သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဆီးရီးယား အစိုးရ ဓာတုလက်နက် အသုံးပြုမှု အမေရိကန်တွေ့ရှိ


ဆီးရီးယား အစိုးရတပ်နဲ့ သူပုန်တပ်ကြား ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတစ်ဦးကို အရေးပေါ် ကယ်တင်လာကြစဉ်။
ဆီးရီးယား အစိုးရတပ်နဲ့ သူပုန်တပ်ကြား ပစ်ခတ်မှုအတွင်း ဒဏ်ရာရသူတစ်ဦးကို အရေးပေါ် ကယ်တင်လာကြစဉ်။
ဆီးရီးယားအစိုးရဟာ သူပုန်တွေကို တိုက်တဲ့နေရာမှာ ဓါတုလက်နက်တွေ အသုံးပြုတယ်ဆိုတဲ့ ခိုင်လုံတဲ့ သက်သေအထောက်အထားတွေ ရထားတယ်လို့ အမေရိကန်အစိုးရ ပြောကြားလိုက်ပါတယ်။ ဒီလို ဓါတုလက်နက်သုံးတာဟာ သတ်မှတ်ထားတဲ့ သည်းခံနိုင်တဲ့ အတိုင်းအတာကို ကျော်သွားမှာဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။ ထောက်လှမ်းရေး သတင်းတွေအရတော့ ၊ ပြီးခဲ့တဲ့နှစ်အတွင်း ဓါတုလက်နက်တွေ အနည်းငယ်သုံးပြီး တိုက်ခိုက်တာတွေ လုပ်ခဲ့တဲ့အတွက် လူ ၁၅၀ လောက် သေဆုံးခဲ့တယ်လို့ အမျိုးသားလုံခြုံရေး ဒု-အကြံပေးအရာရှိ Ben Rhodes က သတင်းထောက်တွေကို ကြာသာပတေးနေ့က ပြောကြားခဲ့ပါတယ်။

အဲဒီ့အရေအတွက်ဟာ အပြည့်အစုံ မဟုတ်နိုင်ဘူးလို့လည်း သူက ပြောပါတယ်။
ဆီးရီးယားအစိုးရက အသုံးပြုတဲ့ ဓါတုလက်နက်တွေ အထဲမှာ Sarin ဓါတ်ငွေ့လည်း ပါနိုင်တယ်လို့ Rhodes က ပြောပါတယ်။ သူပုန်တွေမှာလည်း ဓါတလက်နက်တွေရှိတယ်၊ ဓါတုလက်နက်တွေအသုံးပြုတယ်ဆိုတာနဲ့ ပတ်သက်ပြီးတော့ ခိုင်လုံတဲ့ အတည်ပြုနိုင်တဲ့ သတင်းမရှိဘူးလို့ သူကပြောပါတယ်။

ဆီးရီးယားအစိုးရက ဓါတုလက်နက်တွေအသုံးပြုနေတယ်ဆိုတာကို သူတို့အနေနဲ့ အခိုင်အမာယုံကြည်ထားတယ်လို့ လွန်ခဲ့တဲ့ လအတော်ကြာကတည်းက အမေရိကန်ထောက်လှမ်းရေးတွေကပြောနေခဲ့တာဖြစ်ပါတယ်။ ဒါပေမဲ့ သမ္မတအိုဘားမားအစိုးရကတော့ နောက်ထပ်ဘာလုပ်မယ်ဆိုတာကို မဆုံးဖြတ်ခင်မှာ သူတို့အနေနဲ့ ခိုင်မာတဲ့ သက်သေ အထောက်အထားတွေကို တွေ့ရဖို့လိုတယ်လို့ ပြောခဲ့ပါတယ်။

သမ္မတအိုဘားမားဟာ နိုင်ငံရေးအရရော ၊ စစ်ရေးအရပါ အရေးယူဖို့အတွက် စဉ်းစားနေကြောင်း၊ ဒါပေမဲ့ ဘယ်လောက်အထိ မြန်မြန်လုပ်ပြီး ၊ ဘယ်အတိုင်းအတာအထိ ပါဝင်ပတ်သက်မယ်ဆိုတာတော့ ရှင်းရှင်းလင်းလင်းမသိရသေးဘူးလို့ အိမ်ဖြူတော်က ပြောပါတယ်
XS
SM
MD
LG