သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေါ်စုနဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း


Daw Aung San Suu Kyi interviews with VOA
Daw Aung San Suu Kyi interviews with VOA
အမေရိကန် ပြည်ထောင်စုကို ရောက်ရှိလာတဲ့ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ဟာ အင်္ဂါနေ့က ဝါရှင်တန် ဒီစီ မှာရှိတဲ့ ဗွီအိုအေ အမေရိကန်အသံ ရုံးချုပ်ကို ရောက်ရှိလာပြီး မြန်မာဌာနကလည်း သီးသန့် တွေ့ဆုံမေးမြန်း ခွင့်ရခဲ့ပါတယ်။ ဗွီအိုအေ မြန်မာပိုင်းရဲ့ အကြီးတန်း အယ်ဒီတာ ဦးကျော်ဇံသာ က တွေ့ဆုံမေးမြန်း ထားတာပါ။
ဒေါ်အောင်ဆန်းစုကြည်နဲ့ ဗွီအိုအေ သီးသန့်တွေ့ဆုံ မေးမြန်းခန်း
please wait

No media source currently available

0:00 0:13:46 0:00
တိုက်ရိုက် လင့်ခ်


အဓိက ပြောချင်တဲ့ စကားကတော့ ကျမတို့ဟာ ဒီမိုကရေစီ အပြည့်အဝတော့ မရသေးဘူး။ ကျမတို့ဟာ ဒီမိုကရေစီ လမ်းကို စပြီးတော့ လျှောက်နေပြီ။ အဲဒီတော့ ကျမတို့ဟာ ဒီမိုကရေစီ လမ်းကို စပြီးတော့ လျှောက်နေပြီ ကျမတို့ နိုင်ငံဟာ တကယ့်ကို ဒီမိုကရေစီကို အခြေခံတဲ့ လူ့အဖွဲ့အစည်းတခု ဖြစ်ချင်လို့ရှိရင် ဒီမိုကရေစီ အဆောက်အအုံတွေ ခိုင်မာချင်လို့ရှိရင် လုပ်စရာတွေ အများကြီး ရှိသေးတယ်။ အဲဒီတော့ အဲဒီလုပ်ငန်းတွေမှာ အမေရိကန် ပြည်ထောင်စုဟာ မိတ်ဆွေကောင်း တဦး အနေနဲ့ ကျမတို့နဲ့ ဝိုင်းဝန်းပြီးတော့ ဆောင်ရွက်တာကို ကျမတို့ အနေနဲ့ လိုလားတယ် ...
ဒေါ်အောင်ဆန်းစုကြည် ...
XS
SM
MD
LG