မြန်မာနိုင်ငံလည်း အသင်းဝင်ဖြစ်တဲ့ အရှေ့တောင်အာရှ နိုင်ငံများအသင်း (Asean) အဖွဲ့ဝင်တွေကြားမှာ သာမက ကုန်သွယ်ဖက် တွေနဲ့ပါ စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်သွားဖို့ စီစဉ်နေကြပါတယ်။ ကမ္ဘောဒီးယား နိုင်ငံမှာ ၄ ရက်ကြာ ကျင်းပသွားတဲ့ ညီလာခံမှာ ဒေသတွင်း စီးပွားရေး အသိုင်းအဝိုင်း တခုအဖြစ် ဖန်တီးနိုင်ဖို့ အသင်းဝင် နိုင်ငံတွေကြား နည်းလမ်းတွေကို ဆွေးနွေး သဘောတူခဲ့ကြတာပါ။ (၄၄) ကြိမ်မြောက် အာဆီယံ စီးပွားရေး ဝန်ကြီးတွေရဲ့ ညီလာခံမှာ ဘယ်လို သဘောတူညီချက်တွေ ရရှိခဲ့ကြသလဲ ဆိုတာတွေကိုတော့ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍမှာ ကိုအောင်လွင်ဦး ကတင်ပြထားပါတယ်။
အာဆီယံ စီးပွားရေး အသိုက်အဝန်း တခုအဖြစ် ၂၀၁၅ ခုနှစ်မှာ ထူထောင်သွားနိုင်မယ့် အစီအစဉ်တွေကို ကမ္ဘောဒီးယားနိုင်ငံ Siem Reap မြို့ ညီလာခံမှာ အဓိကထား ဆွေးနွေးရာမှာတော့ ရည်မှန်းချက်အတိုင်း အကောင်အထည် ဖော်နိုင်တော့မယ်လို့ အဖွဲ့ဝင် တိုင်းပြည်တွေက တာဝန်ရှိသူတွေ ယုံကြည်နေကြပါတယ်။ ကမ္ဘာတဝှမ်း လောင်စာဆီ ဈေးနှုန်း ကြီးမြင့်မှုတွေ၊ ငွေပင်ငွေရင်း စီးဆင်းမှုတွေမှာ မရေမရာ အခြေအနေတွေ ကြုံနေရပေမဲ့ အာဆီယံ အသင်းဝင် နိုင်ငံတွေရဲ့ စီးပွားရေး ဖွံ့ဖြိုးမှုဟာ ပျမ်းမျှ ၄.၇ ရာခိုင်နှုန်းလောက် ရှိနေတာကြောင့် တိုးတက်မှု လက္ခဏာတရပ် အဖြစ်နဲ့လည်း တာဝန်ရှိသူတွေက တွက်ဆ နေကြတာပါ။
အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ပီဆူဝမ် (Surin Pitsuwan) ကတော့ အသင်းအနေနဲ့ ရည်မှန်းချက်တွေ အကောင်အထည် ဖော်နိုင်ဖို့ ပိုပြီးနီးစပ် လာနေပြီလို့ ပြောဆိုခဲ့တာပါ။
“အားလုံးကတော့ စီစဉ်ထားတဲ့ အတိုင်း ရှိနေပါတယ်။ နည်းနည်းတော့ အရှိန်တင်ရမှာပါ။ အခုအချိန် အထိကတော့ စီးပွားရေး အသိုင်းအဝိုင်းတခု တည်ထောင်နိုင်ဖို့ အဓိက လိုအပ်ချက်တွေ အားလုံးရဲ့ ၇၂-၇၃ ရာခိုင်နှုန်းလောက်ကို အောင်အောင်မြင်မြင် အကောင်အထည် ဖော်ပြီးပြီလို့ ထင်ပါတယ်။”
