သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အရှုံးခံကစားတဲ့ ကြက်တောင်သမားတွေ အပယ်ခံရ


တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှား အမျိုးသမီးကြက်တောင်ကစားမယ်အား ဒိုင်လူကြီး Torsten Bergက သတိပေးနေစဉ် (၃၁၊ ၇၊၂၀၁၂၊။)
၂၀၁၂ လန်ဒန်အိုလံပစ် အားကစား ပွဲတော်အတွင်း ကြက်တောင် အားကစားသမား ၈ ယောက်ကို ပြိုင်ပွဲမှာ မှန်မှန်ကန်ကန် မကစားဘူးဆိုပြီး ပြိုင်ပွဲက ထုတ်ပယ်လိုက်ပါတယ်။

နောက်ပွဲတွေမှာ လွယ်တဲ့ ပြိုင်ဘက်တွေနဲ့ ကစားရအောင် လျှော့ကစားခဲ့တဲ့အတွက် တရုတ်၊ တောင်ကိုရီးယားနဲ့ အင်ဒိုနီးရှားနိုင်ငံက အမျိုးသမီး ၂ ယောက်တွဲ ကစားသမား ၈ ယောက်ဟာ အပြစ်ရှိကြောင်း ကမ္ဘာ့ကြက်တောင် အဖွဲ့ချုပ်က ဆုံးဖြတ်လိုက်တာပါ။
အင်ဒိုနီးရှားနဲ့ တရုတ်အသင်းတို့ကတော့ ဆုံးဖြတ်ချက်ကို အယူခံ တင်ထားတယ်လို့ ကြက်တောင် အဖွဲ့ချုပ်က ပြောပါတယ်။

ဝင်ဘယ်လ်ဒန်ကွင်းမှာ မနေ့တုန်းက ကစားနေတုန်း ပရိတ်သတ်တွေက ကြက်တောင်သမား တွေရဲ့ ကစားပုံကို လှောင်ပြောင်တာလည်း ခံခဲ့ရတာပါ။ အိုလံပစ်ပွဲ ၅ ရက်မြောက်နေ့မှာ တော့ အိမ်ရှင် ဗြိတိန်နိုင်ငံက ပထမဆုံး ရွှေတံဆိပ်ဆုကို လှေလှော်ပြိုင်ပွဲမှာ ဆွတ်ခူးသွားပါတယ်။

Helen Glover နဲ့ Heather Stanning တို့ ၂ ယောက်တွဲ လှေလှော်ပြိုင်ပွဲမှာ အနိုင်ရ သွားကြတာ ဖြစ်ပါတယ်။ အမေရိကန် ရေကူးချိန်ပီယံ Michael Phelps ကတော့ မနေ့တုန်းက မီတာ ၂၀၀ လိပ်ပြာကူးမှာ ငွေတံဆိပ်၊ မီတာ ၈၀၀ ၄ ယောက်တွဲ အလွတ်ကူးပွဲမှာ ရွှေတံဆိပ် ဆုတွေ ထပ်ရသွားပါတယ်။

အခုနောက်ဆုံး ဆုအားလုံးပေါင်းမှာတော့ အမေရိကန် က ၂၄ ခု တရုတ်က ၂၃ ခုစီ ရရှိထားကြပြီး ပြင်သစ်နဲ့ ဂျပန်နိုင်ငံတို့ကတော့ ဆုအားလုံးပေါင်း ၁၂ ခုစီနဲ့ တတိယနေရာတွေမှာ အသီးသီး ရှိနေကြပါတယ်။ ရွှေတံဆိပ်ဆု စုစုပေါင်းမှာတော့ တရုတ်နိုင်ငံက ၁၃ ခုနဲ့ ဦးဆောင်နေပြီး အမေရိကန်က ၉ ခု ရထားကြပါတယ်။
XS
SM
MD
LG