သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ပြန်ပေးဆွဲငွေတောင်းမှု မလိုက်လျောဖို့ G-8 သဘောတူ


G-8 အစည်းအဝေးတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးနေသော အမေရိကန် သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (ဂျွန်လ၊ ၁၇၊ ၂၀၁၃။)
G-8 အစည်းအဝေးတွင် အလွတ်သဘောတွေ့ဆုံဆွေးနွေးနေသော အမေရိကန် သမ္မတအိုဘားမားနဲ့ ရုရှားသမ္မတ ပူတင် (ဂျွန်လ၊ ၁၇၊ ၂၀၁၃။)
G-8 စက်မှုထိပ်သီးနိုင်ငံ ၈ နိုင်ငံခေါင်းဆောင်တွေဟာ အကြမ်းဖက်သမားတွေ ပြန်ပေးဆွဲ ငွေညှစ်တဲ့ကိစ္စတွေကို မလိုက်လျောကြဖို့ သဘောတူညီမှုရခဲ့ပါတယ်။

ဒါပေမဲ့ နှစ်နှစ်ကြာဖြစ်ပွားနေတဲ့ ဆီးရီးယားပဋိပက္ခ ဘယ်လို ကိုင်တွယ် ဖြေရှင်းကြမလဲ ဆိုတဲ့ကိစ္စ သဘောတူညီမှုရဖို့အတွက်ကိုတော့ ကြိုးပမ်းနေရဆဲဖြစ်ပါတယ်။

မြောက်ပိုင်းအိုင်ယာလန်မှာ ၂ ရက်ကြာ ကျင်းပတဲ့ ထိပ်သီးဆွေးနွေးပွဲ အဆုံးသတ်ဖို့ နီးကပ်လာချိန်မှာ ဗြိတိန်ဝန်ကြီးချုပ် ဒေးဗစ်ကင်မရွန်းရဲ့ ဆန္ဒဖြစ်တဲ့ ပြန်ပေးဆွဲပြီး ငွေညှစ်တဲ့ ကိစ္စကို မလိုက်လျောဖို့ဆိုတဲ့ သဘောတူညီချက် ရရှိသွားခဲ့ပါတယ်။

အထူးသဖြင့် အနောက်နိုင်ငံ ရေနံကုမ္ပဏီတွေ လုပ်ငန်း လုပ်ကိုင်နေကြ တဲ့ နိုင်ဂျီးရီးယားနဲ့ အနောက် အာဖရိကဒေသတွေ မှာ ပြန်ပေးဆွဲမှုတွေ တိုးများလာနေပါတယ်။ နိုင်ငံအနှံ့မှာလုပ်ကိုင်နေတဲ့ ကော်ပိုရေးရှင်းကြီးတွေအနေနဲ့ သူတို့နိုင်ငံအတွင်းမှာ အခွန်အတုတ်ပေးစရာရှိတာတွေကို ရှောင်နေ တဲ့ ဖြစ်ရပ်တွေကို တားဆီးသွားဖို့ G-8 နိုင်ငံခေါင်းဆောင်တွေ သဘောတူခဲ့ကြပါတယ်။

ဒါပေမဲ့ ဆီးရီးယားခေါင်းဆောင် သမ္မတ ဘက်ရှာအယ်လ် အာဆတ်ဒ် ကို ထောက်ခံသူတွေနဲ့ ဆန့်ကျင်သူ သူပုန်တွေအကြား စစ်ပွဲတွေဖြစ်ပွားနေ တာကို ဘယ်လိုကိုင်တွယ် ဖြေရှင်းမယ်ဆိုတာနဲ့ ပတ်သက်ပြီးဆွေးနွေးရာ မှာတော့ G-8 ခေါင်းဆောင်တွေ အကြား ခက်ခဲမှုတွေရှိနေပါတယ်။

တခြားခေါင်းဆောင်တွေနဲ့ ရုရှားသမ္မတ ဗလာတီဒီမီယာ ပူတင်တို့ ကြားမှာ သဘောကွဲလွဲမှုတွေ ဖြစ်နေတာပါ။

ဆီးရီးယားအစိုးရကို လက်နက်တွေပေးပို့နေတဲ့ မစ္စတာပူတင်နဲ့ သူပုန်တွေကို လက်နက်တပ်ဆင်ပေးမယ်ဆိုပြီး သဘောတူထားတဲ့ အမေရိကန်သမ္မတ ဘာရက် အိုဘားမားတို့ တနင်္လာနေ့တုံးက ၂ နာရီကြာ ဆွေးနွေးခဲ့ကြပါ တယ်။ ဆွေးနွေးရာမှာ ဆီးရီးယားက ပဋိပက္ခတွေ အဆုံးသပ်ရမယ် ဆိုတာလောက်ပဲ သဘောတူညီမှု ရခဲ့ကြပါတယ်။
XS
SM
MD
LG