ပြည်ပပို့ကုန် လုပ်ငန်းတွေ ကျဆင်းနေပေမဲ့လည်း ၂၀၁၁ ခုနှစ်ထဲ အာဆီယံ အနေနဲ့ ကုန်သွယ်မှုမှာ ဒေါ်လာ သန်းပေါင်း ၉၈,၅၀၀ အထိ ပိုငွေပြခဲ့တယ်လို့လည်း စီးပွားရေး ဝန်ကြီးတွေရဲ့ ညီလာခံကို ကမကထလုပ် ကျင်းပခဲ့တဲ့ အိမ်ရှင် ကမ္ဘောဒီးယားနိုင်ငံ ဝန်ကြီးချုပ် ဟွန်ဆန် (Hun Sen) ကလည်း ပြောဆိုခဲ့တာပါ။ ကုန်တင်သွင်းမှု တန်ဘိုး စုစုပေါင်း ဒေါ်လာ ၁.၁၅ ထီလီယံ ရှိနေပြီး ပြည်ပပို့ကုန် တန်ဘိုးမှာတော့ ဒေါ်လာ ၁.၂၄ ထီလီယံအထိ ရှိနေတာ ဖြစ်ပါတယ်။
ဒီလိုပဲ ရှေ့လျှောက် တိုးတက်မှုတွေ ရနိုင်ဖို့ အခက်အခဲတွေ ရှိတဲ့တိုင်အောင် အသင်းဝင်တွေရဲ့ ကြိုးပမ်းမှုတွေကြောင့် အောင်မြင်မယ်လို့ ယုံကြည်တဲ့ အကြောင်း လာအိုနိုင်ငံ ကူးသန်း ရောင်းဝယ်ရေးနဲ့ စက်မှုဝန်ကြီး နမ် ဝီယာကက်သ် (Nam Viyaketh) ကပြောပါတယ်။
“အာဆီယံ အသင်းဝင် တိုင်းပြည် အသီးသီးက သူတို့ တတ်စွမ်းသမျှ သန္နိဓာန်ချ အကောင်အထည် ဖော်နေတာတွေ တွေ့ရပါတယ်။ အချိန်မီ ဖြေရှင်းရမယ့် ကိစ္စတွေ အများအပြား ရှိနေပေမဲ့လည်း နိုင်ငံတိုင်းက ကတိပေး ထားတဲ့အတိုင်း ဖြစ်အောင် ကြိုးပမ်း နေတာတွေကိုလည်း တွေ့နေရပါတယ်။”
စီးပွားရေး အသိုက်အဝန်းတခု ထူထောင်သွားမယ့် အစီအစဉ်ကို ၂၀၀၃ ခုနှစ်မှာ စတင်ရေးဆွဲစဉ်ကစလို့ အာဆီယံ အသင်းဝင် တိုင်းပြည်တွေကြား အခွန်စည်းကျပ်မှုတွေ လျှော့ချတာ၊ ပယ်ဖျက်တာ၊ လွတ်လပ်တဲ့ ကုန်သွယ်မှု သဘောတူညီချက်တွေ၊ ဘဏ္ဍာရေး ဈေးကွက်တွေနဲ့ ရင်းနှီးမြုပ်နှံမှုတွေ တိုးချဲ့တာတွေအပြင် စီးပွားရေးအရ ပူးပေါင်း ဆောင်ရွက်မှုတွေနဲ့ ဖွံ့ဖြိုးမှု ကွာဟချက်တွေ နည်းပါးအောင် ကြိုးပမ်းနေကြပါတယ်။ ဒါပေမဲ့လည်း မြန်မာနိုင်ငံလို ဖွံ့ဖြိုးမှုတွေမှာ နောက်ကျန်ရစ်တဲ့ တိုင်းပြည်တွေက အခြေအနေမျိုးတွေဟာ တပေါင်းတစည်းတည်း ဖြစ်စေဖို့ ကြိုးပမ်းမှုတွေမှာ အဓိက အဟန့်အတားတွေ ဖြစ်နေရဆဲပါ။
ဒီလို ကွာဟချက်တွေနဲ့အတူ အသင်းဝင် နိုင်ငံတွေကြား ကွဲပြားတဲ့ မူဝါဒတွေနဲ့ လုပ်ထုံး လုပ်နည်းတွေ နည်းနိုင်သမျှ နည်းအောင် လုပ်ဆောင် သွားရမယ့် အရေးက ကြီးမားတဲ့ စိမ်ခေါ်မှုတွေ ဖြစ်နေရတယ်လို့လည်း အာဆီယံ အတွင်းရေးမှူးချုပ် ဆူရင် ကအသိအမှတ်ပြု ပြောခဲ့တာပါ။
