သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တယ်လီဖုန်းမှတ်တမ်း စုဆောင်းမှု အစိုးရ ကာကွယ်ပြောဆို


အမေရိကန် အမျိုးသားလုံခြုံရေး အေဂျင်စီအဖွဲ့က နိုင်ငံထဲက သန်းနဲ့ ချီတဲ့တယ်လီဖုန်းခေါ်ဆိုမှုမှတ်တမ်းတွေကို စုဆောင်းခဲ့တယ်ဆိုတဲ့သတင်းကို Braintain သတင်းစာတစောင်ကဖော်ပြလိုက်ပြီးတဲ့နောက် ခုလိုသတင်းအချက်တွေအများကြီး စုဆောင်းမှုနဲ့ပါတ်သက်လို့ အမေရိကန်အစိုးရ က ကာကွယ်ပြောဆိုလိုက်ပါတယ်။

အမည်မဖော်ပြတဲ့ အဆင့်မြင့်အရာရှိကြီးတဦးက ပြောဆိုရာမှာ ခုလိုဆောင်ရွက်တာဟာ တမျိုးသားလုံးကို အကြမ်းဖက် တိုက်ခိုက်မယ့် အန္တရာယ်ကနေ ကာကွယ်ဖို့ အရေးပါတဲ့ လုပ်ရပ်ဖြစ်တယ်လို့ပြောဆိုပါတယ်။

အခုဆောင်ရွက်ချက်ဟာ အကြမ်းဖက်လုပ်ရပ်တွေမှာ ပါတ်သက်နိုင်ခြေရှိသူတွေ နဲ့ သံသယဖြစ်ဖွယ် ရှိတဲ့ အကြမ်းဖက်သမားတွေကြား ဆက်သွယ်မှု ရှိမရှိသိနိုင်ဖို့ အတွက် အကြမ်းဖက်မှုကာကွယ်ရေး အဖွဲ့ဝင်တွေကို လုပ်ပိုင် ခွင့်ပေး တာဖြစ်တယ် လို့ လည်း အဲဒီတာဝန်ရှိသူကပြောဆိုပါတယ်။ ကြာသာပတေးနေ့ထုတ် Britain နိုင်ငံ Guardian သတင်းစာကြီးက ပြီးခဲ့တဲ့ April လထဲက လျို့ဝှက် ထုတ်ပြန်တဲ့အမိန့်အရ အကြီးဆုံး အမေရိကန် တယ်လီဖုန်း Company တခုက တဆင့် တယ်လီဖုန်း ခေါ်ဆိုတဲ့ မှတ်တမ်းcall logs တွေကို အမျိုးသားလုံခြုံရေးအဖွဲ့ NSA က စုဆောင်းတာကို ဖော်ပြခဲ့တာ ဖြစ်ပါတယ်။

အဲဒီလိုလျှို့ဝှက် အမိန့်ထုတ်ပြန်တဲ့သတင်းကို Britain နိုင်ငံထုတ် Guardian သတင်းစာကြီးကဖော်ပြခဲ့တာဖြစ်ပါတယ်။ အမေရိကနိုင်ငံထဲမှာသာမက အမေရိကန်နဲ့ ပြည်ပနိုင်ငံတွေကြား နေ့စဉ် တယ်လီဖုန်း ဆက်သွယ် ပြောဆိုမှု Call logs တွေကို Verizon တယ်လီဖုန်းကုမ္ပဏီကတဆင့် စုဆောင်းခဲ့တာ ဖြစ်တယ်လို့ဆိုပါတယ်။

အဲဒီလျို့ဝှက်အမိန့်အရ တယ်လီဖုန်းခေါ်ဆိုမှုမှတ်တမ်းကိုသာ ဘာတွေပြောဆိုတယ်ဆိုတဲ့ စကားပြောဆက်သွယ်မှုတွေကိုတော့ စုဆောင်းပေးအပ်ဖို့မလိုကြောင်း The Newyork Times နဲ့ Washington Post သတင်းစာတွေက ဖော်ပြခဲ့ပါတယ်။ အရပ်ဖက်၊ လူ့အခွင့်အရေး ကာကွယ်ရေး အဖွဲ့တွေက အခုလုပ်ရပ်ကို ဝေဖန်ခဲ့ပြီး အမေရိကန်ပြည်ထောင်စုရဲ့ တရားဥပဒေအောက်မှာ အခုလို ကြီးမားကျယ်ပြန့်တဲ့ စုံစမ်းထောက်လှမ်းပိုင်ခွင့်မျိုးကို ကန့်ကွက်ခဲ့ကြတာလည်း ဖြစ်ပါတယ်။

အပြစ်မဲ့သူတွေကို အစိုးရရဲ့စုံစမ်းထောက်လှမ်းမှုအောက် ရောက်နေရတယ် လို့ အရပ်ဖက် လူ့အခွင့်အရေး ယူနီယံအဖွဲ့ညွန်ကြားရေးမှူး Jameel Jaffer ကပြောဆိုခဲ့ပါတယ်။
XS
SM
MD
LG