သုံးရလွယ်ကူစေသည့် Link များ

မြန်မာနိုင်ငံအပါအဝင် ဖွံဖြိုးဆဲနိုင်ငံတွေမှာ သေဆုံးရတဲ့ ကလေးငယ် အများစုမှာ တွေ့ရတဲ့ အာဟာရချို့တဲ့မှု့ကနေ ကာကွယ်ရာမှာ မိခင်နို့တိုက်ကျွေးမှု့အပြင်၊ ခြောက်လကျော်လာတဲ့ ကလေးတွေအတွက် မှန်မှန်ကန်ကန် ဖြည့်စွက်စာ ကျွေးရေးဟာ အထူးအရေးကြီးပါတယ်။

အခုလို မှန်ကန်တဲ့ ဖြည့်စွက်စာကျွေးမှု့ ဖြစ်နိုင်အောင် ခြောက်လမတိုင်ခင်မှာ ဖြည့်စွက်စာ မကျွေးဖို့နဲ့၊ ခြောက်လနောက်ပိုင်း မိခင်နို့ဆက်တိုက်ရင်း ဖြည့်စွက်စာကျွေးရာမှာလည်း ဘယ်လိုအစာတွေကို ဘယ်လို ပုံစံမျိုးနဲ့ ကျွေးပေးသင့်ပါသလဲ။

ဒီ ဖြည့်စွက်စာကျွေးမှု့နဲ့ ပတ်သက်ပြီး မြန်မာနိုင်ငံမှာ အယူအဆ မှားယွင်းနေတာတွေ ဘယ်လိုမျိုး ရှိနေပါသေးသလဲ။ ဒီအကြောင်းကို အသေးစိတ် သိရှိနိုင်ဖို့ ရန်ကုန်ဆေးတက္ကသိုလ် (၁) ရဲ့ ကလေးကျန်းမာ/ပညာဌာန ဌာနမှုး ပါမောက္ခ ဒေါက်တာစောဝင်း နဲ့ ကိုဝင်းမင်း ဆွေးနွေးသုံးသပ် တင်ပြထားပါတယ်။
XS
SM
MD
LG