အောက်တိုဘာ ၂၀၊ ၂၀၁၂။ မြန်မာနိုင်ငံတွင်း စီးပွားရေးနဲ့ နိုင်ငံရေးပြုပြင်ပြောင်းလဲမှုတွေလုပ်လာပြီးတဲ့နောက်ပိုင်း၊ မြန်မာနိုင်ငံဟာ လူ့အခွင့်အရေးနဲ့ပတ်သက်လို့လည်း တိုးတက်မှုရှိလာတယ်ဆိုပြီး ချီးကျူးတာခံရပါတယ်။လူ့အခွင့်အရေးနဲ့ပတ်သက်လို့ ပြင်းပြင်းထန်ထန် ဝေဖန်ခံခဲ့ရတဲ့ မြန်မာနိုင်ငံဟာ နိုင်ငံတကာဆက်ဆံရေးနယ်ပယ်မှာလည်း အရင်လိုမဟုတ်ပဲ အသိအမှတ်ပြု ချီးကျုးမှုတွေ ခံနေရတာပါ။
နိုင်ငံတကာက ယူဆသလို မြန်မာနိုင်ငံမှာ လူ့အခွင့်အရေးအခြေအနေတွေ တကယ်ပဲ တိုးတက်လာတယ်လို့ ယူဆပါသလား။ နိုင်ငံတွင်းက လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့ အခု စနေ ညပိုင်း တိုက်ရိုက်လေလှိုင်းမှာ ဆွေးနွေးထားပါတယ်။ ၈၈ မျိုးဆက်ကျောင်းသားများအဖွဲ့က ကိုပြုံးချိုနဲ့၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က ရှေ့နေကြီး ဦးအောင်သိန်းတို့က အဓိက ဆွေးနွေးထားကြပါတယ်။