သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မဟာစင် မုန်တိုင်း အားပျော့ ပျက်ပြယ်ပြီ


mahasen cyclone
mahasen cyclone
Bangladesh နိုင်ငံကို ကြာသပတေးနေ့က ဝင်ရောက်တိုက်ခတ်ခဲ့တဲ့မဟာစင်ဆိုင်ကလုန်း မုန်တိုင်းဟာ ကုန်းတွင်းပိုင်းကို ရွေ့လျားသွားတာနဲ့အမျှ အင်အားပျော့ ပြီး အပူပိုင်း မုန်တိုင်း အသွင်ပြောင်းသွားပါပြီ၊ ဆိုင်ကလုန်း မုန်တိုင်း အသွင်နဲ့ B’desh ကမ်းရိုးတမ်းဒေသဖက်ဖြစ်တဲ့ စစ်တကောင်း နဲ့ Cox’s Bazar တွေဖက်ကို တိုက်ခတ်ခဲ့တဲ့အတွက် ၁၄ ယောက်ထက် မနည်း သေဆုံးခဲ့တယ်လို့ B’desh တာဝန်ရှိသူတွေက ပြောပါတယ်။

အင်အားပြင်း မုန်တိုင်း တိုက်မယ် ဆိုတဲ့အတွက် လူပေါင်း ၁ သန်းကျော်လောက် ကြိုတင် ဘေးကင်းရာ ပြောင်းရွှေ့နေခဲ့ကြပါတယ်၊ B’esh နဲ့ကပ်နေတဲ့ မြန်မာနိုင်ငံ မှာလည်း မုန်တိုင်းဒဏ်ကြောင့် သိပ်ပြီး ထိခိုက် ပျက်စီးမှု မရှိခဲ့ပါဘူး အရှေ့မြောက် ဖက် ကို ရွေ့သွားတာနဲ့အမျှ တဖြည်းဖြည်း အားပျော့ ပျက်ပြယ် သွားမယ်လို့ မိုးလေဝသနဲ့ ဇလဗေဒညွန်ကြားမှုဦးစီးဌာနက ခန့်မှန်း ထားပါတယ်၊ မုန်တိုင်း အခြေအနေကိုလဲ အစိမ်းရောင်အဆင့် သတ်မှတ် လိုက်ပြီး ရခိုင်ကမ်းရိုးတမ်းဖက်မှာ အန္တရာယ် ကင်းရှင်း သွားပြီလို့လည်း ပြောပါတယ်။
XS
SM
MD
LG