစြဲဆိုခဲ့တာ ျဖစ္ပါတယ္။

တဆက္တည္းပဲ ႏိုင္ငံေတာ္အတိုင္ပင္ခံ ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတ ဦးဝင္းျမင့္အေပၚ စြဲဆိုထားတဲ့အမႈေတြထဲက ေနာက္ဆုံးက်န္တဲ့ အဂတိလိုက္စားမႈ ၅ မႈကို ဒီကေန႔ ၾကားနာဖို႔ ႐ံုးခ်ိန္ရွိေပမဲ့ သက္ေသေတြမလာတဲ့အတြက္ စစ္ေဆးၾကားနာမႈေတြ မရွိခဲ့ပါဘူး။ မေန႔ကေတာ့ ေဒၚေအာင္ဆန္းစုၾကည္က သူမအေပၚ စြဲခ်က္အားလုံးကို မဟုတ္မမွန္ေၾကာင္း ျငင္းဆိုထြက္ ခ်က္ ေပးခဲ့ပါတယ္။

ကိုဗစ္ကာလအသုံးျပဳဖို႔ ရဟတ္ယာဥ္ ငွားရမ္းတာ၊ ဝယ္ယူတာနဲ႔ ျပဳျပင္တာေတြမွာ အဂတိ လိုက္စားတယ္လို႔ဆိုၿပီး ေဒၚေအာင္ဆန္းစုၾကည္နဲ႔ သမၼတဦးဝင္းျမင့္တို႔ကို အမႈ ၅ မႈနဲ႔ တရားစြဲဆိုထားတာပါ။

အသက္ ၇၇ ႏွစ္ ရွိၿပီျဖစ္တဲ့ ေဒၚေအာင္ဆန္းစုၾကည္အေပၚ ႏိုင္ငံေတာ္ လွ်ိဳ႕ဝွက္ အက္ဥပေဒခ်ိဳးေဖာက္မႈ၊ သဘာဝ ကပ္ေဘးဥပေဒ ခ်ိဳးေဖာက္မႈ၊ ေ႐ြးေကာက္ပြဲ ဥပေဒခ်ိဳးေဖာက္မႈ၊ အဂတိလိုက္စားမႈ စတဲ့ အမႈေပါင္း ၂၀ နီးပါးနဲ႔ တရားစြဲခဲ့ၿပီး လက္ရွိမွာ အမႈေပါင္း ၁၅ မႈ အတြက္ စုစုေပါင္း ေထာင္ဒဏ္ ၂၆ ႏွစ္ ခ်ထားရပါတယ္။ ဒီကေန႔ စစ္ေဆးတဲ့ အဂတိလိုက္စားမႈ အမႈ ၅ မႈက ‌ေနာက္ဆုံး စြဲဆိုထားတဲ့အမႈေတြ ျဖစ္ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=================

[[Unicode]]

ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ ဦးထွန်းထွန်းဟိန် ထောင်ဒဏ် နှစ် ၂၀ ချမှတ်ခံရ

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD အစိုးရလက်ထက် ပြည်သူ့လွှတ်တော် ဒု-ဥက္ကဋ္ဌ တာဝန်ယူခဲ့သူ ဦးထွန်းထွန်းဟိန်ကို နိုင်ငံတော်သစ္စာဖောက်မှု ရာဇသတ်ကြီး ဥပဒေ ပုဒ်မ ၁၂၂ စွဲချက်နဲ့ အလုပ်ကြမ်းနဲ့ ထောင်ဒဏ် အနှစ် ၂၀ ချမှတ်လိုက်ပါတယ်။

သူဟာ ပုဒ်မ ၅၀၅ (က)၊ (ခ) အမှုတွေအတွက် ပြီးခဲ့တဲ့နှစ်ကလည်း အလုပ်ကြမ်းနဲ့ ထောင်ဒဏ် ၄ နှစ် ချမှတ်ခံခဲ့ရပြီး ဖြစ်ပါတယ်။ သူ့ကို လားရှိုးထောင်တွင်း တရားရုံးကနေ ခုလိုအမိန့်ချလိုက်တာဖြစ်ပြီး အဲဒီအမိန့်ကို အယူခံဝင်ဖို့ရှိတယ်လို့ မိသားစုနဲ့ နီးစပ်သူတဦးက ပြောပါတယ်။ ပြီးခဲ့တဲ့နှစ်က ချမှတ်ခဲ့တဲ့ ထောင်ဒဏ် ၄ နှစ်နဲ့ ဒီကနေ့ချမှတ်လိုက်တဲ့ ထောင်ဒဏ်နဲ့ပေါင်းရင် စစ်ကောင်စီက ဦးထွန်းထွန်းဟိန်ကို ထောင်ဒဏ် ၂၄ နှစ်တိတိ ထိ ချမှတ်ထားပြီးဖြစ်ပါတယ်။ လက်ရှိမှာ ရွေးကောက်ပွဲဆိုင်ရာ ပုဒ်မတခုနဲ့လည်း စစ်ကောင်စီက ထပ်မံတရားစွဲထားတာမို့ အဲဒီအမှုအတွက် ဆက်လက် တရားရင်ဆိုင်သွားရဖို့ ရှိပါတယ်။

