သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

လျှပ်စစ်မီးရရေး ငြိမ်းချမ်းစွာ ဆန္ဒပြမှု ဒေါ်အောင်ဆန်းစုကြည် ထောက်ခံ


လျှပ်စစ်မီးအချိန်ပြည့်ရဖို့အတွက် ငြိမ်းချမ်းစွာ ဆန္ဒပြတောင်းဆိုတာတွေကို ထောက်ခံပေမယ့် လက်ရှိအခြေ အနေကို ပြည်သူတွေ နားလည်ဖို့ လိုတယ်လို့ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည် က ပြောလိုက်ပါတယ်။ NLD ပါတီရဲ့ နာယက ဦးတင်ဦးကလည်း ဆန္ဒပြတောင်းဆိုနေကြတဲ့ အလုပ်သမား အရေးကိုလည်း အစိုးရက အမြန်ဖြေရှင်းဆောင်ရွက်ပေးဖို့ လိုတယ်လု့ ိ ပြောလိုက်ပါတယ်၊ ဒီဆန္ဒပြ တောင်း ဆိုမှုတွေကို ငြိမ်းချမ်းစွာ ဥပဒေနဲ့ကိုက်ညီအောင် လုပ်ဆောင်ကြဖို့ ကိုလည်း တိုက်တွန်းခဲ့ကြပါတယ်၊ ဒီကနေ့ ရန်ကုန်တိုင်း အလုံမြိုနယ်နဲ့ ကျောက်တံတားမြို့နယ်တွေက NLD ရုံးခန်းဖွင့်ပွဲတွေမှာ NLD ခေါင်းဆောင်တွေက လူထုကို အခုလို ပြောခဲ့ကြတာ ဖြစ်ပါတယ်၊ အပြည့်အစုံကိုတော့ မသင်းသီရိက ဆက်ပြီးတင်ပြပါမယ် ရှင်။

မြန်မာနိုင်ငံထဲ ရန်ကုန်နဲ့ မန္တလေးအပါအဝင် တခြားနယ်မြို့တွေမှာပါ လျှပ်စစ်မီးပုံမှန်ရဖို့ အတွက် ဖယောင်း တိုင်ထွန်းပြီး ဆန္ဒဖော်ထုတ်တောင်းဆိုမှုတွေနဲ့အတူ အလုပ်သမားဆန္ဒပြမှုတွေလည်း ဖြစ်နေတာမို့ ဒီအခြေ အနေတွေပေါ် NLD ပါတီရဲ့ခေါင်းဆောင်တွေက သူတို့ရဲ့ သဘောထားတွေနဲ့ အမြင်တွေကို ပြောခဲ့ကြ တာဖြစ်ပါတယ်၊ မေလ ၂၅ ရက်နေ့မှာ ရန်ကုန်တိုင်းက အလုံနဲ့ ကျောက်တံတား မြိုနယ် NLD ရုံးဖွင့် ပွဲတွေ အတွင်း ဒေါ်အောင်ဆန်းစုကြည်က လျှပ်စစ်မီးရရရေးအတွက် ငြိမ်းချမ်းစွာတောင်းဆိုမှုတွေကို သူထောက်ခံပြီး ဥပဒေနဲ့အညီလုပ်ဆောင်ဖု့ိကို တိုက်တွန်းသွားပါတယ်၊

ဒေါ်အောင်ဆန်းစုကြည် ။ ။ ဘာဖြစ်လို့လဲဆိုတော့၊ ဆယ်စုနှစ်နဲ့ချီပြီး ကျမတို့ရဲ့ စနစ်က မမှန်ခဲ့လို့။ ဓါတ်မီးမှန်မှန် မရတာ ဖြစ်တယ်။ အခုမှ ဆယ်စုနှစ်တွေနဲ့ချီပြီး မမှန်ခဲ့တဲ့ကိစ္စတွေကို ပြန်ပြင်ဖို့ဆို တာက၊ နေ့ ချင်းညချင်းတော့ မဖြစ် နိုင်ဘူးဆိုတာ၊ ကျမတို့ သိတယ်။ ဒါပေမယ့်လည်း ဖြစ်အောင် ကျမတို့ လုပ်ရမှာ က ပြည်သူတွေရဲ့တာဝန်ပဲ။ ဒါကြောင့် ငြိမ်းငြိမ်းချမ်းချမ်းနဲ့ လုပ်တာကို ကျမတို့အနေနဲ့ ထောက်ခံပါတယ်။ ဒါပေမယ့် ဥပဒေနဲ့ကိုက်ညီအောင်လည်း လုပ်ပါ။

ဒါ့အပြင်လည်း လက်ရှိမြန်မာနိုင်ငံဟာ ပြည်သူအခွင့်ရေးဆိုတာကို ရရှိဖို့ ကြိုးစားမှုနေတာမို့ အခြေအနေတွေ ကို မှန်မှန်ကန်ကန် အသုံးချ ဖို့ ကိုလည်း တိုက်တွန်းသွားပါတယ်။

