သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာပျက်မယ့်နေ့ နဲ့ ဥက္ကာပျံ အန္တရာယ်


This image provided by NASA shows comet Tempel 1 at the moment of impact with NASA's Deep Impact probe as it smashed into its surface. The probe crashed between the two dark-rimmed craters near the center and bottom of the comet (File Photo - July 4, 2005
This image provided by NASA shows comet Tempel 1 at the moment of impact with NASA's Deep Impact probe as it smashed into its surface. The probe crashed between the two dark-rimmed craters near the center and bottom of the comet (File Photo - July 4, 2005

သက္ကရာဇ် ၂၀၁၂ ခုနှစ်မှာ ကမ္ဘာကြီး ပျက်သုဉ်းမယ်လို့ ပြောလာသူ အများအပြားရှိနေပါတယ်။

လွန်ခဲ့တဲ့ နှစ်ပေါင်း တထောင်ကျော်က အမေရိကတိုက် အလယ်ပိုင်းမှာနေထိုင်ခဲ့တဲ့ မိုင်ယန် (Mayan) လူမျိုးတွေ ရေးဆွဲသွားတဲ့ မိုင်ယန် ပြက္ခဒိန်က ၂၀၁၂ခုနှစ်မှာ ဆုံးနေပါတယ်။ လွန်ခဲ့တဲ့ နှစ်ပေါင်း ၅၀၀ လောက်ကတည်းက ပြင်သစ်နိုင်ငံမှာမွေးဖွားလာသူ တဦးဖြစ်တဲ့ နော်စထရာ ဒါးမတ်စ် (Nostradamus) ဟာ ကမ္ဘာကြီးမှာ ဘာတွေ ဖြစ်လာမယ် ဆိုတာ ကြိုတင်ခန့်မှန်း ရာမှာ မှန်ကန်တယ်လို့ နံမယ်ကြီးသူဖြစ်ပါတယ်။ သူ့ရဲ့ နိမိတ်ဖတ်ချက် တွေကို အနက်ကောက်ကြရာမှာ ၂၀၁၂ခုနှစ် ဒီဖင်ဘာလ ၂၁ရက်နေ့မှာ ကမ္ဘာပျက်ကိန်း ရှိတယ်လို့ ဆိုပါတယ်။

သိပ္ပံပညာရှင် တွေကတော့ ဒါကို လက်မခံကြပါဘူးလို့ Illinois အီလီနွိုင်းတက္ကသိုလ်က Astronomer နက္ခတ္တဗေဒ ပညာရှင် ဒေါက်တာဝင်းသာထွေးက ပြောပါတယ်။

အဲဒီနေ့မှာ Galactic allignment လို့ခေါ်တဲ့ နဂါးငွေ့တန်း ဗဟိုယာဉ်စွန်းတန်းနဲ့ နေရဲ့ ပတ်လမ်းကြောင်းဟာ တတန်းထဲရှိနေတာမို့ ဆွဲအားတွေ သိပ်များပြီး နေကရွေ့လျားသွားမလားလို့ ပူပင်သူတွေ ရှိကြပါတယ်။ ကမ္ဘာ့ လူသားတွေဟာ နေမိသားစုထဲမှာ နေကိုအားကိုးနေထိုင်သူတွေမို့ နေရွေ့ သွားခဲ့ရင် ဂြိုဟ်တွေပါ ပရမ်းပတာ ဖြစ်ပြီး အားလုံး ကစဉ့်ကလျားဖြစ်မှာကိုစိုး ကြတာပါ။ ဒါ့ပြင် အဲဒီနေ့မှာ ဂြိုဟ်တွေ တတန်းထဲ ရှိမှာမို့ စိုးရိမ် သူတွေ အတွက်လည်း ဒါဟာ နှစ်စဉ် ဖြစ်ရိုးဖြစ်စဉ်တခုလို့ ဆိုပါတယ်။