“ဒီသဘောတူညီချက်တွေ အားလုံးကို လက်တွေ့ အကောင်အထည် ဖော်နိုင်အောင်လည်း လုပ်ရပါလိမ့်မယ်။ အဖွဲ့ဝင် နိုင်ငံတွေ အနေနဲ့ ကိုယ့်တိုင်းပြည်က ဌာနတွေ၊ ဥပဒေ ရေးရာတွေကို ပြန်လည် ဆန်းစစ်ပြီး ပူးပေါင်း ညှိနှိုင်းမှုတွေ လုပ်ရမှာပါ။ ဒါမှလည်း လက်တွေ့ လုပ်နိုင်မယ့် ဥပဒေ ကျင့်ထုံးတွေ ထွက်လာမှာ ဖြစ်ပါတယ်။ စိမ်ခေါ်မှုတွေ ကတော့ ရှိနေပါတယ်၊ ပူးပေါင်းမှုတိုင်း၊ ကမ္ဘာပေါ်က အစုအဖွဲ့တွေ ဖွဲ့စည်းကြတဲ့ နေရာတိုင်းမှာ စိမ်ခေါ်မှုတွေ ကတော့ ရှိကြတာချည်းပါ။”
စီးပွားရေး ပူးပေါင်း ဆောင်ရွက်မယ့် အစီအစဉ်တွေရဲ့ တစိတ်တပိုင်း အဖြစ်နဲ့လည်း မြန်မာနိုင်ငံ အပါအဝင် ထိုင်း၊ ဗီယက်နမ်၊ လာအိုနဲ့ ကမ္ဘောဒီးယား စတဲ့ စိုက်ပျိုးရေး လုပ်ငန်းတွေရှိရာ ၅ နိုင်ငံက စုပေါင်းပြီး ဆန်စပါး အသင်းတခု ထူထောင်သွားဖို့လည်း သဘောတူညီမှုတွေ ရရှိခဲ့ကြတာပါ။ ဒီအစီအစဉ်ကနေ ထိုင်းနိုင်ငံလို ကမ္ဘာ့ဆန်ဈေးကွက်မှာ ထိပ်တန်း ရောက်နေတဲ့ တိုင်းပြည်တွေရဲ့ ဈေးကွက် အတွေ့အကြုံတွေကို ကျန်နိုင်ငံတွေက မျှဝေခံစားနိုင်မှာ ဖြစ်သလို၊ ထိုင်းနိုင်ငံ အနေနဲ့လည်း ကမ္ဘာ့ဈေးကွက်ထဲမှာ အရင်ထက် ပိုမိုထိုးဖောက် နိုင်တာလို အပြန်အလှန် အကျိုးရှိမယ်လို့ မျှော်လင့်နေကြပါတယ်။
ဒီအစီအစဉ်ထဲမှာတော့ တခြား အာဆီယံ ဆန်စပါး အသင်းဝင်တွေနဲ့ ထိုင်းနိုင်ငံက နယ်စပ် ဒေသတွေမှာ လွတ်လပ်စွာ ကုန်သွယ်မှုတွေ လုပ်ဆောင် သွားမှာပါ။ ဒါပေမဲ့လည်း အာဆီယံ အသင်းဝင် ၅ နိုင်ငံရဲ့ ဆန်တင်ပို့မှု ပမာဏဟာ နှစ်စဉ် တန်ချိန်သန်း ၂၀ လောက်အထိ ရှိနေပြီး၊ ကမ္ဘာ့ဈေးကွက်ထဲမှာ ၃ ပုံ ၂ ပုံလောက် နေရာယူထားတာ ဖြစ်သလို၊ ဆန်စပါးအသင်း အနေနဲ့ ပြည်ပတင်ပို့တဲ့ ဆန်ဈေးကို နှစ်စဉ် ၁၀ ရာခိုင်နှုန်း လောက်အထိ တိုးမြှင့်နိုင်အောင် ရည်ရွယ် ထားတယ်လို့လည်း သတင်းတွေ ထွက်ပေါ် နေတာ ဖြစ်ပါတယ်။
ကမ္ဘောဒီးယား ကူးသန်းရောင်းဝယ်ရေး ဝန်ကြီး ချမ် ပရာဆစ်ဒ် (Cham Prasidh) ကတော့ အာဆီယံ ဆန်စပါး အသင်းအနေနဲ့ ကမ္ဘာ့ဆန်ဈေးကွက်ကို ထိန်းချုပ်သွားဖို့ ရည်ရွယ်မထားဘူးလို့ ပြောပါတယ်။
