သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

သမ္မတ အိုဘားမား ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြော


ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂
ရန်ကုန်တက္ကသိုလ်၊ ဘွဲ့နှင်းသဘင်ခန်းမတွင် မိန့်ခွန်းပြောနေသည့် သမ္မတ အိုဘားမား။ နိုဝင်ဘာ ၁၉၊၂၀၁၂
အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားဟာ တနင်္လာနေ့က မြန်မာနိုင်ငံ၊ ရန်ကုန်မြို့ဆီ ရောက်သွားပြီး နေ့လည်ပိုင်းက သမိုင်းဝင် ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းပြောကြားခဲ့ပါတယ်။

အမျိုးသားပြန်လည်သင့်မြတ်ရေး မရဘဲနဲ့တော့ ဘယ်လို ပြုပြင်ပြောင်းလဲရေးမျိုးမှ အောင်မြင်မှာမဟုတ်ဘူးလို့ သမ္မတ အိုဘားမားက အလေးထား ပြောဆိုခဲ့ပါတယ်။

ရန်ကုန်တက္ကသိုလ်မှာ မိန့်ခွန်းမပြောခင်မှာတော့ သမ္မတအိုဘားမားဟာ သမ္မတဦးသိန်းစိန်အပါအဝင် မြန်မာအစိုးရအဖွဲ့ ထိပ်တန်းခေါင်းဆောင်တွေနဲ့ တွေ့ဆုံခဲ့ပါတယ်။

အဲဒီနောက် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့လည်း တက္ကသိုလ်ရိပ်သာလမ်းက နေအိမ်မှာ တွေ့ဆုံခဲ့ ပါတယ်။

အကြောင်းအရာ အစုံအလင်ကို ပြောဆိုခဲ့တဲ့ သမ္မတရဲ့မိန့်ခွန်းထဲမှာ ရခိုင်ပြည်နယ်က အကြမ်းဖက်ပဋိပက္ခအခြေအနေတွေ အဆုံးသတ်အောင် လုပ်ဆောင်ဖို့ကိုလည်း တိုက်တွန်းပြောဆိုခဲ့ပါတယ်။

မြန်မာစစ်တပ်အနေနဲ့ ကျွမ်းကျင်တဲ့ စစ်ဘက်အဖွဲ့အစည်းဖြစ်လာဖို့နဲ့ လူ့အခွင့်အရေးကို မြှင့်တင်ဖို့အတွက် အမေရိကန် ပြည်ထောင်စုအနေနဲ့ ထိတွေ့ ဆက်ဆံသွားမယ်လို့လည်း သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။
XS
SM
MD
LG