သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား ဗုံးဖောက်ခွဲမှု သူပုန်လက်ချက်ဖြစ်ကြောင်း ကြေညာ


ဗုံးခွဲတိုက်ခိုက်ခံရသည့် နေရာသို့ သွားရာလမ်းအနီး အယ်လ်-ရော်ဒါရင်ပြင်တွင် စောင့်ဆိုင်းနေကြသည့် သတင်းထောက်များ။ ဇူလိုင် ၁၈။ ၂၀၁၃
ဗုံးခွဲတိုက်ခိုက်ခံရသည့် နေရာသို့ သွားရာလမ်းအနီး အယ်လ်-ရော်ဒါရင်ပြင်တွင် စောင့်ဆိုင်းနေကြသည့် သတင်းထောက်များ။ ဇူလိုင် ၁၈။ ၂၀၁၃
ဆီးရီးယားကာကွယ်ရေးဝန်ကြီးနဲ့ တခြား အဆင့်မြင့်အရာရှိကြီးနှစ်ယောက် သေဆုံးသွားတဲ့ ဗုဒ္ဓဟူးနေ့က ဗုံးခွဲတိုက်ခိုက်မှုကို သူတို့လုပ်ခဲ့တာဖြစ်တဲ့အကြောင်း ဆီးရီးယားအစိုးရဆန့်ကျင်ရေး လက်နက်ကိုင်တွေက ပြောလိုက်ပါတယ်။ ဒမတ်စ်ကပ်စ် မြို့တော်မှာ အဆင့်မြင့် အရာရှိကြီးတွေရဲ့ အစည်းအဝေးတခု လုပ်နေချိန်အတွင်း တိုက်ခိုက်ခဲ့တာဖြစ်ပါတယ်။
နောက်ထပ် တိုက်ခိုက်မှုတွေ ပိုလုပ်သွားမယ်လို့လည်း လက်နက်ကိုင်တွေက ခြိမ်းခြောက်ထားပါတယ်။ ဗုဒ္ဓဟူးနေ့က အဲဒီ ဗုံးခွဲ တိုက်ခိုက်မှုဟာ သမ္မတ ဘာရှာ အယ်လ်-အာဆဒ်အစိုးရ နိဂုံးချုပ် အဆုံးသတ်မယ့် နိဒါန်းအစဖြစ်တယ်လို့ လက်နက်ကိုင်တွေ က ပြောပါတယ်။
ဗုံးခွဲတိုက်ခိုက်မှုကြောင့် ကာကွယ်ရေးဝန်ကြီး Daoud Rajha နဲ့ မစ္စတာအာဆဒ်ရဲ့ ယောက်ဖတော်စပ်သူ ဒုတိယ ကာကွယ် ရေးဝန်ကြီး Assef Shawkat တို့ သေဆုံးခဲ့တာပါ။ ဆီးရီးယားစစ်တပ် ဗိုလ်ချုပ်ကြီးတယောက်လည်း သေဆုံးခဲ့ပါတယ်။
ကိုယ်ရံတော်တယောက်က ဖောက်ခွဲတိုက်ခိုက်ခဲ့တာလို့ တချို့သတင်းတွေက ပြောပြီး တချို့သတင်းတွေမှာတော့ လက်ဆွဲ အိတ်ထဲမှာ ဗုံးထောင်ထားခဲ့တယ်လို့ ဆိုပါတယ်။
XS
SM
MD
LG