အသက် ၇၃ နှစ်အရွယ် ဦးထွန်းထွန်းဟိန်ကို စစ်အာဏာသိမ်းတဲ့၂၀၂၁ ဖေဖော်ဝါရီ ၁ ရက်နေ့မှာ နေပြည်တော်မှာရှိတဲ့ ပြည်သူ့လွှတ်တော် ဒုဥက္ကဋ္ဌ နေအိမ်မှာ အကျယ်ချုပ်အဖြစ် ထားခဲ့ပြီး တပတ်အကြာမှာ ဇာတိနေရပ် ရှမ်းပြည်နယ် နောင်ချိုကို ပြန်ခွင့်ပြုခဲ့ပါတယ်။ နောင်ချို ရောက်ပြီး သိပ်မကြာခင်မှာ ပြန်လည်ဖမ်းဆီးခဲ့ပြီး လားရှိုးအကျဉ်းထောင်ကို့ပို့လိုက်ပါတယ်။ ပြီးတော့မှ ရွေးကောက်ပွဲ ဥပဒေပုဒ်မတွေဖြစ်တဲ့ ပုဒ်မ ၅၀၅-က၊ ပုဒ်မ ၅၀၅-ခ၊ ပုဒ်မ ၁၂၂ တို့နဲ့ တရားစွဲဆိုခဲ့တာ ဖြစ်ပါတယ်။

တဆက်တည်းပဲ နိုင်ငံတော်အတိုင်ပင်ခံ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတ ဦးဝင်းမြင့်အပေါ် စွဲဆိုထားတဲ့အမှုတွေထဲက နောက်ဆုံးကျန်တဲ့ အဂတိလိုက်စားမှု ၅ မှုကို ဒီကနေ့ ကြားနာဖို့ ရုံးချိန်ရှိပေမဲ့ သက်သေတွေမလာတဲ့အတွက် စစ်ဆေးကြားနာမှုတွေ မရှိခဲ့ပါဘူး။ မနေ့ကတော့ ဒေါ်အောင်ဆန်းစုကြည်က သူမအပေါ် စွဲချက်အားလုံးကို မဟုတ်မမှန်ကြောင်း ငြင်းဆိုထွက် ချက် ပေးခဲ့ပါတယ်။

ကိုဗစ်ကာလအသုံးပြုဖို့ ရဟတ်ယာဉ် ငှားရမ်းတာ၊ ဝယ်ယူတာနဲ့ ပြုပြင်တာတွေမှာ အဂတိ လိုက်စားတယ်လို့ဆိုပြီး ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတဦးဝင်းမြင့်တို့ကို အမှု ၅ မှုနဲ့ တရားစွဲဆိုထားတာပါ။

အသက် ၇၇ နှစ် ရှိပြီဖြစ်တဲ့ ဒေါ်အောင်ဆန်းစုကြည်အပေါ် နိုင်ငံတော် လျှို့ဝှက် အက်ဥပဒေချိုးဖောက်မှု၊ သဘာဝ ကပ်ဘေးဥပဒေ ချိုးဖောက်မှု၊ ရွေးကောက်ပွဲ ဥပဒေချိုးဖောက်မှု၊ အဂတိလိုက်စားမှု စတဲ့ အမှုပေါင်း ၂၀ နီးပါးနဲ့ တရားစွဲခဲ့ပြီး လက်ရှိမှာ အမှုပေါင်း ၁၅ မှု အတွက် စုစုပေါင်း ထောင်ဒဏ် ၂၆ နှစ် ချထားရပါတယ်။ ဒီကနေ့ စစ်ဆေးတဲ့ အဂတိလိုက်စားမှု အမှု ၅ မှုက ‌နောက်ဆုံး စွဲဆိုထားတဲ့အမှုတွေ ဖြစ်ပါတယ်။

XS
SM
MD
LG