ဥက္ကာပျံကြီးတွေ ဝင်တိုက်လို့ ပျက်စီးမယ့် အရေးပူပန်နေသူတွေလည်းရှိပါတယ်။

ဥက္ကာပျံ ကို ၃မျိုးခွဲခြား နိုင်ပြီး အင်္ဂါဂြိုဟ်နဲ့ ကြာသပတေးဂြိုဟ်ကြားမှာ ပျံ့နှံံနေတဲ့ ကျောက်အစိုင်အခဲကြီး တွေကိုတော့ Asteroids လို့ခေါ်ပါတယ်။ သူတို့ဟာ အကျယ်အဝန်း ၂မိုင် ၃မိုင်လောက် ထိအောင် ကြီးကြီး မားမား ရှိတတ်ပါတယ်။ အဲဒီထဲက တချို့ကျောက်စိုင်ကျောက်ခဲတွေ ကမ္ဘာ့လေထုထဲဝင်လာတာ ဒါမှမဟုတ် တခြားဂြိုဟ်က ကျောက်စိုင်ကျောက်ခဲတွေ ဝင်လာတာမျိုးမှာ လေရဲ့ ပွတ်တိုက်မှုကြောင့် မီးလောင်ပြီး ကျတာ မျိုးကိုတော့ ကြယ်ကြွေတာ ဒါမှမဟုတ် Meteor လို့ ခေါ်ပါတယ်။ နောက်တမျိုးကတော့ ကမ္ဘာကို ဘဲဥပုံပတ် နေတဲ့ ရေခဲတွေနဲ့ ဖွဲ့စည်းထားတဲ့ Comet ပါ။ Meteoroids နဲ့ Comet တွေကတော့ အန္တရာယ် မရှိလှပါဘူး။

၁၉၉၄ခုနှစ် က အလွန်ကြီးမားတဲ့ Asteroids လို့ခေါ်တဲ့ ဥက္ကာပျံ ဟာ ကြာသပတေး ဂြိုဟ်ပေါ် ကျရောက်ခဲ့ ပါတယ်။ ကြာသပတေး ဂြိုဟ်ဟာ ဆွဲငင်အားအလွန် ပြင်းထန်တာမို့ ဥက္ကာပျံဟာ အပိုင်း ၂၄ပိုင်းကွဲပြီး ကျရောက်ခဲ့တာပါ။ တချို့ အစိုင်အခဲတွေဟာဆို ကမ္ဘာ ပမာဏလောက်ရှိနေပါတယ်။

ဒီလောက်ကြီးမားတဲ့ ဥက္ကာပျံကြီးတွေ ကမ္ဘာကို ကျရောက်ခဲ့တဲ့ သက်သေအထောက်အထားတွေ ရှိပါတယ်။ သူတို့က ဒိုင်နိုဆော လို သတ္တဝါကြီးတွေကို မြေပြင်ပေါ်ကနေ ပျောက်ကွယ်သွားအောင် လုပ်နိုင်ခဲ့တာပါ။ ဖြစ်လေ့ဖြစ်ထရှိတဲ့ ဒီလို ဥက္ကာပျံ ကျရောက်မှုုတွေမှာ အန္တရာယ်ပြုနိုင်လောက်တဲ့ အနေထားရှိလာမယ် ဆိုရင် အမေရိကန် အာကာသ စူးစမ်းလေ့လာရေး အဖွဲ့ နာဆာ NASA က နှစ်နဲ့ချီပြီး ကြိုတင် သတိပေးမှာဖြစ်ပါ တယ်။

နေစင်္ကြာဝဌာရဲ့ သက်တမ်းဟာ နှစ်သန်းပေါင်း လေးထောင့် ငါးရာရှိနေပြီဖြစ်ပါတယ်။ ဒါ့ကြောင့် နောက်ထပ် နှစ်သန်းပေါင်း ငါးထောင်လောက်ထပ်ပြီး နေနိုင်ပါသေးတယ်။ ဒီသက်တမ်းအတွင်း ဥက္ကာပျံတွေ ကျရောက်မှု ရှိနိုင်ပေမယ့် ကြာသပတေးဂြိုဟ်နဲ့ စနေဂြိုဟ်တွေ လို ဆွဲအားသိပ်ပြင်းထန်တဲ့ ဂြိုဟ်တွေက ဥက္ကာပျံတွေရဲ့ ရန်တွေကနေ ကမ္ဘာကို အကာအကွယ်တွေပေး နေပါတယ်။

XS
SM
MD
LG