ကချင်ပြည်နယ်အတွင်းက စစ်ဘေးဒုက္ခသည်တွေအတွက် ကုလသမဂ္ဂ အကူအညီတွေကို မြန်မာအစိုးရက ပို့ခွင့်ပြုလိုက်တဲ့ အပေါ်မှာ ကျေးဇူးတင် တယ်လို့ ကုလသမဂ္ဂက ပြောကြား လိုက်ပါတယ်။ မြန်မာအစိုးရက အခုလိုခွင့်ပြု လိုက်တာဟာ အပြု သဘောဆောင်တဲ့ခြေလှမ်း တရပ်ဖြစ်ပြီး၊ နောက်ထပ်လည်း အကူအညီတွေလည်း ပေးသွားဖို့ရှိနေတယ်လို့ ပြောလိုက်ပါတယ်။ ဒီအခြေအနေ အပြည့်အစုံကို ဆက်ပြီးတော့ ကြည့်ရအောင်ပါ။
ကချင်ပြည်နယ်အတွင်းက အိုးအိမ်းစွန့်ခွာထွက်ပြေးနေကြရတဲ့ ဒုက္ခသည်တွေကို လူသားချင်းစာနာမှုဆိုင်ရာ အကူအညီတွေ ပေးနိုင်ဖို့အတွက် ကုလသမဂ္ဂ ဦးဆောင်တဲ့ အကူအညီပေးရေး ယာဉ်တန်းကို သွားခွင့်ပြု တဲ့ မြန်မာ အစိုးရကရော ကချင်လွတ်မြောက်ရေးအဖွဲ့ KIO တို့က ပူးပေါင်းဆောင်ရွက်မှု ကို အသိအမှတ်ပြုတယ်လို့ ကုလသမဂ္ဂ လူသားချင်း စာနာမှုဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးမှူး Ashok Nigam က ပြောလိုက်ပါတယ်။
ကား ၁၀ စင်းပါတဲ့ ကုလသမဂ္ဂယာဉ်တန်းဟာ မိုင်ဂျာယန်မြို့ကို ဗုဒ္ဓဟူးနေ့က ထွက်ခွာသွားပြီး ၊ ပဋိပက္ခတွေကြောင့် ထွက်ပြေးနေကြတဲ့ ဒုက္ခသည် ၅ ထောင်ကျော်အတွက် အကူအညီတွေကို သယ်ဆောင်သွားတယ်လို့ Ashok Nigam ရဲ့ ပြောကြားချက်ကို ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင်နာ စာကီးက အခုလို ပြန်ပြောပြပါတယ်။
"ဒီယာဉ်တန်းဟာ ကချင်ပြည်နယ်က ဒုက္ခသည်တွေကို အကူအညီပေးဖို့ အတွက် မြန်မာအစိုးရဘက်က အပြုသဘောဆောင် တဲ့ ခြေလှမ်း တရပ်ဖြစ် ပါတယ်။ ကုလသမဂ္ဂရဲ့ အခုသွားနေတဲ့ ယာဉ်တန်းဟာ အကူအညီပေးဖို့ စီစဉ်ထားတာတွေထဲက ပထမဆုံးတခုဖြစ်သလို၊ ကချင်ပြည်နယ် အတွင်းက အိုးအိမ်စွန့်ခွာထွက်ပြေးနေတဲ့သူတွေ အားလုံးကို ပုံမှန်အတိုင်း ဆက်ပြီး ထားနိုင်ဖို့က အရေးကြီးပါတယ်။"
ကချင်စစ်ဘေးကြောင့် ဒုက္ခရောက်နေတဲ့သူတွေကို အကူအညီပေးဖို့အတွက် လူသားချင်းစာနာမှုဆိုင်ရာ အကူအညီပေးရေးအဖွဲ့တွေက အသင့်ရှိနေပြီး ၊ ဒီလို အကူအညီတွေကို တားဆီး ကန့်သတ်တာတွေ မလုပ်ဘဲ၊ ဘေးကင်း လုံခြုံစွာ ပေးနိုင်အောင် အာမခံဖို့ မြန်မာအစိုးရနဲ့ KIO တို့ဆီက မျှော်လင့် တယ်လို့ ပြောပါတယ်။
"လူသားချင်းစာနာမှု ၊ ဘက်မလိုက်ပဲ ကြားနေဆောင်ရွက်မှု နဲ့ လွတ်လွတ်လပ်လပ် လုပ်ကိုင်ဆောင်ရွက်မှု စတဲ့ လူသားချင်းစာနာတဲ့ အခြေခံမူတွေနဲ့ အညီ ကျနော်တို့က အကူအညီတွေကို ဆက်ပြီးတော့ ထောက်ပံ့ကူညီသွားမှာဖြစ်ပါတယ်။"
ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရဲ့ ပြောခွင့်ရပုဂ္ဂိုလ် မာတင် နာစာကီး ပြောသွား တာဖြစ်ပါတယ်။ မြန်မာအစိုးရ နဲ့ KIO ကြား အပစ်အခတ် ရပ်စဲရေး သဘောတူညီချက်တွေ ပြီးခဲ့တဲ့လက ရရှိခဲ့ပြီးတဲ့နောက်ပိုင်း ဒါဟာ ဒုက္ခသည်တွေအတွက် ပထမဆုံးအကြိမ် အကူအညီတွေပေးပို့ခွင့် ရတာဖြစ်ပါတယ်။