သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အမ်ားနဲ႔သက္ဆိုင္တဲ့ဘဏ္အျဖစ္ေျပာင္းမယ့္ ဧရာဘဏ္ 


ဧရာဝတီဘဏ္ (Crd: Aya Bank FB)


[[Zawgyi/Unicode]]

ျမန္မာႏိုင္ငံကဘဏ္လုပ္ငန္းႀကီးတခုျဖစ္တဲ့ ဧရာဝတီဘဏ္က အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ ကုမၸဏီအျဖစ္ ေျပာင္းလဲေတာ့မွာျဖစ္ပါတယ္။ ကုမၸဏီရဲ႕ အစုရွယ္ယာပိုင္ဆိုင္သူ ၅၀ ေက်ာ္ရင္ အမ်ားျပည္သူနဲ႔သက္ဆိုင္တဲ့ ကုမၸဏီအမ်ဳိးအစားသတ္မွတ္ႏိုင္တဲ့ ျမန္မာႏိုင္ငံဥပေဒအရ ၂၀၁၈ ခုႏွစ္ထဲ ေျပာင္းလဲဖို႔ ေလွ်ာက္ထားခဲ့တာျဖစ္တယ္လို႔ ဧရာဝတီဘဏ္ရဲ႕ ဥပေဒေရးရာအၾကံေပး တရားလႊတ္ေတာ္ေရွ႕ေနဦးမင္းစိန္က ဗီအိုေအျမန္မာပိုင္းကို ေျပာပါတယ္။ ေရွ႕ေနႀကီးဦးမင္းစိန္ကို ကိုဝင္းမင္းဆက္သြယ္ေမးျမန္းထားပါတယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ အဲဒီေတာ့ ဘယ္လိုမ်ဳိးေျပာင္းသြားမလဲ ဆရာေရ႕။ Private ကေန Public ဆိုေတာ့ေလ...ပိုင္ဆုိင္မႈက...

ဦးမင္းစိန္။ ။ ဟုတ္ကဲ့၊ ျမန္မာႏိုင္ငံကုမၸဏီဥပေဒအရ ရွယ္ယာရွင္ ၅၀ ေက်ာ္ရင္ Public (အမ်ားပိုင္) ကုမၸဏီ ေျပာင္းရတယ္။ ၅၀ ေအာက္ဆိုလို႔ရွိရင္ က်ေနာ္တို႔က Public ကုမၸဏီ ေျပာင္းခ်င္ရင္ေျပာင္းလို႔ရတယ္။ Public ကုမၸဏီေျပာင္းခ်င္ရင္ ကုမၸဏီ Registration (မွတ္ပံုတင္) မွာ Public ကုမၸဏီအျဖစ္ေျပာင္းေပးပါ-ဆိုၿပီးေတာ့ ေလွ်ာက္လႊာတင္ရတယ္။ လိုအပ္တဲ့အခ်က္အလက္ေတြေပးရတယ္။ အဲဒါဆိုရင္ သူကေနၿပီးေတာ့ Public ကုမၸဏီအျဖစ္ေျပာင္းသင့္တယ္ဆိုရင္ သူတို႔ကေနၿပီးေတာ့ Public ကုမၸဏီအျဖစ္ေျပာင္းတယ္။ အဲဒါဆိုလို႔ရွိရင္ Shareholder (အစုရွယ္ယာဝင္သူ) ၅၀ ေက်ာ္တဲ့အထိ ရွယ္ယာေရာင္းလို႔ရတာေပါ့။

ကိုဝင္းမင္း။ ။ အခုဟာက MEC ကေနၿပီးေတာ့ ျမန္မာ့စီးပြါးေရးေကာ္ပိုေရးရွင္းေပါ့ေနာ္- run (စီမံ) မယ္ဆိုၿပီးေတာ့လည္း သတင္းတခ်ဳိ႕ထြက္ေနတယ္ေပါ့ေနာ္၊ အဲဒါေလး ရွင္းေအာင္လို႔ပါဆရာ။

