သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အမေရိကန် လွတ်လပ်ရေးပွဲ ဆင်နွှဲ


အမေရိကန်နိုင်ငံတွင်း လွတ်လပ်ရေးဆင်နွှဲနေကြစဉ်။ ( ဇူလိုင်လ ၄ရက်)
အမေရိကန်နိုင်ငံမှာ ဒီကနေ့ လွှတ်လပ်ရေးနေ့ ဆင်နွဲကြမှာ ဖြစ်ပါတယ်။
ဇူလိုင်လ ၄ ရက်နေ့ဟာ အမေရိကန် လွှတ်လပ်ရေးနေ့ဖြစ်ပြီး ဗြိတိသျှအုပ်ချုပ်မှုအောက်က လွှတ်မြောက်ကြောင်း လွှတ်လပ်ရေးကြေငြာခဲ့တဲ့ ၂၃၇ နှစ်မြောက် နှစ်ပတ်နေ့ဖြစ်ပါတယ်။

အမေရိကန်နိုင်ငံသားတွေဟာ အလှပြ ချီတက်ပွဲတွေ၊ ပျော်ပွဲစားထွက်တာတွေ၊ မီးရှုး မီးပန်းပစ်လွတ်တာတွေ၊ Baseball ပြိုင်ပွဲ သွားကြည့်ကြတာတွေနဲ့ တခြား ဖျော်ဖြေပွဲတွေ ပြုလုပ်ပြီး လွှတ်လပ်ရေးနေ့ကို ဆင်နွဲလေ့ ရှိကြပါတယ်။ အလားတူ ဇူလိုင်လ ၄ ရက်နေ့မှာ အမေရိကန်အလံမှာ ပါဝင်တဲ့ အရောင် ၃ ရောင်ဖြစ်တဲ့ အနီ၊ အဖြူနဲ့ အပြာရင့်ရောင်တွေပါတဲ့ အလှတန်ဆာတွေကိုလည်း ချိတ်ဆွဲကြလေ့ ရှိပါတယ်။

မနှစ်က နယူးယောက်မြို့ကို ဟာရီကိန်း စန္ဒီ ၀င်ရောက်တိုက်ခတ်ပြီးကတည်းက ပိတ်ထားခဲ့ရတဲ့ လွှတ်မြောက်ရေးနဲ့ ဒီမိုကရေစီသင်္ကေတဖြစ်တဲ့ Liberty ရုပ်တုကြီးဟာလည်း လာလည်ကြတဲ့ ဒီကနေ့ကစပြီး ဧည့်သည်တွေကို ဒီကနေ့ကစပြီး ပြန်လက်ခံတော့မှာ ဖြစ်ပါတယ်။ မုန်တိုင်းက အမြင့်ပေ ၃၀၅ ပေရှိတဲ့ နယူးယောက်မြို့ Liberty ရုပ်တုကြီးကို တိုက်ရိုက် ထိခိုက်ခြင်း မရှိပေမယ့်လည်း အဲဒီ ရုပ်ထုကြီး ရှိနေတဲ့ ကျွန်းကလေးကတော့ အတော်လေး ပျက်ဆီးသွားခဲ့တာပါ။

ဝါရှင်တန်ဒီစီမြို့မှာလည်း နှစ်စဉ် ကျင်းပလေ့ရှိတဲ့ ဒီလွှတ်လပ်ရေးနေ့ အခမ်းအနားကို The National Mall လို့ခေါ်တဲ့ လွှတ်လပ်ရေး ကျောက်တိုင် အနီးဝန်းကျင်က ပန်းခြံထဲမှာ ဆင်နွဲကြမှာ ဖြစ်ပါတယ်။ အဲဒီမှာ တိုင်းပြည်အတွင်းက နံမည်ကြီးအဆိုတော်တချို့ လာရောက် ဖျော်ဖြေကြမှာဖြစ်သလို ညဖက်မှာ မီးရှုး မီးပန်းတွေလည်း ပစ်ဖောက်မှာဖြစ်ပါတယ်။
XS
SM
MD
LG