တောင်နဲ့ မြောက်ကိုရီးယားနှစ်နိုင်ငံအကြား တရားဝင် ဆွေးနွေးမှုတွေ ပြန်စဖို့ မြောက်ကိုရီးယားရဲ့ ကမ်းလှမ်းချက်ကို တောင်ကိုရီးယားက လက်ခံလိုက်ပါတယ်။ ဒါဟာ ကိုရီးယားကျွန်းဆွယ်မှာ သီတင်းပတ် အတော်ကြာ ဆက်ဆံရေးတွေ ဆိုးရွားခဲ့ပြီးတဲ့နောက် သံတမန်ရေးအရ ထိုးဖောက် ကျော်လွှားနိုင်မယ့် နည်းလမ်းပေါ်ထွက်လာတာဖြစ်ပါတယ်။
နှစ်နိုင်ငံအကြား ပူးတွဲလုပ်ဆောင်နေတဲ့ ကုန်သွယ်ရေး စီမံချက် ၂ ခုကိစ္စ ဆွေးနွေးပွဲတွေ ပြန်စဖို့ မြောက်ကိုရီးယားရဲ့ ကိုရီးယားနှစ်နိုင်ငံ ငြိမ်းချမ်းစွာ ပြန်လည်ပေါင်းစည်းရေး ကော်မီတီက ကြာသပတေးနေ့မှာ အဲဒီလို ကမ်းလှမ်းလိုက်တာ ဖြစ်ပါတယ်။ ဒါ့အပြင် လူသားချင်း စာနာမှုဆိုင်ရာ ကိစ္စရပ်တွေကိုလည်း ဆွေးနွေးဖို့ တံခါးဖွင့်ထားတယ်လို့ မြောက်ကိုရီးယားက ပြောပါတယ်။
ဒီကမ်းလှမ်းချက်ကို တောင်ကိုရီးယား ပြန်လည်ပေါင်းစည်းရေးဝန်ကြီးဌာနက အလျင်အမြန် လက်ခံလိုက်ပြီး ဒီဆွေးနွေးမှုတွေကနေ အိမ်နီးချင်း နှစ်နိုင်ငံအကြား ယုံကြည်မှုတွေ တည်ဆောက်နိုင်လိမ့်မယ်လို့ မျှော်လင့်ကြောင်း ပြောပါတယ်။ လုပ်ငန်းဆိုင်ရာ ဆွေးနွေးပွဲတွေကို တောင်ကိုရီးယားနိုင်ငံ ဆိုးလ်မြို့မှာ လာမယ့် ဇွန်လ ၁၂ ရက်နေ့ စတင် ဆွေးနွေးလိုတယ်လို့ ပြောပါတယ်။ တောင်ကိုရီးယားရဲ့ ပြန်လည် ကမ်းလှမ်းချက်နဲ့ ပတ်သက်လို့ မြောက်ကိုရီးယားဖက်က တစုံတရာ တုန့်ပြန်ခြင်း မရှိသေးပါဘူး။
အရင်တုန်းကတော့ မြောက်ကိုရီးယားဖက်က သူ့ရဲ့ နြူကလီးယားအစီအစဉ်ကို စွန့်လွတ်မယ်လို့ သဘောမတူမချင်း ကဏ္ဍစုံ ဆွေးနွေးပွဲလုပ်ဖို့ တောင်ကိုရီးယားဖက်က ဝန်လေးနေလေ့ ရှိပါတယ်။