မြန်မာနိုင်ငံသမ္မတဦးသိန်းစိန်ဆီက ပေးစာတစ်စောင်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ် ဘန်ကီးမွန်း လက်ခံရရှိခဲ့တယ်လို့ ကုလသမဂ္ဂပြောခွင့်ရပုဂ္ဂိုလ်က ကြေညာချက်ထုတ်ပြန်ုလိုက်ပါတယ်။
ရခိုင်ပြည်နယ်အတွင်းမှာ အဓိပ္ပါယ်မဲ့ အကြမ်းဖက်မှုတွေကြောင့် အသက်တွေ လူတွေ သေဆုံးခဲ့ရမှု၊ ပစ္စည်းဥစ္စာတွေ ဆုံးရှုံးခဲ့ရမှု ဖြစ်ပေါ်ခဲ့ရခြင်းဟာဆိုရင်၊ ပြစ်မှုဆိုင်ရာလုပ်ရပ်တွေအဖြစ် သမ္မတဦးသိန်းစိန်က ရှုတ်ချထားပါတယ်။
တာဝန်ရှိသူတွေကို တရားဥပဒေနဲ့ အညီ ဖော်ထုတ် အရေးယူ သွားဖို့လည်း ကတိပြုထားပါတယ်။ ဒေါသ ရန်မီးတွေ အေးငြိမ်း သွားတဲ့အခါ၊ ဒီပြဿနာတွေကို နည်းလမ်းပေါင်းစုံနဲ့ ချဉ်းကပ် အဖြေရှာသွားမယ် လို့လည်း ဖော်ပြထားပါတယ်။
အခုလောလောဆယ်မှာ အဲဒီဒေသခံတွေအတွက် လိုအပ်နေတဲ့ စာနာမှု အထောက်အပံ့တွေ ပေးပို့ကူညီနိုင်ရေးအတွက် နိုင်ငံတကာ အသိုင်းအဝိုင်းနဲ့ ကျယ်ကျယ်ပြန့်ပြန့် ပူးပေါင်းဆောင်ရွက်နေကြောင်း ၊ နိုဝင်ဘာလ ၁၆ ရက်နေ့နေ့စွဲ တပ်ထားတဲ့ ကုလသမဂ္ဂရဲ့ ထုတ်ပြန်ချက်ထဲမှာ ပါရှိပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ ဒီစာနဲ့ အတူ လုပ်ဆောင်ချက်တွေကိုလည်း အတွင်းရေးမှူးချုပ် ဘန်ကီမွန်းက ကြိုဆိုလိုက်ပါတယ်။