သံုးရလြယ္ကူေစသည့္ Link မ်ား

ေနာက္ဆုံးရသတင္း

အခြန္ေလွ်ာ့ခ်ေရးအစီအစဥ္ ဆက္လုပ္မယ္လို႔ ၿဗိတိန္ဝန္ႀကီးခ်ဳပ္ ကတိျပဳ 


ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Liz Truss 

[[Zawgyi/Unicode]]

ၿဗိတိန္ဝန္ႀကီးခ်ဳပ္ Liz Truss က သူအဆိုျပဳထားတဲ့ အခြန္ေလွ်ာ့ခ်ေရးအစီအစဥ္ေတြေၾကာင့္ အစပိုင္းမွာ အခက္အခဲေတြရွိႏိုင္ေပမယ့္ ပိုၿပီးခ်မ္းသာႂကြယ္ဝတဲ့၊ ပိုမို ထိေရာက္အက်ဳိးရွိတဲ့အနာဂတ္ကို ေဖာ္ေဆာင္ေပးမွာျဖစ္တဲ့အတြက္ ၾကံ့ၾကံ့ခံၿပီး ေက်ာ္လႊားေပးၾကဖို႔ ဒီကေန႔ က်င္းပတဲ့ ကြန္ဆာေဗးတစ္ပါတီ ညီလာခံမွာ ေျပာၾကားလိုက္ပါတယ္။

Birmingham ၿမိဳ႕မွာက်င္းပတဲ့ ဒီညီလာခံအတြင္း ပါတီဝင္ေတြရဲ႕စိတ္ဓါတ္ကိုျမွင့္တင္ေပးတဲ့မိန္႔ခြန္းကို ေျပာၾကားခဲ့ပါတယ္။ သူမအေနနဲ႔ ခက္ခဲတဲ့ဆုံးျဖတ္ခ်က္ေတြကို ခ်မွတ္ေဆာင္ရြက္သြားဖို႔ အဆင္သင့္ရွိေၾကာင္း ေျပာၾကားခဲ့သလို သူ႔ကိုေဝဖန္ၾကတဲ့ အတိုက္အခံပါတီေတြ၊ အလုပ္သမားသမဂၢေတြ၊ သဘာဝပတ္ဝန္းက်င္ဆိုင္ရာ တက္ႂကြလႈပ္ရွားသူေတြနဲ႔ သတင္းမီဒီယာတခ်ဳိ႕တို႔ဟာ ဖြံ႔ၿဖိဳးတိုးတက္မႈကိုမလိုလားတဲ့ အုပ္စုေတြျဖစ္တယ္လို႔ ေျပာၾကားလိုက္ပါတယ္။ ဝန္ႀကီးခ်ဳပ္သစ္ ဦးေဆာင္မႈအေပၚ ေမးခြန္းထုတ္မႈေတြရွိေနခ်ိန္ ပါတီဝင္ေတြရဲ႕ စိတ္ဓါတ္ေတြ ျမႇင့္တင္ေပးႏိုင္ေအာင္ ဝန္ႀကီးခ်ဳပ္သစ္ Truss က ရည္ရြယ္ မိန္႔ခြန္းေျပာၾကားခဲ့တာပါ။

အစိုးရရဲ႕မူဝါဒေတြ ေျပာင္းျပန္ ေျပာင္းလဲခဲ့ရတာ၊ ပါတီဝင္လႊတ္ေတာ္အမတ္တခ်ဳိ႕က သူ႔ရဲ႕ ေခါင္းေဆာင္မႈကို ေျပာင္ေျပာင္တင္းတင္းဆန္႔က်င္ၾကတာနဲ႔ လာမယ့္ အေထြေထြေရြးေကာက္ပဲြမွာ အ႐ႈံုးနဲ႔ ရင္ဆိုင္ရႏိုင္တယ္ဆိုတဲ့ လူထုသေဘာထား စစ္တမ္းေတြထြက္ေပၚေနခ်ိန္မွာ ၄ ရက္ၾကာ ကြန္ဆာေဗးတစ္ပါတီညီလာခံကို က်င္းပေနတာျဖစ္ပါတယ္။

ႏွစ္အတန္ၾကာ တိုင္းျပည္စီးပြားက်ဆင္းမႈနဲ႔ ရင္ဆိုင္ေနရတဲ့အေျခအေနက ႐ုန္းထြက္ႏိုင္ဖို႔ အခြန္ေလွ်ာ့ေကာက္တာနဲ႔ အစိုးရရဲ႕မူဝါဒေတြ ေျဖေလ်ာ့ေပးတဲ့နည္းလမ္းေတြနဲ႔ေဆာင္ရြက္သြားမယ့္အစီအစဥ္ကို ဆက္လုပ္သြားမယ္လို႔ Truss က ကတိျပဳထားပါတယ္။

