သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

မြန်မာ့အကျပ်အတည်း အကူအညီပေးကြဖို့ ဗြိတိန်ဖွံ့ဖြိုးရေး ဝန်ကြီး တိုက်တွန်း


ကချင်ဒုက္ခသည်စခန်းမြင်ကွင်း။
ကချင်ဒုက္ခသည်စခန်းမြင်ကွင်း။
မြန်မာနိုင်ငံ ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေမှာ ရေဘေးဒဏ် သင့်နိုင်တဲ့သူတွေကို အကူအညီပေးဖို့ အတွက် နိုင်ငံတကာအနေနဲ့
ပိုပြီး အားထုတ်ဆောင်ရွက်ဖို့နဲ့၊ ပြည်တွင်းပဋိပက္ခတွေကို
ဖြေရှင်းရေးဆွေးနွေးပွဲတွေ ကို ပိုပြီးအားပေးဖို့အတွက် ဗြိတိန်အစိုးရရဲ့
နိုင်ငံတကာ ဖွံ့ဖြိုးရေးဌာန DIFID ဝန်ကြီးက ပြောကြားလိုက်ပါတယ်။

ဒီသတင်းပါတ်အစောပိုင်းအထိ မြန်မာနိုင်ငံကို ၄ ရက်လာသွားတဲ့ DFID
ဌာနဝန်ကြီး Alan Duncan ဟာ အစိုးရဝန်ကြီးတွေ၊ ဒေါ်အောင်ဆန်းစုကြည်နဲ့
တိုင်းရင်းသားခေါင်းဆောင်တွေ လူထု အခြေပြု အဖွဲ့ခေါင်းဆောင်တွေ တွေ့ဆုံ ခဲ့စဉ်မှာ မြန်မာနိုင်ငံက ပဋိပက္ခတွေဖြေရှင်း ဖို့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေ ကို ဗြိတိန်အနေနဲ့ ဘယ်လိုကူညီနိုင်မလဲ မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်အောင်
ဘယ်လိုလုပ်နိုင်မလဲဆိုတာကို ဆွေးနွေးခဲ့တယ်လို့ ဒီကနေ့ ထုတ်ပြန်တဲ့
ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်နဲ့ ကချင်ပြည်နယ်တွေကို ဗြိတိန်ဝန်ကြီး သွားရောက်ခဲ့တာမှာ လူသားချင်းစာနာမှု အကူအညီတွေ မလုံလောက်ဘူးလို့ ရခိုင်ပြည်နယ်ကို ကိုယ်တိုင်သွားခဲ့တဲ့ ဗြိတိန်ဝန်ကြီးက ပြောပါတယ်၊ ဒုက္ခသည်တွေ နေရပ်ပြန် နိုင်ရေး အတွက် လူမှုအသိုင်းအဝိုင်းတွေကလည်း ဝိုင်းဝန်းကူညီကြဖို့ ဗြိတိန်အစိုးရ ရဲ့ နိုင်ငံတကာဖွံ့ဖြိုးရေးဌာန ဝန်ကြီး Alan Duncan
ကတိုက်တွန်းထားပါတယ်။
XS
SM
MD
LG