ဦးမင္းစိန္။ ။ မဟုတ္ပါဘူးခင္ဗ်ာ၊ အဲဒါ လံုးဝလိမ္တာပါခင္ဗ်။ မဟုတ္ပါဘူး။ အဲဒီသတင္းက သတင္းအမွားႀကီးပါ။ Public ကုမၸဏီဆိုတာ Shareholder ဦးေရကို အကန္႔အသတ္မရွိတာ။ ၅၀ ေက်ာ္လို႔ရွိရင္ Public ကုမၸဏီ က်ေနာ္တို႔ျဖစ္တယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့ ဆရာ။ အဲဒီေတာ့ ဒီေနရာမွာ ဆရာေရ- အခုလို ဘာ့ေၾကာင့္မို႔လို႔ အစုရွယ္ယာေတြကိုလိုခ်င္လို႔လား၊ ဒါမွမဟုတ္ တခုခုရွိလို႔လားေပါ့ေနာ္၊ ဟုတ္ကဲ့ဆရာ။

ဦးမင္းစိန္။ ။ မဟုတ္ဘူးခင္ဗ်။ ကုမၸဏီခ်ဲ့ခ်င္တယ္ဆိုလုိ႔ရွိရင္ ဥပမာရွိတဲ့လူေတြနဲ႔ Capital (အရင္းအႏီွး) လုိအပ္သေလာက္မထည့္ႏုိင္ဘူးဆိုလို႔ရွိရင္ အစုရွယ္ယာရွင္ပိုေခၚတာေပါ့။ ကုမၸဏီက လုပ္ငန္းေကာင္းတယ္ဗ်ာ၊ ကုမၸဏီလုပ္ငန္းေကာင္းတယ္ဆိုလို႔ရွိရင္ ဒီကုမၸဏီမွာ ရွယ္ယာဝယ္ခ်င္တဲ့သူေတြရွိတယ္။ အဲဒါဆိုလို႔ရွိရင္ ရွယ္ယာရွင္ ၅၀ ေက်ာ္ ေခၚတာေပါ့။ အဲဒါပါပဲ။ အဲလိုခ်ဲ႕ဖို႔ပါပဲ။

ကိုဝင္းမင္း။ ။ ဆိုလိုတာကေတာ့ ဒီ ကုမၸဏီခ်ဲ႕ဖို႔အတြက္ပဲေပါ့ေနာ္။ ဆရာတို႔ အခုလိုမ်ဳိး ျပင္ဆင္လာတဲ့သေဘာရွိလား၊ ဒါမွမဟုတ္ ႐ုတ္တရက္ ထလုပ္လုိက္တာလားေပါ့ေနာ္- ဟုတ္ကဲ့ ဆရာေရ႕။

ဦးမင္းစိန္။ ။ ၾကာပါၿပီ။ ၂၀၁၇-၂၀၁၈ ေလာက္ကတည္းက ႀကိဳေလွ်ာက္ထားရတာပါ။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့။ ဆိုလိုတာကေတာ့ အခုမွ ခြင့္ျပဳခ်က္ရတဲ့သေဘာေပါ့ေနာ္။

ဦးမင္းစိန္။ ။ ဟုတ္ကဲ့၊ အခုက်ေတာ့မွ က်ေနာ္တို႔ အမ်ားသိေအာင္ သတင္းစာထဲမွာလည္း ေၾကာ္ျငာၿပီးပါၿပီ။ ဒါက ျပန္တမ္းမွာ ေၾကာ္ျငာတာခင္ဗ်။ ျပန္တမ္းမွာလည္းထည့္ရတယ္။ ဒီကုမၸဏီဥပေဒအရ ဟုတ္ကဲ့၊ အမ်ားသိေအာင္ေပါ့။ ဟုတ္ကဲ့။

ကိုဝင္းမင္း။ ။ အခုလို လုပ္ငန္းတုိးခ်ဲ႕ဖို႔အတြက္ အစုရွယ္ယာဝင္ ၅၀ ေက်ာ္ ကိုေပါ့ေနာ္ ေရာင္းတာအျပင္ကိုေရာ တျခားစဥ္းစားခ်က္ရွိေသးလား ဆရာ့။ လုပ္ရျခင္းအေၾကာင္းရင္းေပါ့ေနာ္။

