သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အာရှ-ပစိဖိတ် လုံခြုံရေး ဂျပန် စိုးရိမ်


အမေရိကန်သမ္မတ အိုဘားမား (ဝဲဘက် ဒုတိယ)၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နို့ဒ (ယာ အစွန်) အာဆီယံ အစည်းအဝေးတွင် တွေ့မြင်ရပုံ။(၁၁၊ ၂၀၊ ၂၀၁၁၂။)
အမေရိကန်သမ္မတ အိုဘားမား (ဝဲဘက် ဒုတိယ)၊ ဂျပန်ဝန်ကြီးချုပ် ယိုရှီဟီကို နို့ဒ (ယာ အစွန်) အာဆီယံ အစည်းအဝေးတွင် တွေ့မြင်ရပုံ။(၁၁၊ ၂၀၊ ၂၀၁၁၂။)
အာရှ-ပစိဖိတ်ဒေသမှာ လုံခြုံရေးအခြေအနေ ဆိုးရွားလာနေတဲ့အပေါ် ဂျပန်ဝန်ကြီးချုပ် ယိုရှိဟိကို့ နို့ဒ က သတိပေးပြောဆိုလိုက်ပါတယ်။ ဝန်ကြီးချုပ် နို့ဒဟာ ကမ္ဘောဒီးယားနိုင်ငံမှာ ကျင်းပနေတဲ့ ဒေသတွင်း ထိပ်သီးအစည်းအဝေးပြင်ပမှာ အမေရိကန်သမ္မတ ဘရာ့ခ် အိုဘားမားနဲ့ အင်္ဂါနေ့က တွေ့ဆုံဆွေးနွေး ခဲ့ပါတယ်။

တရုတ်နိုင်ငံနဲ့ ဂျပန်အပါအဝင် အမေရိကန်ရဲ့ မဟာမိတ်နိုင်ငံအများအပြားအကြား နယ်မြေပိုင်ဆိုင်မှု ဆိုင်ရာ အငြင်းပွားနေတာ ပိုပြီးဆိုးရွားလာနေတဲ့အချိန် အာရှ-ပစိဖိတ်ဒေသဆီ မဏ္ဍိုင်ပြု ဦးတည်တဲ့ အမေရိကန်ရဲ့ မကြာသေးခင်က မူဝါဒကို သူ ကြိုဆိုပါ တယ်လို့ ဝန်ကြီးချုပ် နို့ဒက သမ္မတအိုဘားမား ကို ပြောခဲ့ပါတယ်။

သူတို့နှစ်ဦးအကြား ဆွေးနွေးပွဲဟာ အမေရိကန်နဲ့ဂျပန် နှစ်နိုင်ငံအကြား သူ့အဆိုအားဖြင့် သာမန်ထက် ထူးခြားတဲ့ မဟာမိတ် ဆက်ဆံရေးကို ထပ်လောင်းအတည်ပြုဖို့ နောက်ထပ် အခွင့်အရေး တခု ဖြစ်ပါတယ်လို့ သမ္မတအိုဘားမားက ပြောခဲ့ပါတယ်။

တရုတ်နဲ့ တခြားနိုင်ငံတွေအကြား နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စမှာ ဘယ်ဘက်ကမှ ရပ်တည်တာမျိုး မလုပ်ပါဘူး လို့ အမေရိကန်ကပြောထားပါတယ်။ ဒါပေမဲ့လည်း ဒေသတွင်းမှာ အမေရိကန်က အင်အားချိန်ခွင်လျှာညှိဖို့ လုပ်လာတာဟာ တရုတ်နိုင်ငံ အင်အားကြီးထွားလာတာကို ထိန်းချုပ်ဖို့ ရည်ရွယ်တာဖြစ်တယ်လို့ တရုတ်တို့က သံသယရှိပါတယ်။

မစ္စတာနို့ဒနဲ့ ဆွေးနွေးပွဲမှာသော်လည်းကောင်း ရာထူးကနေအနားယူတော့မယ့် တရုတ်ဝန်ကြီးချုပ် ဝမ်ကျားပေါင်နဲ့ ဆွေးနွေးပွဲမှာ ရော နယ်မြေပိုင်ဆိုင်မှုဆိုင်ရာ အငြင်းပွားနေတဲ့ကိစ္စနဲ့ပတ်သက်ပြီး သမ္မတအိုဘားမားက လူသိရှင်ကြား ပြောဆိုခဲ့တာမရှိပါဘူူး။
XS
SM
MD
LG