သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဒေးဗစ်ဘက်ခမ်း ဘောလုံးလောက-က အနားယူမည်


 David Beckham
David Beckham
အင်္ဂလိပ်ဘောလုံးအကျော် အမော်၊ David Beckham က သူဘောလုံး ကစားတာကနေ အနားယူတော့မယ် လို့ ကြေညာလိုက် ပါတယ်၊ ဘောလုံးလောကမှာ နှစ်ပေါင်း ၂၀ ကြာကစားခဲ့ပြီးနောက် ဒီနှစ်ဘောလုံးရာသီအကုန်မှာ အနားယူတော့မယ်လို့ အသက် ၃၈ နှစ်အရွယ် ဘောလုံး အကျော်အမော်က ကြာသပတေးနေ့က ပြောလိုက်တာဖြစ်ပါတယ်။

“သူ့အနေနဲ့ ဘောလုံးကစားရတာကို အရမ်းနှစ်သက်တကြောင့်၊ အခုလို အနားယူဖို့ ဆုံးဖြတ်ချက်ဟာ သူ့အတွက် ခက်ခဲတဲ့ဆုံးဖြတ်ချက်ဖြစ်ကြောင်း၊ သူ့အနေနဲ့ ထိပ်တန်းပြိုင်ပွဲတွေမှာ ကစားနိုင်သေးပေမယ့် ၊ ဒီအချိန်ဟာ သူ့အတွက် အနားယူဖို့ အမှန်ကန်ဆုံးအချိန်ဖြစ်တယ်” လို့ ဒေးဗစ်ဘက်ခမ်းက သူ့နဲ့ တချိန်တုန်းက မန်ယူအသင်းဖော်လည်းဖြစ်တဲ့ အရင်းနှီးဆုံးသူငယ်ချင်းလည်းဖြစ်တဲ့ ဂယ်ရီနယ်ဗဲလ် Gary Neville နဲ့ သီးသန့်တွေ့ဆုံမေးမြန်း ခန်းမှာ ပြောထားပါတယ်။

လောလောဆယ် ပြင်သစ်က Paris Saint-Germain ကလပ်မှာ ၅ လစာချုပ်ထားတဲ့ ဒေးဗစ်ဘက်ခမ်းဟာ ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ PSG အသင်းနဲ့ ပြင်သစ်အမှတ်ပေးချန်ပီယံဆုကို ရခဲ့ပြီးတော့၊ သူ့ဝင်ရောက်ကစားခဲ့တဲ့ ကလပ်အသင်းတိုင်းနဲ့ အမှတ်ပေးချန်ပီယံဆုတွေ ယူပြီး အောင်မြင်မှုတွေရခဲ့ပါတယ်။

ဒေးဗစ်ဘက်ခမ်းဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့ အတူ အမှတ်ပေးချန်ပီယံဆု ၆ ကြိမ် အပါအဝင် ရီးယဲလ်မက်ဒရစ် ၊ LA Galaxy အသင်းတွေနဲ့လည်း အမှတ်ပေးချန်ပီယံဆုတွေ ယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် သူဟာ မန်ချက်စတာယူနိုက်တက်အသင်းနဲ့လည်း ၁၉၉၉ ခုနှစ်က ဥရောပချန်ပီယံလိဂ် နဲ့ FA ဖလားတွေကို ယူပေးခဲ့ပါတယ်။ ဒေးဗစ်ဘက်ခမ်းဟာ အင်္ဂလန်အသင်းအတွက်လည်း ၁၁၅ ပွဲကစားပေးခဲ့ပြီး ကမ္ဘာဖလားမှာ ၁၉၉၈ ကနေ ၂၀၀၆ ခုနှစ်အထိ ၃ ကြိမ်ဝင်ကစားပေးခဲ့ပါတယ်။
XS
SM
MD
LG