ဦးမင္းစိန္။ ။ မရွိဘူးခင္ဗ်။ ဒီလုပ္ငန္းပဲ။

ကိုဝင္းမင္း။ ။ တခ်ဳိ႕ကလည္း ဒီ ဘဏ္လုပ္ငန္းေတြ အၾကပ္အတည္းႀကံဳေနရတယ္ေပါ့ေနာ္- ရွင္သန္ေအာင္မနည္း႐ုန္းကန္ေနရေတာ့ အခုလိုမ်ဳိး ရွယ္ယာေတြ ေရာင္းခ်လုိက္ျခင္းအားျဖင့္ ဒီအေပၚမွာ သက္သာရာ တစံုတရာရႏိုင္တယ္ေပါ့ေနာ္။ အဲလိုလည္း သံုးသပ္တဲ့သူေတြရွိၿပီးေတာ့ တကယ္တန္း ဒီရွယ္ယာေတြ ဝယ္ပါ့မလားဆိုၿပီးေတာ့ စိုးရိမ္တဲ့သူေတြလည္း ရွိတယ္ေပါ့ဆရာ ေနာ္။ ဘဏ္လုပ္ငန္းကၽြမ္းက်င္သူတခ်ဳိ႕...

ဦးမင္းစိန္။ ။ မဟုတ္ဘူး၊ အဲဒါက ဝယ္ခ်င္ဝယ္၊ မဝယ္ခ်င္ေနေလ။ က်ေနာ္တို႔က ဝယ္ခ်င္တဲ့လူရွိရင္ေရာင္းမယ္ဗ်ာ၊ ကုမၸဏီအေနနဲ႔ ဒီကုမၸဏီမွ မဟုတ္ဘူး။ ဘယ္ကုမၸဏီမဆို ဝယ္ခ်င္တဲ့သူရွိရင္ေရာင္းမယ္။ ဝယ္တာမဝယ္တာက သူတို႔ အလုပ္။ Public ကုမၸဏီဆိုေပမဲ့လို႔ ဘယ္သူ႔ကိုရွယ္ယာေရာင္းမယ္ဆိုတာကို က်ေနာ္တုိ႔က စိစစ္လို႔ရတယ္။ ေရာင္းခ်င္တဲ့သူကိုပဲ က်ေနာ္တုိ႔က ေရာင္းတယ္။ ဘာျဖစ္လို႔လဲဆိုေတာ့ က်ေနာ္တို႔က Business ကုမၸဏီမဟုတ္ဘူး။ Public ကုမၸဏီပဲ။ ဆိုလိုတာက Money Laundry (ေငြမဲကိုေငြျဖဴလုပ္တဲ့ ေငြေၾကးခဝါခ်တာ) လုပ္တဲ့သူေတြ၊ ေနာက္တခါ ရာဇဝတ္မႈက်ဴးလြန္တဲ့သူေတြ ဒီလိုလူေတြကို က်ေနာ္တို႔က ရွယ္ယာ ေရာင္းခ်င္မွေရာင္းမယ္။ ဒါေပမဲ့ ဆိုလိုတာက Capital လိုလာတယ္ဆိုရင္ က်ေနာ္တို႔က ရွယ္ယာပိုေရာင္းမယ္။

ကိုဝင္းမင္း။ ။ ဟုတ္ကဲ့၊ ေက်းဇူးပါဆရာ။

ဧရာဝတီဘဏ္ရဲ႕ ဥပေဒေရးရာအၾကံေပး တရားလႊတ္ေတာ္ေရွ႕ေနဦးမင္းစိန္ကို ကိုဝင္းမင္း ဆက္သြယ္ေမးျမန္းခဲ့တာပါ။ ဧရာဝတီဘဏ္ကို စီးပြားေရးလုပ္ငန္းရွင္ ဦးေဇာ္ေဇာ္က လက္ရွိ ရွယ္ယာအမ်ားဆံုး ပိုင္ဆိုင္ထားတာျဖစ္ပါတယ္။ ဘဏ္ရဲ႕ တရားဝင္ ေဖာ္ျပခ်က္ေတြအရ ဦးေဇာ္ေဇာ္က အစုရွယ္ရာအမ်ားဆံုးနဲ႔ ၇၄%၊ ဇနီး ေဒၚေဌးေဌးခုိင္က ဒုတိယအမ်ားဆံုး ၁၂.၁၄%၊ ဦးေလးျဖစ္သူ ဦးစိုးတင့္နဲ႔ အကိုဦးအုန္းေက်ာ္တို႔က ၄.၅၀ % စီပိုင္ကာ၊ တျခားသူတခ်ဳိ႕က ရွယ္ယာအနည္းငယ္ပိုင္ဆိုင္ထားပါတယ္။

တိုက္႐ိုက္ လင့္ခ္

===============

[[Unicode]]

အများနဲ့သက်ဆိုင်တဲ့ဘဏ်အဖြစ်ပြောင်းမယ့် ဧရာဘဏ်

မြန်မာနိုင်ငံကဘဏ်လုပ်ငန်းကြီးတခုဖြစ်တဲ့ ဧရာဝတီဘဏ်က အများပြည်သူနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအဖြစ် ပြောင်းလဲတော့မှာဖြစ်ပါတယ်။ ကုမ္ပဏီရဲ့ အစုရှယ်ယာပိုင်ဆိုင်သူ ၅၀ ကျော်ရင် အများပြည်သူနဲ့သက်ဆိုင်တဲ့ ကုမ္ပဏီအမျိုးအစားသတ်မှတ်နိုင်တဲ့ မြန်မာနိုင်ငံဥပဒေအရ ၂၀၁၈ ခုနှစ်ထဲ ပြောင်းလဲဖို့ လျှောက်ထားခဲ့တာဖြစ်တယ်လို့ ဧရာဝတီဘဏ်ရဲ့ ဥပဒေရေးရာအကြံပေး တရားလွှတ်တော်ရှေ့နေဦးမင်းစိန်က ဗီအိုအေမြန်မာပိုင်းကို ပြောပါတယ်။ ရှေ့နေကြီးဦးမင်းစိန်ကို ကိုဝင်းမင်းဆက်သွယ်မေးမြန်းထားပါတယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ အဲဒီတော့ ဘယ်လိုမျိုးပြောင်းသွားမလဲ ဆရာရေ့။ Private ကနေ Public ဆိုတော့လေ...ပိုင်ဆိုင်မှုက...

ဦးမင်းစိန်။ ။ ဟုတ်ကဲ့၊ မြန်မာနိုင်ငံကုမ္ပဏီဥပဒေအရ ရှယ်ယာရှင် ၅၀ ကျော်ရင် Public (အများပိုင်) ကုမ္ပဏီ ပြောင်းရတယ်။ ၅၀ အောက်ဆိုလို့ရှိရင် ကျနော်တို့က Public ကုမ္ပဏီ ပြောင်းချင်ရင်ပြောင်းလို့ရတယ်။ Public ကုမ္ပဏီပြောင်းချင်ရင် ကုမ္ပဏီ Registration (မှတ်ပုံတင်) မှာ Public ကုမ္ပဏီအဖြစ်ပြောင်းပေးပါ-ဆိုပြီးတော့ လျှောက်လွှာတင်ရတယ်။ လိုအပ်တဲ့အချက်အလက်တွေပေးရတယ်။ အဲဒါဆိုရင် သူကနေပြီးတော့ Public ကုမ္ပဏီအဖြစ်ပြောင်းသင့်တယ်ဆိုရင် သူတို့ကနေပြီးတော့ Public ကုမ္ပဏီအဖြစ်ပြောင်းတယ်။ အဲဒါဆိုလို့ရှိရင် Shareholder (အစုရှယ်ယာဝင်သူ) ၅၀ ကျော်တဲ့အထိ ရှယ်ယာရောင်းလို့ရတာပေါ့။

ကိုဝင်းမင်း။ ။ အခုဟာက MEC ကနေပြီးတော့ မြန်မာ့စီးပွါးရေးကော်ပိုရေးရှင်းပေါ့နော်- run (စီမံ) မယ်ဆိုပြီးတော့လည်း သတင်းတချို့ထွက်နေတယ်ပေါ့နော်၊ အဲဒါလေး ရှင်းအောင်လို့ပါဆရာ။

