သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကန်သမ္မတအိုဘားမား ဆီနီဂေါနိုင်ငံ ဆိုက်ရောက်


ဆီနီဂေါသမ္မတ နဲ့ အမေရိကန်သမ္မတ အိုဘားမားကို ဆီနီဂေါ မြို့တော် Dakar မှာ ကြာသပတေးနေ့က ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။ (ဇွန် ၂၇၊ ၂၀၁၃)
ဆီနီဂေါသမ္မတ နဲ့ အမေရိကန်သမ္မတ အိုဘားမားကို ဆီနီဂေါ မြို့တော် Dakar မှာ ကြာသပတေးနေ့က ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း တွေ့ရစဉ်။ (ဇွန် ၂၇၊ ၂၀၁၃)
အာဖရိကတိုက်ကို အထောက်ပံ့ အကူအညီတွေ ပေးနေတာထက် ကုန်သွယ်ရေးနဲ့ ပူးပေါင်းဆောင်ရွက်ရေးလုပ်ငန်းတွေ လုပ်ဆောင်တဲ့ ပုံစံမျိုးကို အခြေခံပြီး ပြောင်းလဲ ဆက်ဆံလိုတယ်လို့ အမေရိကန်သမ္မတ Barack Obama က ပြောပါတယ်။

ဆီနီဂေါသမ္မတ Macky Sall နဲ့ မြို့တော် Dakar မှာ ကြာသပတေးနေ့က ပူးတွဲ ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲအတွင်း သမ္မတ အိုဘားမားက အဲဒီလို ပြောဆိုလိုက်တာပါ။ သမ္မတ အိုဘားမားဟာ သူ့ရဲ့ အာဖရိက ၃ နိုင်ငံ ခရီးစဉ် ပထမ ခရီးတထောက်အဖြစ်နဲ့ ဆီနီဂေါနိုင်ငံကို ရောက်နေတာဖြစ်ပြီး ဒီခရီးစဉ်အတွင်း ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှုနဲ့ ဒီမိုကရေစီအရေးတွေကို ဆွေးနွေးသွားမှာ ဖြစ်ပါတယ်။

သူ့အနေနဲ့ အာဖရိကတိုက်ကို အခုလို လာရခြင်းရဲ့ အကြောင်းရင်းဟာ - အာဖရိကတိုက်ဟာ တိုးတက် ဖွံ့ဖြိုးနေတာကြောင့် ထွက်ပေါ်လာတဲ့ အခွင့်အရေးကို လက်လွတ်မခံပဲ ဒီဒေသနဲ့ ကျယ်ပြန့် နက်ရှိုင်းတဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ဖို့အတွက် ရောက်လာခြင်း ဖြစ်တယ်လို့ သမ္မတ အိုဘားမားက ပြောပါတယ်။

ဆီနီဂေါနိုင်ငံဟာ အာဖရိကတိုက်အတွင်း ဒီမိုကရေစီ အထွန်းကားဆုံး နိုင်ငံတခုဖြစ်ပြီး လမ်းကြောင်းမှန်ကို ဦးတည် လျှောက်လှမ်းနေတယ်လို့လည်း သမ္မတ အိုဘားမားက ပြောပါတယ်။

သမ္မတ အိုဘားမားဟာ ဆီနီဂေါနိုင်ငံကနေ တောင်အာဖရိကနိုင်ငံကိုသွားပြီး သမ္မတဟောင်း Nelson Mandela နှစ်ပေါင်း ၂၀ နီးပါးလောက် ထိန်းသိမ်းခံခဲ့ရတဲ့ Robben ကျွန်းကို သွားရောက် လည်ပတ်မှာ ဖြစ်ပါတယ်။
XS
SM
MD
LG