မြန်မာနိုင်ငံမှာ ရိုဟင်ဂျာမူစလင်တွေကို ဆန့်ကျင်တဲ့ လူ့အခွင့်ရေး ချိုးဖေါက်မှုတွေကို ချက်ချင်း ရပ်ဆိုင်းဖို့ ဥရောပသမဂ္ဂက လွှတ်တော်အမတ်တွေက ပန်ကြားလိုက်ပါတယ်။ ကြာသပတေးနေ့ Brussels မှာကျင်းပတဲ့ MEP လို့ခေါ်တဲ့ ဥရောပသမဂ္ဂ လွှတ်တော်အမတ်တွေရဲ့ အစည်းအဝေးမှာ အခုလိုပြောဆိုလိုက်တာပါ။
ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက ဒီအကြမ်းဖက်တိုက်ခိုက်မှု ကျူးလွန်သူတွေနဲ့ တခြား လူ့အခွင့်အရေး ချိုးဖေါက်သူတွေကို တရားဥပဒေအရ အရေးယူပေးဖို့ မြန်မာအစိုးရကိုရော လူမှု အသိုင်းအဝိုင်းတခုလုံး ကိုပါ တောင်းဆိုခဲ့ပါတယ်။ ဒါ့အပြင် မြန်မာနိုင်ငံမှာ လုံခြုံရေး တာဝန်ယူထားသူတွေကပါ ဒီအကြမ်းဖက်မှု ကျူးလွန်ရာမှာ ပါဝင်နေတယ် ဆိုတဲ့ စွပ်စွဲချက်တွေအတွက် စုံစမ်းစစ်ဆေးပေးဖို့လည်း ဥရောပသမဂ္ဂအမတ်တွေက ထပ်ပြီး တောင်းဆိုခဲ့ပါတယ်။
ပြီးခဲ့တဲ့ နှစ်တွေအတွင်း ဒီမိုကရေစီပြုပြင်ပြောင်းလဲမှုတွေလုပ်ခဲ့တာအတွက် ဥရောပသမဂ္ဂလွှတ်တော်အမတ်တွေက အသိအမှတ်ပြုတာနဲ့ တချိန်ထဲမှာပဲ ရိုဟင်ဂျာမူဆလင်တွေရဲ့ အခြေအနေတွေ အပါအဝင် မြန်မာနိုင်ငံတွင်း တင်းမာမှုတွေ ဖြစ်စေတဲ့ အခြေခံ အကြောင်းရင်းတွေအတွက် အဖြေရှာဖို့လည်း တိုက်တွန်းခဲ့ပါတယ်။
ဥပရောသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ ပါတ်သက်ပြီး လေးစားလိုက်နာမှု ရှိမရှိ ဥရောပကော်မရှင်ကနေ အနီးကပ်စောင့်ကြည့်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။ ဥရောပနိုင်ငံများ လွတ်လပ်ရေးနဲ့ ဒီမိုကရေစီအဖွဲ့က Jaroslav Paska က -
ဥရောပသမဂ္ဂကနေ မြန်မာနိုင်ငံအတွက် ကုန်သွယ်ရေးဆိုင်ရာ အထူးခံစားခွင့်တွေ ပြန်ချထားပေးတာနဲ့ တချိန်ထဲမှာပဲ မြန်မာနိုင်ငံမှာ လူ့အခွင့်ရေးချိုးဖေါက်မှုတွေ မရှိစေဖို့ ဖိအားတွေ ပေးသင့်တယ်လို့ မစ္စတာ ပါစကာကပြောသွားတာပါ။
ဥရောပသမဂ္ဂလွှတ်တော်အမတ်များအဖွဲ့ရဲ့ အစည်းအဝေး ကနေ မြန်မာနိုင်ငံ တွင်း ဒီမိုကရေစီရေး ပြောင်းလဲမှုတွေနဲ့ ပါတ်သက်ပြီး အီးယူက အနီးကပ် စောင့်ကြည့့််သလို လာမယ့် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲ အတွက်လည်း အီးယူက စောင့်ကြည့်လေ့လာသူတွေ စေလွှတ်ဖို့လည်း တိုက်တွန်းခဲ့ပါတယ်။