ညီလာခံအတြက္ ဝန္ႀကီးခ်ဳပ္မိန္႔ခြန္းေျပာၾကားေနတဲ့အခ်ိန္မွာပဲ ပရိတ္သတ္ထဲကထၿပီး ကန္႔ကြက္ ဆႏၵျပသူေတြလည္း ရွိခဲ့ပါတယ္။

တိုက္႐ိုက္ လင့္ခ္

=============

[[Unicode]]

အခွန်လျှော့ချရေးအစီအစဉ် ဆက်လုပ်မယ်လို့ ဗြိတိန်ဝန်ကြီးချုပ် ကတိပြု

ဗြိတိန်ဝန်ကြီးချုပ် Liz Truss က သူအဆိုပြုထားတဲ့ အခွန်လျှော့ချရေးအစီအစဉ်တွေကြောင့် အစပိုင်းမှာ အခက်အခဲတွေရှိနိုင်ပေမယ့် ပိုပြီးချမ်းသာကြွယ်ဝတဲ့၊ ပိုမို ထိရောက်အကျိုးရှိတဲ့အနာဂတ်ကို ဖော်ဆောင်ပေးမှာဖြစ်တဲ့အတွက် ကြံ့ကြံ့ခံပြီး ကျော်လွှားပေးကြဖို့ ဒီကနေ့ ကျင်းပတဲ့ ကွန်ဆာဗေးတစ်ပါတီ ညီလာခံမှာ ပြောကြားလိုက်ပါတယ်။

Birmingham မြိူ့မှာကျင်းပတဲ့ ဒီညီလာခံအတွင်း ပါတီဝင်တွေရဲ့စိတ်ဓါတ်ကိုမြှင့်တင်ပေးတဲ့မိန့်ခွန်းကို ပြောကြားခဲ့ပါတယ်။ သူမအနေနဲ့ ခက်ခဲတဲ့ဆုံးဖြတ်ချက်တွေကို ချမှတ်ဆောင်ရွက်သွားဖို့ အဆင်သင့်ရှိကြောင်း ပြောကြားခဲ့သလို သူ့ကိုဝေဖန်ကြတဲ့ အတိုက်အခံပါတီတွေ၊ အလုပ်သမားသမဂ္ဂတွေ၊ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ တက်ကြွလှုပ်ရှားသူတွေနဲ့ သတင်းမီဒီယာတချို့တို့ဟာ ဖွံ့ဖြိုးတိုးတက်မှုကိုမလိုလားတဲ့ အုပ်စုတွေဖြစ်တယ်လို့ ပြောကြားလိုက်ပါတယ်။ ဝန်ကြီးချုပ်သစ် ဦးဆောင်မှုအပေါ် မေးခွန်းထုတ်မှုတွေရှိနေချိန် ပါတီဝင်တွေရဲ့ စိတ်ဓါတ်တွေ မြှင့်တင်ပေးနိုင်အောင် ဝန်ကြီးချုပ်သစ် Truss က ရည်ရွယ် မိန့်ခွန်းပြောကြားခဲ့တာပါ။

အစိုးရရဲ့မူဝါဒတွေ ပြောင်းပြန် ပြောင်းလဲခဲ့ရတာ၊ ပါတီဝင်လွှတ်တော်အမတ်တချို့က သူ့ရဲ့ ခေါင်းဆောင်မှုကို ပြောင်ပြောင်တင်းတင်းဆန့်ကျင်ကြတာနဲ့ လာမယ့် အထွေထွေရွေးကောက်ပွဲမှာ အရှုံးနဲ့ ရင်ဆိုင်ရနိုင်တယ်ဆိုတဲ့ လူထုသဘောထား စစ်တမ်းတွေထွက်ပေါ်နေချိန်မှာ ၄ ရက်ကြာ ကွန်ဆာဗေးတစ်ပါတီညီလာခံကို ကျင်းပနေတာဖြစ်ပါတယ်။

နှစ်အတန်ကြာ တိုင်းပြည်စီးပွားကျဆင်းမှုနဲ့ ရင်ဆိုင်နေရတဲ့အခြေအနေက ရုန်းထွက်နိုင်ဖို့ အခွန်လျှော့ကောက်တာနဲ့ အစိုးရရဲ့မူဝါဒတွေ ဖြေလျော့ပေးတဲ့နည်းလမ်းတွေနဲ့ဆောင်ရွက်သွားမယ့်အစီအစဉ်ကို ဆက်လုပ်သွားမယ်လို့ Truss က ကတိပြုထားပါတယ်။

ညီလာခံအတွက် ဝန်ကြီးချုပ်မိန့်ခွန်းပြောကြားနေတဲ့အချိန်မှာပဲ ပရိတ်သတ်ထဲကထပြီး ကန့်ကွက် ဆန္ဒပြသူတွေလည်း ရှိခဲ့ပါတယ်။

XS
SM
MD
LG