သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဂရိပြည်လုံးကျွတ် သပိတ် စတင်


 ဂရိဆန္ဒပြသူများကို ရုပ်သံဌာနချုပ်ရုံးတွင် တွေ့ရစဉ်။
ဂရိဆန္ဒပြသူများကို ရုပ်သံဌာနချုပ်ရုံးတွင် တွေ့ရစဉ်။
ဂရိ နိုင်ငံမှာ အစိုးရပိုင် ERT ရုပ်သံလွှင့်လုပ်ငန်းကို ပိတ်လိုက်တဲ့အပေါ်
မကျေနပ်ကြလို့ သမဂ္ဂတွေဆော်သြတဲ့ ပြည်လုံးကျွတ်သပိတ်ကို ဒီကနေ့
ကြာသပတေးနေ့မှာ စတင်နေတဲ့အတွက် ဂရိနိုင်ငံတဝန်းမှာ Bus ကား မီးရထား
အသွားအလာတွေ ရပ်ဆိုင်းနေပါတယ်၊ အသုံးစားရိတ်လျှော့ချတဲ့အနေနဲ့ ERT
ရုပ်သံလုပ်ငန်းကို ပိတ်မယ်လို့ အင်္ဂါနေ့က အသိပေးပြီး နာရီပိုင်းအကြာ
ဗုဒ္ဓဟူးနေ့ အစောပိုင်းမှာ ရုပ်သံလွှင့်မှုတွေအားလုံးကို အစိုးရက
ရပ်လိုက်တာဖြစ်ပါတယ်၊ ERT ရုပ်သံလုပ်ငန်း ပြန်ပြီး မလည်ပါတ် မချင်း
သပိတ်မှောက်ကြဖို့ ဂရိသတင်းသမဂ္ဂတွေက ဆော်သြထားပါတယ်၊

ဒီလို အစိုးရပိုင် ရုပ်သံလွှင့် လုပ်ငန်းကို ပိတ် လိုက်တဲ့အတွက် ဝန်ကြီးချုပ် Antonis Samaras ကို သူ့ရဲ့ ညွှန့်ပေါင်းမဟာမိတ်တွေကလဲ ဝေဖန်ကြပါတယ်၊ ERT ရဲ့လုပ်ငန်းတွေကို လျှော့ချပြီး ရုပ်သံလွှင့်လုပ်ငန်းတွေကို ပြန်မစခင်မှာ
ယာယီရပ်ဆိုင်းထားတာဖြစ်ပါတယ်လို့ အစိုးရဖက်ကတော့ ပြောပါတယ်၊ ဘယ်တော့ ပြန်စမယ်ဆိုတဲ့ ရက်ကိုတော့ မပြောပါဘူး၊ ဒီလို ရပ်ဆိုင်းလိုက်တဲ့အတွက် ဝန်ထမ်း ၂ ထောင့် ၅ ရာလောက် အလုပ်လက်မဲ့ ဖြစ်ကုန်ပါတယ်၊ အကြွေးပိနေတဲ့
ဂရိနိုင်ငံဟာ နိုင်ငံတကာ ငွေကြေးကျားကန်မှုတွေကြားမှာ မနည်းကြိုးစား
ရပ်တည်နေရတာဖြစ်ပါတယ်၊
XS
SM
MD
LG