သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

တရုတ် အမေရိကန် ကဏ္ဍစုံ ဆွေးနွေး


အမေရိကန်နဲ့ တရုတ် စီးပွားရေးမဟာဗျူဟာဆွေးနွေးပွဲ ကျင်းပစဉ်။
အမေရိကန်နဲ့ တရုတ် စီးပွားရေးမဟာဗျူဟာဆွေးနွေးပွဲ ကျင်းပစဉ်။
အမေရိကန်နဲ့ တရုတ်နိုင်ငံကြား စီးပွားရေး မဟာဗျူဟာမြောက် ဆွေးနွေးမှုတွေ ရဲ့ ဒုတိယနဲ့ နောက်ဆုံး နေ့အဖြစ် နှစ်နိုင်ငံ ထိပ်တန်း အရာရှိတွေ ဒီနေ့ ကြာသပတေးနေ့မှာ ဆက်လက်ဆွေးနွေးနေကြပါတယ်။ လေထုညစ်ညမ်းမှုနဲ့ ဖန်လုံအိမ် ဓာတ်ငွေ့ လျှော့ချမှုတွေမှာ ပူးပေါင်း ဆောင်ရွက်မှုတွေ တိုးမြင့်သွားဖို့ ဗုဒ္ဓဟူးနေ့က နှစ်ဘက် အရာရှိတွေ သဘောတူညီခဲ့ကြပါတယ်။ ဒီကနေ့မှာတော့ စီးပွားရေးကိစ္စတွေကို အဓိကထား ဆွေးနွေးလိမ့်မယ်လို့ မျှော်လင့်ရတာပါ။

နှစ်ပတ်လည် ဝန်ကြီးအဆင့် ဆွေးနွေးပွဲတွေဟာ အမေရိကန်နဲ့ တရုတ်အစိုးရကြားက ပူးပေါင်းဆောင်ရွက်မှုတွေရော၊ သဘောထား ကွဲလွဲမှုတွေနဲ့ပါ ပတ်သက်ပြီး ဆွေးနွေးမှုတွေနဲ့ ညှိနှိုင်းဆောင်ရွက်နိုင်ဖို့ အခွင့်အလမ်းတရပ်ပဲ ဖြစ်ပါတယ်။ ဗုဒ္ဓဟူးနေ့ကတော့ အမေရိကန် ဒုသမ္မတ ဂျိုးဘိုင်ဒန်က အင်တာနက် ဆိုက်ဘာအချက်အလက် ခိုးယူမှုတွေ ရပ်တန့်ဖို့ တရုတ်နိုင်ငံကို တောင်းဆိုလိုက်ပါတယ်။

မကြာသေးခင်က အစီရင်ခံစာတွေအရ အမေရိကန်ပြည်ထောင်စုဟာ ဆိုက်ဘာ သတင်းအချက်အလက် ခိုးယူခံရမှုတွေကြောင့် နှစ်စဉ် ဒေါ်လာ ဘီလျံပေါင်းများစွာ ဆုံးရှုံးနေရတယ်လို့ ဆိုပါတယ်။ ဒုသမ္မတ ဘိုင်ဒန်ရဲ့ မိန့်ခွန်းအတွင်းမှာပဲ အထိအခိုက်မခံတဲ့ တရုတ်ရဲ့ လူ့အခွင့်အရေး ချိုးဖောက်မှုနဲ့ပတ်သက်တဲ့ ကိစ္စတွေကိုလည်း ထောက်ပြခဲ့ပါတယ်။

တရုတ်နိုင်ငံ အနေနဲ့ နိုင်ငံတကာ လူ့အခွင့်အရေး စံချိန်စံညွှန်းတွေကို လေးစား လိုက်နာမယ်ဆိုရင် ပိုပြီးတော့ တည်ငြိမ်ပြီး အင်အားကောင်းတဲ့၊ ပိုပြီးတော့ ဆန်းသစ်တဲ့ နိုင်ငံ တခုဖြစ်လိမ့်မယ်လို့ ပြောဆိုခဲ့တာဖြစ်ပါတယ်။ အမေရိကန်နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီကလည်း တရုတ်ကိုယ်စားလှယ် အဖွဲ့နဲ့ သီးသန့်တွေ့ဆုံ ဆွေးနွေးမှုအတွင်း လူ့အခွင့်အရေးနဲ့ တခြား ကိစ္စရပ်တွေကိုလည်း ဆွေးနွေးခဲ့တဲ့အကြောင်း အမေရိကန်အစိုးရ အရာရှိတွေက ပြောပါတယ်။
XS
SM
MD
LG