သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အိုလံပစ် ၁၂ ရက်မြောက်နေ့

အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရသွားတဲ့ အမေရိကန် အပြေးမယ် Allyson Felix (၀၈၊ ၀၈၊ ၂၀၁၂။)
အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ ရွှေတံဆိပ်ဆုရသွားတဲ့ အမေရိကန် အပြေးမယ် Allyson Felix (၀၈၊ ၀၈၊ ၂၀၁၂။)
ဗြိတိန်နိုင်ငံ၊ လန်ဒန်မြို့က အိမ်ရှင်အဖြစ် လက်ခံကျင်းပနေတဲ့ ၂၀၁၂ ခုနှစ် အိုလံပစ် အားကစားပြိုင်ပွဲ ၁၂ ရက်မြောက်နေ့ ပြိုင်ပွဲတွေမှာ လူအများ စိတ်ဝင်တစား စောင့်ကြည့်နေခဲ့ကြတဲ့ ပြိုင်ပွဲတခုဖြစ်တဲ့ အမျိုးသမီး မီတာ ၂၀၀ အပြေးပြိုင်ပွဲမှာ အမေရိကန် အပြေးမယ် အယ်လီဆန် ဖဲလစ်က်စ် (Allyson Felix) အနိုင်ရသွားပါတယ်။

ဖဲလစ်က်စ်ရဲ့ ၂၁.၈၈ စက္ကန့် စံချိန်ဟာ မီတာ ၁၀၀ နဲ့ မီတာ ၂၀၀ အပြေးပြိုင်ပွဲတွေမှာ နှစ်ထပ်ကွမ်း အနိုင်ရဖို့ ကြိုးစားခဲ့တဲ့ ဂျမေကာအပြေးမယ် ရှယ်လီ-အန်းန် ဖရေဆာ-ပရိုက်စ် (Shelly-Ann Fraser-Pryce) ရဲ့ ပြေးနှုန်းထက် သာလွန်ပြီး အနိုင်ရခဲ့တာပါ။

အမျိုးသား မီတာ ၂၀၀ ပြိုင်ပွဲမှာတော့ ကမ္ဘာ့အမြန်ဆုံး အပြေးသမား ဂျမေကာနိုင်ငံသား အူစိန် ဘို့လ်တ် (Usain Bolt) ဟာ ကြာသပတေးနေ့ကျင်းပမယ့် ဗိုလ်လုပွဲဆီ အလွယ်တကူပဲ တက်သွားပါတယ်။ သူနဲ့ တနိုင်ငံတည်းသား အပြေးသမား ယိုဟန် ဘလိတ်က် (Yohan Blake) လည်း အလားတူ ဗိုလ်လုပွဲတက်သွားပါတယ်။

တခြားပြိုင်ပွဲတွေမှာတော့ အမေရိကန် အမျိုးသမီး ဘောလီဘော ကစားသမားတွေဖြစ်ကြတဲ့ မစ်စ်တီ မေ-ထရီနော (Misty May-Treanor) နဲ့ ကယ်ရီ ဝဲ့လ်ရှ် ဂျန်းနန်းဂ်စ် (Kerri Walsh Jennings) တို့အတွဲဟာ ပင်လယ်ကမ်းခြေ ဘောလီဘောပြိုင်ပွဲ မှာ သူတို့ရဲ့ တတိယ ရွှေတံဆိပ်ဆုကို ဆက်တိုက်ဆွတ်ခူးသွားကြပါတယ်။

လန်ဒန်အိုလံပစ်ပြိုင်ပွဲရဲ့ တရားဝင် အင်တာနက်စာမျက်နှာအရ အခုချိန်ထိဆိုရင် တရုတ်က ဆုတံဆိပ် စုစုပေါင်း ၇၇ ခု၊ အမေရိကန်က ၈၁ ခု၊ အိမ်ရှင် ဗြိတိန်က ၄၈ ခု၊ တောင်ကိုရီးယားက ၂၅ ခုနဲ့ ရုရှားက ၅၂ ခု အသီးသီး ရထားကြပါတယ်။

ဆက်စပ်သတင်းများ ...

XS
SM
MD
LG