ဦးမင်းစိန်။ ။ မဟုတ်ပါဘူးခင်ဗျာ၊ အဲဒါ လုံးဝလိမ်တာပါခင်ဗျ။ မဟုတ်ပါဘူး။ အဲဒီသတင်းက သတင်းအမှားကြီးပါ။ Public ကုမ္ပဏီဆိုတာ Shareholder ဦးရေကို အကန့်အသတ်မရှိတာ။ ၅၀ ကျော်လို့ရှိရင် Public ကုမ္ပဏီ ကျနော်တို့ဖြစ်တယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့ ဆရာ။ အဲဒီတော့ ဒီနေရာမှာ ဆရာရေ- အခုလို ဘာ့ကြောင့်မို့လို့ အစုရှယ်ယာတွေကိုလိုချင်လို့လား၊ ဒါမှမဟုတ် တခုခုရှိလို့လားပေါ့နော်၊ ဟုတ်ကဲ့ဆရာ။

ဦးမင်းစိန်။ ။ မဟုတ်ဘူးခင်ဗျ။ ကုမ္ပဏီချဲ့ချင်တယ်ဆိုလို့ရှိရင် ဥပမာရှိတဲ့လူတွေနဲ့ Capital (အရင်းအနှီး) လိုအပ်သလောက်မထည့်နိုင်ဘူးဆိုလို့ရှိရင် အစုရှယ်ယာရှင်ပိုခေါ်တာပေါ့။ ကုမ္ပဏီက လုပ်ငန်းကောင်းတယ်ဗျာ၊ ကုမ္ပဏီလုပ်ငန်းကောင်းတယ်ဆိုလို့ရှိရင် ဒီကုမ္ပဏီမှာ ရှယ်ယာဝယ်ချင်တဲ့သူတွေရှိတယ်။ အဲဒါဆိုလို့ရှိရင် ရှယ်ယာရှင် ၅၀ ကျော် ခေါ်တာပေါ့။ အဲဒါပါပဲ။ အဲလိုချဲ့ဖို့ပါပဲ။

ကိုဝင်းမင်း။ ။ ဆိုလိုတာကတော့ ဒီ ကုမ္ပဏီချဲ့ဖို့အတွက်ပဲပေါ့နော်။ ဆရာတို့ အခုလိုမျိုး ပြင်ဆင်လာတဲ့သဘောရှိလား၊ ဒါမှမဟုတ် ရုတ်တရက် ထလုပ်လိုက်တာလားပေါ့နော်- ဟုတ်ကဲ့ ဆရာရေ့။

ဦးမင်းစိန်။ ။ ကြာပါပြီ။ ၂၀၁၇-၂၀၁၈ လောက်ကတည်းက ကြိုလျှောက်ထားရတာပါ။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့။ ဆိုလိုတာကတော့ အခုမှ ခွင့်ပြုချက်ရတဲ့သဘောပေါ့နော်။

ဦးမင်းစိန်။ ။ ဟုတ်ကဲ့၊ အခုကျတော့မှ ကျနော်တို့ အများသိအောင် သတင်းစာထဲမှာလည်း ကြော်ငြာပြီးပါပြီ။ ဒါက ပြန်တမ်းမှာ ကြော်ငြာတာခင်ဗျ။ ပြန်တမ်းမှာလည်းထည့်ရတယ်။ ဒီကုမ္ပဏီဥပဒေအရ ဟုတ်ကဲ့၊ အများသိအောင်ပေါ့။ ဟုတ်ကဲ့။

ကိုဝင်းမင်း။ ။ အခုလို လုပ်ငန်းတိုးချဲ့ဖို့အတွက် အစုရှယ်ယာဝင် ၅၀ ကျော် ကိုပေါ့နော် ရောင်းတာအပြင်ကိုရော တခြားစဉ်းစားချက်ရှိသေးလား ဆရာ့။ လုပ်ရခြင်းအကြောင်းရင်းပေါ့နော်။

