သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

အီဂျစ်နိုင်ငံရေး အခြေအနေ နိုင်ငံတကာ စိုးရိမ်


အီဂျစ်သမ္မတဟောင်းကို ထောက်ခံသူများ (ဇူလိုင် ၄၊ ၂၀၁၃)
အီဂျစ်သမ္မတဟောင်းကို ထောက်ခံသူများ (ဇူလိုင် ၄၊ ၂၀၁၃)
ဒီမိုကရေစီနည်းအရ ရွေးချယ်တင်မြှောက်ခံထားရတဲ့ အီဂျစ်သမ္မတ မိုဟာမက်မော်စီကို ဖြုတ်ချပြီး စစ်တပ်က အာဏာကို သိမ်းယူလိုက်ပြီးတဲ့နောက် အမေရိကန်ပြည်ထောင်စု အနေနဲ့ အီဂျစ်နိုင်ငံ ကို ပေးနေတဲ့ အကူအညီတွေ အတွက် ပြန်လည်သုံးသပ်ဖို့ သမ္မတအိုဘားမားက အမိန့်ထုတ်ပြန်လိုက်ပါတယ်။ စစ်တပ်က အခုလိုအာဏာသိမ်းဖို့ ဆုံးဖြတ်လိုက်တာနဲ့ပတ်သက်ပြီး သူ့အနေနဲ့ အတော်လေးကို စိုးရိမ်ပူပင်မိတယ်လို့လည်း သမ္မတအိုဘားမားက သူ့ရဲ့ ထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။ ပြီးတော့ အမေရိကန်နဲ့ ကာလတာရှည် မဟာမိတ်ဖြစ်လာခဲ့တဲ့ အီဂျစ်နိုင်ငံအတွင်း ဒီမိုကရေစီ အမြန်ဆုံးပေးအပ်ဖို့ ကိုလည်း သမ္မတ အိုဘားမားက တောင်းဆိုလိုက်ပါတယ်။

အီဂျစ်နိုင်ငံမှာ အခုလို ကသောင်းကနင်းဖြစ်နေတာကို တည်ငြိမ်မှုမရှိသေးတဲ့ အခြေအနေ အဖြစ် ကုလသမဂ္ဂအထွေထွေအတွင်းရေးမှူးချုပ် ဘန်ကီမွန်း က ပြောဆိုလိုက်ပါတယ်။ ပြီးတော့ အရပ်သား အုပ်ချုပ်ရေးစနစ် ကိုပြန်လည်ပေးအပ်ဖို့ ကိုလည်း သူက တောင်းဆိုလိုက်ပါတယ်။

နေတိုးအတွင်းရေးမှူးချုပ် Anders Fogh Rasmussen ကလည်း အီဂျစ်ပြည်သူတွေနဲ့ အီဂျစ်နိုင်ငံအတွက် စိုးရိမ်ပူပင်မိတယ်လို့ ဆိုပါတယ်။ နှစ်ဖက်စလုံး ထိန်းထိန်းသိမ်းသိမ်း လုပ်ကြဖို့ကိုလည်း သူက တိုက်တွန်း လိုက်ပါတယ်။

ဥရောပသမဂ္ဂရဲ့ နိုင်ငံခြားရေးမူဝါဒဆိုင်ရာ အကြီးအကဲ Catherine Ashton ကတော့ ဒီမိုကရေစီလမ်းကြောင်းကို အမြန်ပြန်သွားကြဖို့ တိုက်တွန်းလိုက်ပါတယ်။

မကြာသေးခင်တုန်းက အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲတွေနဲ့ရင်ဆိုင်ခဲ့ရတဲ့ အီဂျစ်နိုင်ငံရဲ့ မဟာမိတ်ဖြစ်တဲ့ တူရကီစိုးရိမ်ပူပင်မိကြောင်းပြောပါတယ်။
XS
SM
MD
LG