သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ရဲရက်စက်မှုကြောင့်သေဆုံးမှု တောင်အာဖရိကစုံစမ်း


ရဲကားနောက်မှာ လမ်းတလျှောက် ဒရွတ်တိုက် ချိတ်ဆွဲခံခဲ့ရလို့ သေဆုံးသွားရသူတဦးရဲ့ အမှုမှာ ပတ်သက်နေတဲ့ ရဲတပ်ဖွဲ့ဝင် ၈ ယောက်ကို ရာထူးချ အရေးယူထားတယ်လို့ တောင်အာဖရိက ရဲတပ်ဖွဲ့က ပြောဆိုလိုက်ပါတယ်။

အမှုကို ဆက်ပြီး စုံစမ်းစစ်ဆေး အရေးယူသွားမှာဖြစ်ပြီး ဒေသခံ ရဲတပ်ဖွဲ့ အကြီးအကဲ တယောက်ကိုလည်း ရာထူးက ထုတ်ပစ်လိုက်ပြီလို့ ကော်မရှင်နာမင်းကြီး Riah Phiyega က သောကြာနေ့က ပြောဆိုပါတယ်။ မိုဇမ်ဘစ် နိုင်ငံသား အသက် ၂၇ နှစ်အရွယ် အငှားယာဉ် မောင်းသမား Mido Macia ကို ရဲကားနောက်မှာ လက်ထိပ်ခတ် ဆွဲသွားခဲ့တာကို လမ်းဘေးက မြင်တွေ့သူတချို့ ရိုက်ကူးခဲ့တဲ့ Video ထွက်လာပြီး အဲဒီ Video မှာ လမ်းဘေးက တွေ့မြင်သူတွေက ရဲကားရပ်ဖို့ တားဆီးပြောဆိုခဲ့ပေမဲ့ ရဲကားက ဆက်မောင်းသွားတာကို မျက်မြင် တွေ့ရှိရတာဖြစ်ပါတယ်။

အငှားယာဉ်မောင်း သမားဟာ သေဆုံးသွားခဲ့ရပါတယ်။ ဒီဖြစ်ရပ်ဟာ သိပ်ကို ကြောက်စရာကောင်းတဲ့၊ ဘယ်လိုမှ လက်မခံနိုင်တဲ့ လုပ်ရပ်အဖြစ် တောင်အာဖရိက သမ္မတ Jacob Zuma က ပြစ်တင် ပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG