သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြေကမ္ဘာထိန်းသိမ်းရေး အထိမ်းအမှတ် ကမ္ဘာအဝှမ်းဆင်နွှဲ


နယူးယောက်မြို့က Empire State အဆောက်အဦး (ဝဲ) စနေနေ့က တနာရီကြာ မီးပိတ်ပြီး Earth Hour အထိမ်းအမှတ်ဆင်နွှဲ။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
နယူးယောက်မြို့က Empire State အဆောက်အဦး (ဝဲ) စနေနေ့က တနာရီကြာ မီးပိတ်ပြီး Earth Hour အထိမ်းအမှတ်ဆင်နွှဲ။ (မတ်လ ၂၃ ရက်၊ ၂၀၁၃)။
ကမ္ဘာပေါ်က ထင်ရှားကျော်ကြားတဲ့ အဆောက်အဦးအတော်များများဟာ စနေနေ့ညက တနာရီကြာ အမှောင်ချပြီး မြေကမ္ဘာထိန်းသိမ်းရေး အထိမ်းအမှတ်အဖြစ် Earth Hour လို့ခေါ်တဲ့ လှုပ်ရှားမှုမှာ ပါဝင်ဆင်နွဲှခဲ့ကြပါတယ်။ ရာသီဥတု ပြောင်းလဲလာမှုအကြောင်း လူတွေ သိရှိနားလည်လာစေရေး ရည်ရွယ်ပြီး ကမ္ဘာ့ သဘာဝ တောရိုင်းတိရစ္ဆာန် ထိန်းသိမ်းရေး အဖွဲ့ကြီးက ဒီလှုပ်ရှားမှုကို ဦးဆောင် ကျင်းပခဲ့တာပါ။

ပြင်သစ်နိုင်ငံ ပဲရစ်မြို့က အီဖယ် မျှော်စင်၊ အမေရိကန် နယူးယောက်မြို့က Empire State အဆောက်အဦး၊ နောက် ဂျပန်နိုင်ငံက ဟီရိုရှီမား ငြိမ်းချမ်းရေး အထိမ်းအမှတ်အဆောက်အဦးနဲ့ အင်္ဂလန်နိုင်ငံက ဘက်ခ်ကင်ဟမ် နန်းတော်ကြီးနဲ့ မျှော်စင်တံတားတို့လည်းပဲ လျှပ်စစ်မီးဖြတ်တောက်ပြီး တနာရီ အမှောင်ချတဲ့ ဒီ လှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြပါတယ်။

ပုဂ္ဂလိက နေအိမ်အဆောက်အဦးတွေလည်းပဲ ဒီလှုပ်ရှားမှုမှာ ပါဝင်ပါတယ်။ ကမ္ဘာမြေကြီး သာယာကောင်းမွန်စေရေး ထောက်ခံတဲ့အနေနဲ့ နိုင်ငံပေါင်း ၁၅၀ က သန်းပေါင်း ရာနဲ့ချီတဲ့ ကမ္ဘာသူ ကမ္ဘာသားတွေ ဒီလှုပ်ရှားမှုမှာ ပါဝင်ခဲ့ကြကြောင်း စည်းရုံးလှုပ်ရှားသူတွေက ခန့်မှန်းပါတယ်။
Earth Hour လှုပ်ရှားမှုကို ၂၀၀၇ ခုနှစ်က သြစတြေးလျနိုင်ငံ၊ ဆစ်ဒနီမြို့မှာ စတင်ခဲ့တာ ဖြစ်ပါတယ်။
XS
SM
MD
LG