“ဒီအဖွဲ့ကို ဖွဲ့စည်းပြီးတဲ့ အခါမှာ ဆန်ဈေးနှုန်းကို ထိန်းချုပ်သွားမှာ မဟုတ်ပါဘူး။ ကမ္ဘာ့ဈေးကွက်က ဝယ်လိုအားနဲ့ ထုတ်လုပ်မှု အပေါ် ပြဋ္ဌာန်းထားတဲ့ စည်းမျဉ်း ဥပဒေတွေ အပေါ်မှာသာ အခြေခံ ပါလိမ့်မယ်။ ဒီအဖွဲ့ ဖွဲ့ရတာကတော့ ကမ္ဘာတဝန်း တင်ပို့မှုတွေ ပိုပြီး အားကောင်းလာမယ့် အင်အားတွေကို စုစည်းဖို့ပါ။ အတွေ့အကြုံတွေ၊ နည်းပညာတွေ ဖလှယ်ပြီး ထုတ်လုပ်မှုတွေ ပိုကောင်းအောင်၊ ဈေးကွက်ထဲက လိုအပ်ချက်တွေကို ထုတ်လုပ်ပြီး ရောင်းအား ကောင်းလာအောင် လုပ်ဖို့ပါ။ ဒါကတော့ အခုဒီအသင်းကို ဖွဲ့စည်းတဲ့ နေရာမှာ ကျနော်တို့ ထားရှိတဲ့ ရည်မှန်းချက်တွေပဲ ဖြစ်ပါတယ်။”
အာဆီယံ ဆန်စပါး အသင်းအဖြစ် တရားဝင် ထူထောင်ဖို့ နိုဝင်ဘာလထဲ ထိုင်းနိုင်ငံမှာ ဝန်ကြီးအဆင့် အစည်းအဝေးလုပ်ပြီး ဆွေးနွေးဖို့ စီစဉ်ထားတယ်လို့လည်း ထိုင်းအစိုးရ တာဝန်ရှိသူတွေကပြောပါတယ်။ ၁၉၆၇ ခုနှစ်က စတင်ထူထောင်လာပြီး အခုအခါ အသင်းဝင် ၁၀ နိုင်ငံနဲ့ ဖွဲ့စည်းထားတဲ့ အာဆီယံရဲ့ သက်တမ်း ၄၅ နှစ် ပြည့်လာချိန်မှာတော့ ဒေသတွင်းကိုပါ ကျော်လွန်ပြီး ကုန်သွယ်မှုတွေ တိုးချဲ့နေတာတွေလည်း ရှိပါတယ်။
အာဆီယံ စီးပွားရေး ဝန်ကြီးတွေရဲ့ အစည်းအဝေး အတွင်းမှာတော့ ကုန်သွယ်ဖက်တွေ ဖြစ်ကြတဲ့ တရုတ်၊ အိန္ဒိယ၊ ဂျပန်၊ တောင်ကိုရီးယား၊ သြစတြေးလျ၊ နယူးဇီလန် စတဲ့ တိုင်းပြည်တွေနဲ့လည်း လွတ်လပ်စွာ ကုန်သွယ်ရေး လုပ်ငန်းတွေ တိုးမြှင့်မယ့် အစီအစဉ်တွေကို ဆွေးနွေးခဲ့ကြတာပါ။ ဒေသတွင်း စီးပွားရေး ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြှင့်ရာကနေ စုစုပေါင်း လူဦးရေ သန်း ၃,၀၀၀ ရှိတဲ့ ဈေးကွက်တခုအဖြစ် ကုန်ထုတ်လုပ်မှု ပမာဏ ဒေါ်လာ ၁၇.၂၃ ထီလီယံ အထိ ရှိလာမယ်လို့လည်း အာဆီယံ တာဝန်ရှိသူတွေ ခန့်မှန်းထားတာ ဖြစ်ပါတယ်။
အာဆီယံရဲ့ အကြီးဆုံး ကုန်သွယ်ဖက်ဖြစ်တဲ့ တရုတ်နိုင်ငံကတော့ ကုန်သွယ်ဖက် ၃ နိုင်ငံဖြစ်တဲ့ တရုတ်၊ ဂျပန်နဲ့ တောင်ကိုရီးယား တို့နဲ့ လွတ်လပ်စွာ ကုန်သွယ်ခွင့် သဘောတူညီချက်တွေ ရရှိခဲ့တာက ထူးခြားမှု တခုလို့ တရုတ်နိုင်ငံ ကူးသန်း ရောင်းဝယ်ရေးဝန်ကြီး ချန် ဒီမင်း (Chen Deming) ကပြောခဲ့တာပါ။ ၂၀၁၅ ခုနှစ်မှာ အာဆီယံ စီးပွားရေး အသိုက်အဝန်း ထူထောင် သွားနိုင်တဲ့ အခါမှာလည်း အခွန်ကင်းလွတ်ခွင့် ရမယ့် လွတ်လပ်စွာ ကုန်သွယ်မှု အစီအစဉ်တွေ ဆောင်ရွက်သွားမယ်လို့ ပြောပါတယ်။
“အာဆီယံ အသင်းဝင် ၁၀ နိုင်ငံကို ကျနော်တို့ ဆုံးဖြတ်ချက်နဲ့ ပတ်သက်လို့ အစီရင်ခံတဲ့ နေရာမှာ သူတို့ဖက်က အားပေး ထောက်ခံမှုတွေလည်း ရခဲ့ပါတယ်။ ဒါဟာ စီးပွားရေးအရ နောက်ဆုံးမှာ တပေါင်းတစည်းတည်း ဖြစ်စေမယ့် လမ်းတလမ်း ဖြစ်နိုင်တယ် ဆိုတာကိုလည်း အာဆီယံ နိုင်ငံတွေက သဘောတူကြပါတယ်။”
ကျွမ်းကျင်သူတွေ ကတော့ ဥရောပမှာ ဘဏ္ဍာရေး အကျပ်အတည်းတွေ မပြေလည် နိုင်သေးပဲ ဖြစ်နေတဲ့ တချိန်တည်းမှာပဲ ကမ္ဘာ့စီးပွားရေး တိုးတက်မှုတွေ နှေးကွေးနေချိန်၊ အာရှဒေသဟာ စီးပွားရေး အလားအလာကောင်းတွေ ရှိနေတယ်လို့ ခန့်မှန်းထားကြတာပါ။ ဒီအတွက်လည်း ဒေသတွင်း တိုင်းပြည်တွေ သာမက အမေရိကန်လို အနောက်နိုင်ငံတွေကပါ လုပ်ငန်းတွေ ပြောင်းရွှေ့ လုပ်ကိုင်ကြမယ့် အလားအလာတွေ ထွက်ပေါ်နေတယ်လို့ မကြာသေးခင်တုန်းက လေ့လာချက် တခုက ဖော်ပြပါတယ်။
စင်္ကာပူ အခြေစိုက် အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ ဆန်းစစ်ချက်အရ ရှေ့လာမယ့် ၂ နှစ်အတွင်း တရုတ်နိုင်ငံအပေါ် အားထားမှုတွေကို လျှော့ချပြီး အရှေ့တောင် အာရှ နိုင်ငံတွေကို ရင်းနှီးမြုပ်နှံလိုသူပေါင်းဟာ ၂၀၁၁ ခုနှစ်မှာ ၁၅ ရာခိုင်နှုန်းသာ ရှိနေရာက အခုအခါ ၂၁ ရာခိုင်နှုန်းအထိ တိုးလာတာကို တွေ့ရှိခဲ့တာပါ။ လုပ်ငန်းတွေ ရွှေ့ပြောင်း လုပ်ကိုင်ဖို့ ထိပ်တန်း ဦးစားပေး အဖြစ်နဲ့ကတော့ မလေးရှားနဲ့ ဖိလစ်ပိုင် နိုင်ငံတွေကို ရွေးချယ်ထားကြပြီး၊ တတိယ ဦးစားပေး နိုင်ငံကတော့ အင်ဒိုနီးရှား ဖြစ်တယ်လို့လည်း ဒေသတွင်းမှာရှိတဲ့ အမေရိကန် ကုမ္ပဏီတွေအတွက် အလုပ်လုပ်ပေးနေတဲ့ အဆင့်မြင့် အမှုဆောင် အရာရှိပေါင်း ၃၅၆ ယောက် အပေါ် စစ်တမ်း ကောက်ယူထားတဲ့ အမေရိကန် ကုန်သည်ကြီးများ အသင်းရဲ့ လေ့လာချက်က တွေ့ရှိထားတာ ဖြစ်တဲ့အကြောင်း တင်ပြရင်းနဲ့ပဲ ဒီသီတင်းပတ်ရဲ့ စီးပွားရေး ကဏ္ဍကို ရပ်နားပါရစေ။

ကမ္ဘာပေါ်က အစုအဖွဲ့တွေ ဖွဲ့စည်းကြတဲ့ နေရာတိုင်းမှာ စိမ်ခေါ်မှုတွေ ကတော့ ရှိကြတာချည်းပါ ...အာဆီယံ အတွင်းရေးမှူးချုပ် Surin Pitsuwan ...