သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် မျက်မမြင် လူ့အခွင့်အရေးလှုပ်ရှားသူ ကံကြမ္မာမရေရာ


မျက်မမြင် ဥပဒေ အကျိုးတော်ဆောင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ တရုတ်အာဏာပိုင်များရဲ့ အတင်း အဓမ္မ ခလေးဖျက်ချမှု များအား ဖော်ထုတ်ခဲ့သူ ချန်ဂွမ်ချမ်း (Chen Guangcheng) အား တရုတ်ပြည်ရှိ ကျေးရွာ တစ်ခု တွင် တွေ့ရပုံ။
မျက်မမြင် ဥပဒေ အကျိုးတော်ဆောင်၊ လူ့အခွင့်အရေး လှုပ်ရှားသူ၊ တရုတ်အာဏာပိုင်များရဲ့ အတင်း အဓမ္မ ခလေးဖျက်ချမှု များအား ဖော်ထုတ်ခဲ့သူ ချန်ဂွမ်ချမ်း (Chen Guangcheng) အား တရုတ်ပြည်ရှိ ကျေးရွာ တစ်ခု တွင် တွေ့ရပုံ။

ဘေဂျင်းမြို့မှာ နေအိမ် အကျယ်ချုပ်ကနေ မကြာခင်က လွတ်မြောက်သွားခဲ့တဲ့ မျက်မမြင် တရုတ် လူ့အခွင့်အရေး လုပ်ရှားသူ အမေရိကန်ရဲ့ ကာကွယ်စောင့်ရှောက်မှု အောက်မှာ ရှိနေ မနေကို အတည်ပြု ပြောဆိုဖို့ အမေရိကန် သမ္မတ ဘာရက်အိုဘားမားက ငြင်းဆိုခဲ့ပါတယ်။ တနင်္လာနေ့က သတင်းထောက်တွေ မေးမြန်းခဲ့တာမှာ ချန်ဂွမ်ချမ်း (Chen Guangcheng) ရဲ့ အခြေအနေနဲ့ ပတ်သက်လို့ သူ ဘာမှ မပြောလိုဘူး လို့ သမ္မတ အိုဘားမားက ပြောခဲ့ပါတယ်။

ဘေဂျင်းမှာရှိတဲ့ အမေရိကန် သံရုံးထဲကို မစ္စတာ ချန် ထွက်ပြေး သွားခဲ့တယ်ဆိုတဲ့ အတည်မပြုနိုင်တဲ့ သတင်းတွေနေချိန်မှာပဲ မစ္စတာ ချန်ရဲ့ ကံကြမ္မာအတွက် စိုးရိမ်ပူပန်တဲ့အကြောင်း အမေရိကန် အစိုးရ အရာရှိတွေက ပြောခဲ့ကြပေမဲ့ ချန် ဘယ်မှာရှိနေသလဲ ဆိုတာနဲ့ပတ်သက်လို့တော့ တစုံတရာ မှတ်ချက်ပေးဖို့ သူတို့က ငြင်းဆိုပါတယ်။ အခု အခြေအနေနဲ့ပတ်သက်လို့ သတင်းတွေမှာ ဖော်ပြနေကြတာကို သူ သိရှိထားတဲ့အကြောင်းနဲ့ အမေရိကန်အနေနဲ့ တရုတ်နဲ့ ဆက်ဆံတိုင်းမှာ လူ့အခွင့်အရေး ကိစ္စက ပေါ်လာစမြဲပဲလို့ သမ္မတ အိုဘားမားက ပြောပါတယ်။

အမေရိကန်နဲ့ တရုတ်နိုင်ငံတို့ ဘေဂျင်းမြို့မှာ နှစ်နိုင်ငံ နှစ်ပတ်လည် ဆွေးနွေးမှုမတိုင်ခင် ရက်ပိုင်းအလိုမှာပဲ မစ္စတာ အိုဘားမားရဲ့ အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ ဆွေးနွေးမှုအတွင်း အမေရိကန် ကိုယ်စားလှယ် အဖွဲ့ကို နိုင်ငံခြားရေးဝန်ကြီး ကလင်တန် နဲ့ ဘဏ္ဍာရေးဝန်ကြီး တင်မိုသီ ဂိုက်သနာ (Timothy Geithner) တို့က ဦးဆောင်မှာ ဖြစ်ပါတယ်။ အရှေ့ အာရှဆိုင်ရာ အမေရိကန် ထိပ်တန်းသံတမန်တဦးဖြစ်တဲ့ ကဒ် ကမ့်ဘဲလ် (Kurt Campbell) ဟာ တနင်္ဂနွေနေ့က ဘေဂျင်းမြို့ကို ရောက်ရှိလာခဲ့ပြီး မစ္စတာ ချန်ရဲ့ကိစ္စနဲ့ပတ်သက်လို့ တရုတ်အစိုးရ အရာရှိတွေနဲ့ ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရပါတယ်။

အမေရိကန် အခြေစိုက် တရုတ် လူ့အခွင့်အရေး လှုပ်ရှားမှုအဖွဲ့တခုကတော့ မစ္စတာ ချန်ဟာ အမေရိကန်ရဲ့ ကာကွယ်စောင့်ရှောက်မှုအောက်မှာ ရှိနေပြီး ဒီကိစ္စနဲ့ပတ်သက်လို့ အမေရိကန်နဲ့ တရုတ်အစိုးရ အရာရှိတွေကြား ဆွေးနွေးနေတုန်းပဲလို့ ဆိုပါတယ်။

XS
SM
MD
LG