ဒေါ်အောင်ဆန်းစုကြည် ။ ။ အခုဆိုလို့ရှိရင် ဒီနိုင်ငံဟာ ပွင့်လင်းလာပြီ စီးပွားရေးအရ တိုးတက်လာတော့ မယ်၊ စီးပွားရေးအရ ပြုပြင်ပြောင်း လဲမှုတွေ အင်မတန်မှ များလာပြီလို့၊ ပြောနေကြတယ်။ ဒါပေမဲ့ တကယ်စီး ပွားရေးတိုးတက်ဖို့ ဘာလိုလဲဆိုတော့ ယုံကြည်မှုလိုတယ် ဆိုတာကို စီးပွားရေးပညာရှင်တိုင်း သိပါတယ်။ အခု စီးပွားရေးနဲ့ပတ်သက်လို့ ဥပဒေအသစ်တွေ ထုတ်တယ်။ ဒီလို ဥပဒေအသစ်တွေ ထုတ်ပြီးတော့၊ ဒီ ဥပဒေတွေ ကို မှန်မှန်ကန်ကန်ထိရောက်အောင် လုပ်ပေးမယ့် တရားရုံးတွေ မရှိရင်၊ ဒီ ဥပဒေတွေဟာ စက္ကူပေါ်က စာတွေပဲ ဖြစ်နေမှာပဲ။

ဒါကတော့ အလုံနဲ့ ကျောက်တံတား မြို့နယ် NLD ရုံးဖွင့်ပွဲတွေမှာ လူထုကို ဒေါ်အောင်ဆန်းစုကြည် က ပြောကြားခဲ့တဲ့ မိန့်ခွန်းထဲက တစိပ် တပိုင်းပါ ရှင်။ နောက်တခါ ရန်ကုန်တိုင်းထဲက စက်ရုံတချို့မှာ အလုပ် သမားတွေ လစာတိုးရေးအပြင် အလုပ်သမားအခွင့်အရေးရဖို့အတွက် တောင်းဆိုဆန္ဒပြမှုတွေနဲ့ပတ်သက်လို့ အစိုးရ အနေနဲ့ အလုပ်သမားရေး ပြေလည်အောင် ဆောင်ရွက်ဖို့အတွက် NLD ပါတီရဲ့ သဘာပတိ ဦးတင်ဦး က တိုက်တွန်းခဲ့ပါတယ်။

ဦးတင်ဦးပြောသွားတာကတော့ အခု အလုပ်သမားတွေ ဖြစ်နေတဲ့ အခြေအနေတွေကို အလုပ်သမား ကိုယ် စားလှယ်တွေက NLDကို လာ တင် ပြတာ ရှိသလို အလုပ်သမားတွေရဲ့ အခွင့်အရေးနဲ့တောင်းဆိုမှုတွေကို ILO နဲ့ သဘောတူညီချက်ယူထားတဲ့ အစိုးရက အမြန်ဆုံး ဆောင်ရွက်ဖို့ လိုတယ်လို့ ပြောသွားတာပါ၊ NLD ပါတီ အနေနဲ့လည်း အလုပ်သမားအရေးတွေအတွက် ILO နဲ့ ညှိနှိုင်းဆောင်ရွက်ဖို့ ကြိူပမ်းတာတွေရှိနေတယ် ဆို တဲ့ အခြေအနေတွေကို ရှင်းပြခဲ့ပါတယ်။

တဆက်တည်းမှာပဲ လျှပ်စစ်မီးချွေတာဖို့ ဆိုပြီး သမ္မတ အကြံပေးတယောက်ရဲ့ တိုက်တွန်းချက်နဲ့ ပတ်သက် လို့လည်း ဦးတင်ဦးက လျှပ်စစ်မီးaချွတာမို့ ဖယောင်းတိုင်ထွန်းနေကြဖို့ တိုက်တွန်းသွားတဲ့ သမ္မတ အကြံပေး အနေနဲ့ လက်ရှိ ဒီနိုင်ငံမှာ ဖယောင်းတိုင်တစ်ထုပ် ဘယ်ဈေးရှိသလဲ ဆိုတာ သိပါလားလို့ မေးခွန်းထုတ်ခဲ့ပါ တယ်။ ဒါ့အပြင် ငြိမ်းချမ်းစွာဆန္ဒဖော်ထုတ်တောင်းဆိုမှုတွေကို အာဏာပိုင်ဖက် အကြမ်းဘက် ဖြေရှင်းတာတွေ မလုပ်ဖို့ကိုလည်း ဦးတင်ဦးက ပြောသွားခဲ့ပါတယ်။ NLD ပါတီရဲ့ ခေါင်းဆောင်တွေဟာ ဒီလို လျပ်စစ်မီးပြဿ နာနဲ့ အလုပ်သမားရေး ပြသနာတွေ အပြင် တရားဥပဒေစိုးမိုးရေးတွေနဲ့ပတ်သက်လို ရှင်းပြခဲ့ပြီး ကျောက်တံ တားမြို့နယ်အတွင်း လက်ရှိ လမ်းဘေးဈေးသည် တွေ ကြုံနေရတဲ့ ပြဿနာတွေကိုလည်း တာဝန်ရှိသူတွေ က ပြေလည်အောင် ညှိနှိုင်းဆောင်ရွက်ပေဖို့တွေကိုလည်း ပြောဆိုသွားပါတယ် ရှင်။

XS
SM
MD
LG