ဦးမင်းစိန်။ ။ မရှိဘူးခင်ဗျ။ ဒီလုပ်ငန်းပဲ။

ကိုဝင်းမင်း။ ။ တချို့ကလည်း ဒီ ဘဏ်လုပ်ငန်းတွေ အကြပ်အတည်းကြုံနေရတယ်ပေါ့နော်- ရှင်သန်အောင်မနည်းရုန်းကန်နေရတော့ အခုလိုမျိုး ရှယ်ယာတွေ ရောင်းချလိုက်ခြင်းအားဖြင့် ဒီအပေါ်မှာ သက်သာရာ တစုံတရာရနိုင်တယ်ပေါ့နော်။ အဲလိုလည်း သုံးသပ်တဲ့သူတွေရှိပြီးတော့ တကယ်တန်း ဒီရှယ်ယာတွေ ဝယ်ပါ့မလားဆိုပြီးတော့ စိုးရိမ်တဲ့သူတွေလည်း ရှိတယ်ပေါ့ဆရာ နော်။ ဘဏ်လုပ်ငန်းကျွမ်းကျင်သူတချို့...

ဦးမင်းစိန်။ ။ မဟုတ်ဘူး၊ အဲဒါက ဝယ်ချင်ဝယ်၊ မဝယ်ချင်နေလေ။ ကျနော်တို့က ဝယ်ချင်တဲ့လူရှိရင်ရောင်းမယ်ဗျာ၊ ကုမ္ပဏီအနေနဲ့ ဒီကုမ္ပဏီမှ မဟုတ်ဘူး။ ဘယ်ကုမ္ပဏီမဆို ဝယ်ချင်တဲ့သူရှိရင်ရောင်းမယ်။ ဝယ်တာမဝယ်တာက သူတို့ အလုပ်။ Public ကုမ္ပဏီဆိုပေမဲ့လို့ ဘယ်သူ့ကိုရှယ်ယာရောင်းမယ်ဆိုတာကို ကျနော်တို့က စိစစ်လို့ရတယ်။ ရောင်းချင်တဲ့သူကိုပဲ ကျနော်တို့က ရောင်းတယ်။ ဘာဖြစ်လို့လဲဆိုတော့ ကျနော်တို့က Business ကုမ္ပဏီမဟုတ်ဘူး။ Public ကုမ္ပဏီပဲ။ ဆိုလိုတာက Money Laundry (ငွေမဲကိုငွေဖြူလုပ်တဲ့ ငွေကြေးခဝါချတာ) လုပ်တဲ့သူတွေ၊ နောက်တခါ ရာဇဝတ်မှုကျူးလွန်တဲ့သူတွေ ဒီလိုလူတွေကို ကျနော်တို့က ရှယ်ယာ ရောင်းချင်မှရောင်းမယ်။ ဒါပေမဲ့ ဆိုလိုတာက Capital လိုလာတယ်ဆိုရင် ကျနော်တို့က ရှယ်ယာပိုရောင်းမယ်။

ကိုဝင်းမင်း။ ။ ဟုတ်ကဲ့၊ ကျေးဇူးပါဆရာ။

ဧရာဝတီဘဏ်ရဲ့ ဥပဒေရေးရာအကြံပေး တရားလွှတ်တော်ရှေ့နေဦးမင်းစိန်ကို ကိုဝင်းမင်း ဆက်သွယ်မေးမြန်းခဲ့တာပါ။ ဧရာဝတီဘဏ်ကို စီးပွားရေးလုပ်ငန်းရှင် ဦးဇော်ဇော်က လက်ရှိ ရှယ်ယာအများဆုံး ပိုင်ဆိုင်ထားတာဖြစ်ပါတယ်။ ဘဏ်ရဲ့ တရားဝင် ဖော်ပြချက်တွေအရ ဦးဇော်ဇော်က အစုရှယ်ရာအများဆုံးနဲ့ ၇၄%၊ ဇနီး ဒေါ်ဌေးဌေးခိုင်က ဒုတိယအများဆုံး ၁၂.၁၄%၊ ဦးလေးဖြစ်သူ ဦးစိုးတင့်နဲ့ အကိုဦးအုန်းကျော်တို့က ၄.၅၀ % စီပိုင်ကာ၊ တခြားသူတချို့က ရှယ်ယာအနည်းငယ်ပိုင်ဆိုင်ထားပါတယ်။

XS
SM
MD
LG