သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

Snowden ခိုလှုံခွင့် လျှောက်လွှာ ပြင် သစ် ပယ်ချ


Snowden နိုင်ငံရေးခိုလူံခွင့် လျောက်ထားတဲ့ နိုင်ငံများ
Snowden နိုင်ငံရေးခိုလူံခွင့် လျောက်ထားတဲ့ နိုင်ငံများ
ထောက်လှမ်းရေးဌာနဝန်ထမ်းဟောင်းတစ်ဦးဖြစ်တဲ့ အမေရိကန်အစိုးရက ရာဇဝတ်မှုနဲ့ အလိုရှိနေတဲ့ Edward Snowden ရဲ့ နိုင်ငံရေးခိုလှုံခွင့်လျောက်ထားချက်ကို ပြင်သစ်အစိုးရက ပယ်ချလိုက်ပါတယ်။ ဥပဒေကြောင်းအရရော သူ့ရဲ့အခြေအနေအရပါ သူ့ရဲ့ နိုင်ငံရေး ခိုလှုံခွင့်လျောက်ထားချက်ကို လက်မခံနိုင်ကြောင်း ပြင်သစ်ပြည်ထဲရေး ဝန်ကြီးဌာနက ကြာသပတေးနေ့က ကြေငြာချက်ထုတ်ပြန်လိုက်ပါတယ်။

တချိန်တည်းမှာပဲ ရုရှနိုင်ငံ မော်စကိုက Sheremetyevo လေဆိပ်မှာရှိတဲ့ ခရီးသည်တွေ ခေတ္တနားနေတဲ့ နေရာမှာ ရောက်နေတာ ၁၁ရက်ကြာနေပြီဖြစ်တဲ့ Snowden ကို လိုလားမှုမရှိတဲ့ အရိပ်လက္ခဏာတွေပါ တွေ့နေရပါတယ်။ Snowden အနေနဲ့ သူသွားမယ့် နေရာ တစ်နေရာရာကို ရွေးချယ်ဖို့အတွက် လိုအပ်နေပြီလို့ ရုရှဒုတိယနိုင်ငံရေးဝန်ကြီး Sergei Ryabkov က ကြာသပတေးနေ့မှာ ပြောကြားလိုက်ကြောင်း ရိုက်စ်တာသတင်းမှာ ဖော်ပြထားပါတယ်။

ဒီလိုပြောကြားတာဟာ Snowden အမြန်ဆုံးထွက်ခွာသွားဖို့အတွက် တိုက်တွန်းခဲ့တဲ့ ရုရှသမ္မတ Vladimir Putinနဲ့လည်း တသဘောတည်းဖြစ်ပါတယ်။
XS
SM
MD
LG