သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Mandela အမွေအနှစ်ထိန်းသိမ်းဖို့ Clinton တိုက်တွန်း


တောင်အာဖရိကနိုင်ငံ Western Cape တက္ကသိုလ်မှာ မိန့်ခွန်းပြောနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး clinton။ (၀၈၊၀၈၊၂၀၁၂။)
တောင်အာဖရိကနိုင်ငံ Western Cape တက္ကသိုလ်မှာ မိန့်ခွန်းပြောနေသည့် အမေရိကန် နိုင်ငံခြားရေးဝန်ကြီး clinton။ (၀၈၊၀၈၊၂၀၁၂။)
အာဖရိကတိုက်မှာ စီးပွားရေးအင်အား အကြီးဆုံးနိုင်ငံဖြစ်တဲ့ တောင်အာဖရိကနိုင်ငံ အနေနဲ့ နိုင်ငံ တကာစင်မြင့်မှာ ပိုပြီးကြီးမား တဲ့ အခန်းကဏ္ဍကနေပါဝင်ဖို့ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဟီလာရီ ကလင်တန်က တိုက်တွန်းလိုက်ပါတယ်။

တောင်အာဖရိကနိုင်ငံ၊ ကိပ်ပ်တောင်းမြို့က Western Cape တက္ကသိုလ်မှာ ပြောတဲ့မိန့်ခွန်းတခုထဲမှာ ဝန်ကြီးကလင်တန်က အဲဒီလိုပြောခဲ့တာပါ။

၂၁ ရာစုရဲ့ စိန်ခေါ်မှုတွေကို အန်တု ရင်ဆိုင်ခြင်းအားဖြင့် အသားအရောင်ခွဲခြားမှု တိုက်ဖျက်ရေး လှုပ်ရှားမှုရဲ့ သူရဲကောင်း နယ်လ်ဆင် မန်ဒဲလားရဲ့ အမွေအနှစ်ကို ဆက်ခံကြဖို့ ဝန်ကြီးကလင်တန်က တက္ကသိုလ်ကျောင်းသားတွေကို တိုက်တွန်းခဲ့ပါတယ်။

ဖွံ့ဖြိုးတိုးတက်ရေး၊ ကုန်သွယ်ရေးနဲ့ ရင်းနှီးမြှုပ်နှံရေး၊ ငြိမ်းချမ်းရေး၊ လုံခြုံရေးနဲ့ ဒီမိုကရေစီရေးရာလို ကိစ္စရပ်တွေမှာ အမေရိကန် ပြည်ထောင်စုဟာ တောင်အာဖရိကနိုင်ငံနဲ့ ပိုပြီး အနီးကပ် လုပ်ဆောင် သွားလိုပါတယ်လို့ ဝန်ကြီးကလင်တန်က ပြောပါတယ်။

အာဖရိကတိုက်ရဲ့ ပြဿနာတွေကို ဖြေရှင်းဖို့ အာဖရိကနည်းနာလိုအပ်တယ်ဆိုတာ မိမိ မကြာခန ကြားဖူးခဲ့ကြောင်း၊ ကမ္ဘာ့ ပြဿနာတွေကို ဖြေရှင်းဖို့ရာမှာလည်း အာဖရိကနည်းနာ လိုအပ်တယ် ဆိုတာကို မိမိ အခုပြောလိုပါကြောင်း နိုင်ငံခြားရေး ဝန်ကြီး ဟီလာရီ ကလင်တန်က ပြောခဲ့ပါတယ်။
XS
SM
MD
LG