အင်တာနက်ကို လွတ်လွတ်လပ်လပ် သုံးခွင့်ရှိတာနဲ့ စည်းကမ်းရှိတာကို ဘယ်လို ချိန်ညှိုကြသလဲဆိုတဲ့ နေရာမှာ အမေရိကန်ပြည်ထောင်စုလို အင်တာနက် လွတ်လပ်ခွင့်ရှိတဲ့ နိုင်ငံက အခြေအနေကို အခုတပါတ်မှာ တင်ပြပါမယ်၊ Online ပေါ်ရောက်သွားပြီဆိုရင် ကိုယ်ဘယ်သူဖြစ်သလဲ ဆိုတာကို ခြေရာဖျောက်နိုင်တာမို့ မရေးသင့်တဲ့ အကြောင်းတွေ၊ မဖော်ပြသင့်တဲ့ ကိစ္စတွေကို ရေးနေ တင်နေကြတဲ့သူတွေက နိုင်ငံတိုင်းမှာ ရှိကြပါတယ်၊ ဒီလိုကိစ္စတွေကို ဘယ်လိုအရေးယူနိုင်သလဲဆိုတာကို တင်ပြထားပါတယ်၊