ဇန်နဝါရီ ၅၊ ၂၀၁၃။ ပြည်တွင်းစစ်ဟာ မြန်မာနိုင်ငံလွတ်လပ်ရေးနဲ့အတူ ဖွားဖက်တော်ဖြစ်ပါတယ်။ တိုင်းရင်းသား လက်နက်ကိုင်လှုပ်ရှားမှုတွေကြောင့် အစိုးရ အဆက်ဆက်ဟာ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ကြိုးပမ်းခဲ့ကြပါတယ်။ အပစ်အခတ်ရပ်စဲရေးအဆင့်အထိသာ ခရီးပေါက်ပြီး ငြိမ်းချမ်းရေးကတော့ ဒီနေ့တိုင် အောင်မြင်မှုမရသေးပါဘူး။
စစ်ယူနီဖောင်းခွျွတ် လက်ရှိ အစိုးရလက်ထက်မှာလည်း နိုင်ငံရေးပြုပြင်ပြောင်းလဲမှုနဲ့ အတူ ပြည်တွင်း ငြိမ်းချမ်းရေးအတွက် အာဏာပိုင်တွေကြိုးပမ်းနေပါတယ်။ ပြည်တွင်းငြိမ်းချမ်းရေးအတွက် ရောင်နီသန်းလာတဲ့အချိန်မှာပဲ၊ မြန်မာပြည် မြောက်ပိုင်း ကချင်ပြည်နယ်က သေနက်သံတွေကြောင့် ယမ်းနံ လွှမ်းရပြန်ပါတယ်။
အခု သတင်းပတ် စနေညပိုင်း တိုက်ရိုက်လေလှိုင်းအစီအစဉ်မှာတော့ တိုင်းရင်းသားလက်နက်ကိုင်လှုပ်ရှားမှုနဲ့ ငြိမ်းချမ်းရေးအလားအလာတွေကို ဆွေးနွေးထားပါတယ်။ သင့်ဘ၀ မဂ္ဂဇင်းအယ်ဒီတာဟောင်းလည်းဖြစ် မြန်မာစီးပွား လူမှုဖွံဖြိုးရေးဗဟိုဌာန အကြီးတန်း သုတေသီလည်းဖြစ်တဲ့ ဦးတင်မောင်သန်း၊ ပွင့်လင်းလူ့အဖွဲ့အစည်း ဖော်ဆောင်ရေး ၈၈ မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမင်းဇေယျနဲ့ ကချင်သတင်းစဉ် အယ်ဒီတာ ကိုနော်ဒင်းတို့က ဆွေးနွေး ဖြေကြားထားပါတယ်။
နားဆင်ရန် -