သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြစ်ဝကျွန်းပေါ်ဒေသ ရေ ကြီးမှု ထူးကဲဒီရေတက်နိုင်


ရန်ကုန်အနောက်တောင်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ အသုပ်မြို့နယ်အတွင်း ရေလွှမ်းမိုးရာ ဒေသတခုရဲ့ မြင်ကွင်း။
ရန်ကုန်အနောက်တောင်ပိုင်း၊ ဧရာဝတီမြစ်ဝကျွန်းပေါ်ဒေသ၊ အသုပ်မြို့နယ်အတွင်း ရေလွှမ်းမိုးရာ ဒေသတခုရဲ့ မြင်ကွင်း။
မကြုံစဖူး ဧရာဝတီမြစ်ရေတက်လာတဲ့အတွက် ဧရာဝတီတိုင်း၊ ပုသိမ်ခရိုင်က မြို့နယ်တော်တော် များများမှာ ရေလွှမ်းမိုးမှှုဒဏ် ခံနေရပါတယ်။

နေအိမ်တွေ ထောင်ချီနစ်မြုပ်ပြီး စာသင်ကျောင်းတွေ ရက်အကန့်အသတ်မရှိ ပိတ်ထားလိုက်ရပါတယ်။ အရေးပေါ်ဒုက္ခသည်စခန်းတွေ ဖွင့်လှစ်ထားရပြီး ရေဘေးဒုက္ခသည် ထောင်ချီပြီး ရှိနေတယ်လို့ ရေဘေး ဒုက္ခသည်ကူညီရေး လုပ်ဆောင်ပေးနေတဲ့ စေတနာ့ဝန်ထမ်းတွေက VOA ကိုပြောပါတယ်။

သာပေါင်း မြို့ရဲ့ ၉၀ % ကျော်လောက် ရေလွှမ်းမိုးမူ ဒဏ်ခံလိုက်ရပြီး ရွာပေါင်း ရာနဲ့ချီပြီး ရေနစ်မြုပ် ကုန်ပါတယ်။ စပါးခင်းတော်တော် များများလည်း မြစ်ရေလွှမ်းသွားတဲ့အတွက် လယ်သမားတွေ အခက်အခဲတွေနဲ့ ကြုံနေရပါတယ်။ ရေဘေးဒဏ်သင့်တဲ့ သာပေါင်းမြို့နယ်တွင်း က ထောင်ချီ တဲ့ ဒေသခံတွေဟာ ရေဘေးဒုက္ခသည် စခန်းတွေမှာ ခိုလူံနေရတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်း ကျောင်းကုန်းမြို့နယ်ဘက်မှာလည်း ရေလွှမ်းမိုးမူတွေရှိနေသလို ကံကြီးဒေါင့်မြို့နယ် မှာလည်း ရေကာတာ ရေကျော်လို့ ဖောက်ထုတ်ပစ်လိုက်ရတဲ့အတွက် ရွာတော်များများ နစ်မြုတ်သွားခဲ့ပါတယ်။ စစ်တောင်းမြစ် သံလွင်မြစ် ပဲခူးမြစ်နဲ့ ဧရာဝတီမြစ်တွေရဲ့ မြစ်ဖြတ်သန်းစီးဆင်းရာ မြစ်ဝကျွန်းပေါ်နေရာအချို့မှာ မိုးတွေဆက်တိုက် ရွာသွန်းနေပြီး ထူးကဲဒီရေမြင့်တက်မူနဲ့ စိုးရိမ်ရေမှတ် ကျော်လွန်မူတွေ ရှိနိုင်တယ်လို့လည်း မိုးလေဝသနဲ့ ဇလဗေဒဦးစီးဌာနက သတိပေးထားပါတယ်။
XS
SM
MD
LG