သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Facebook နဲ့ Twitter


Si logra convencer a sus más de 350 millones de usuarios de usar su servicio, Facebook pasaría a ser la plataforma de mensajería por excelencia.
Si logra convencer a sus más de 350 millones de usuarios de usar su servicio, Facebook pasaría a ser la plataforma de mensajería por excelencia.

၁၉၉၉ -၂၀၀၀ ဝန်းကျင်က ကွန်ပြူတာ အင်တာနက်မှာ chatroom လို့ခေါ်တဲ့ လူမမြင်ပဲ အချင်းချင်း ဆက်သွယ် ပြောကြားမှုတွေ လုပ်ခဲ့ရာကနေ ကိုယ်ခင်ရာမင်ရာ site တွေဖွင့်ပြီး ကျယ်ကျယ်ပြန့်ပြန့် ဆက်သွယ်လို့ရတဲ့ လူမှုရေး ကွန်ယက်တွေ တစတစ ပေါ်ပေါက်လာပါတယ်။

၂၀၀၂ခုနှစ်လောက်မှာ friend star စတင်ပေါ်ပေါက်လာပြီး၊ နောက်နှစ်မှာတော့ ဒါကိုထပ်ပြီး အဆင့်မြှင့်ထားတဲ့ myspace ကွန်ယက်ပေါ်လာသလို၊ ၂၀၀၄ခုနှစ်မှာတော့ အခုထိ လူအများ တွင်တွင်ကျယ်ကျယ် သုံးနေကြတဲ့ facebook ပေါ်ပေါက်လာတာပါ။ Twitter ကိုတော့ ၂၀၀၆ခုနှစ်မှာ စသုံးလာကြတယ်လို့ စင်္ကာပူနိုင်ငံ ကွန်ပြူတာစံနစ် NCS ရဲ့ အကြီးတန်းအကြံပေး ဦးဥက္ကာကြူဖေကပြောပါတယ်။

လူမှုရေးကွန်ယက်မှာ ဓါတ်ပုံတွေ စာတွေ ဖလှယ်ကြရုံတင်မကပဲ games ကစားတာတွေပါ တွေ့လာရပြီး သတင်း အချက်အလက်တွေကိုပါ မြန်မြန်ဆန်ဆန် ပျံ့ နှံ့စေခဲ့ပါတယ်။

ဒီလူမှုရေးကွန်ယက်တွေထဲမှာ facebook ဟာ အသုံးအများဆုံးဖြစ်ပြီး သူနဲ့အတူတွဲသုံးတတ် တာကတော့ twitter လို့ခေါ်တဲ့ facebook အပေါ့စားလေးပါ။ twitter ဟာ facebook လို ဝက်ဘ်ဆိုက် စာမျက်နှာထဲ ဝင်စရာမလိုပဲ လွယ်လွယ်ကူကူ သုံးလို့ရပေမယ့် facebook လို ကိုယ်သိစေချင်တဲ့သူသာ မသိစေပဲ လူတိုင်း ဝင်ကြည့်လို့ ရပါတယ်။

နံမယ်ကျော်ပုဂ္ဂိုလ်တွေရဲ့ လုပ်ကိုင်ဆောင်ရွက်မှုကို အချိန်နဲ့ အမျှ အများသိအောင် သတင်းဖြန့်တဲ့နေရာမှာ twitter က လူထုထဲကို တိုက်ရိုက် ရောက်သွားစေပါတယ်။

Twitter ကို email နဲ့ ပေးပို့လို့ ရသလို လက်ကိုင်ဖုံးတွေက SMS ဝန်ဆောင်မှုကတဆင့် ပေးပို့လို့ ရပါ တယ်။ Facebook ကို ကွန်ပြူတာနဲ့ လက်ကိုင်ဖုံးတွေမှာ သုံးမယ်ဆိုရင် facebook application လို့ခေါ်တဲ့ စာရင်းဝင်ထားရပါတယ်။ Twitter မှာ စာလုံးရေ ၁၄၀ ပဲရေးလို့ ရပေမယ့် facebook မှာတော့ ကိုယ်တင်ချင်တဲ့ အကြောင်းအရာကို စာနဲ့ဖြစ်စေ ဓါတ်ပုံဖြစ်စေ တင်လို့ ရပါတယ်။

လောလောဆယ် မြန်မာနိုင်ငံမှာ လူငယ် အများစုဟာ ဓါတ်ပုံဖလှယ်တာနဲ့ သတင်းဖလှယ်တာတွေအတွက် facebook ကို သုံးနေကြတာတွေ့ရပါတယ်။

XS
SM
MD
LG