သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

စပိန်ဘောလုံးအသင်း FIFA အဆင့် ၁ နေရာဆက်ယူ


FIFA
FIFA
မကြာခင်က ကျင်းပပြီးစီးသွားတဲ့ ကမ္ဘာ့တိုက်ကြီးများဖလား ဘောလုံးပြိုင်ပွဲမှာ အနိုင်ရလိုက်ပြီးတဲ့နောက် ဘရာဇီးနိုင်ငံဟာ ဖီဖာ ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ်က သတ်မှတ်တဲ့ အဆင့် ၉ ကို တက်လာခဲ့ပါတယ်။

ကမ္ဘာ့တိုက်ကြီးများဖလားပြိုင်ပွဲ ဗိုလ်လုပွဲမတိုင်ခင်ကစားခဲ့တဲ့ ပွဲ ၅ ပွဲ ဆက်တိုက် အနိုင်မရခင်အထိ ကမ္ဘာ့ဖလား ၅ ကြိမ်ရဖူးတဲ့ နိုင်ငံလည်းဖြစ်၊ ၂၀၁၄ ခုနှစ် ကမ္ဘာ့ဖလားပြိုင်ပွဲကို အိမ်ရှင်အဖြစ် လက်ခံကျင်းပမယ့် နိုင်ငံလည်းဖြစ်တဲ့ ဘရာဇီးနိုင်ငံအသင်းဟာ အဆင့် ၂၂ အထိ သူတို့အတွက် အနိမ့်ဆုံးအဆင့်ကို ကျသွားခဲ့တာပါ။

တနင်္ဂနွေနေ့က ကျင်းပပြီးစီးသွားတဲ့ ကမ္ဘာ့တိုက်ကြီးများဖလား ဗိုလ်လုပွဲမှာ ဘရာဇီးအသင်းကို ရှုံးနိမ့်ခဲ့ပေမယ့်လည်း ကမ္ဘာ့ချံပီယံလည်းဖြစ်၊ ဥရောပ ချံပီယံလည်းဖြစ်တဲ့ စပိန်နိုင်ငံဟာ ကမ္ဘာ့အဆင့် ၁ မှာပဲ ရှိနေဆဲ ဖြစ်ပါတယ်။

ကမ္ဘာ့တိုက်ကြီးများဖလားပြိုင်ပွဲမှာ တတိယဆုရခဲ့တဲ့ အီတလီအသင်းကတော့ ကမ္ဘာ့အဆင့် ၆ ကို ရောက်သွားပြီး ဒီပြိုင်ပွဲမှာ စတုတ္ထဆုရခဲ့တဲ့ ဥရုဂွေးအသင်းကတော့ အဆင့် (၇) ဆင့်ကျော်ပြီး ကမ္ဘာ့ အဆင့် ၁၂ ကို ရောက်လာပါတယ်။

ဖီဖာ ကမ္ဘာ့ဘောလုံးအဆင့် သတ်မှတ်ချက်မှာ ဂျာမနီနိုင်ငံ အဆင့် ၂ မှာ ရှိနေပြီး ကိုလံဘီယာက အဆင့် ၃ ၊ အာဂျင်တီးနားနဲ့ နယ်သာလန်တို့က အဆင့် ၄ မှာ ရှိနေပါတယ်။ နံပတ် ၁၀ နေရာကို ရရှိလိုက်တဲ့ ဘယ်လ်ဂျီယံနိုင်ငံအတွက် ဒါဟာ အမြင့်ဆုံး အဆင့်ဖြစ်ပြီး အင်္ဂလန်ကတော့ အဆင့် ၁၅ ကို ကျသွားပါတယ်။ အာရှတိုက်က အမြင့်ဆုံးအဆင့်ကို ရထားတဲ့ ဂျပန်ကတော့ အဆင့် ၃၇ မှာ ရှိနေပါတယ်။
XS
SM
MD
LG