သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ကမ္ဘာတဝန်း PC ကွန်ပျုတာ အရောင်းကျ


ကွန်ပျူတာသုံးစွဲသူ
ကွန်ပျူတာသုံးစွဲသူ
လူအများအပြားဟာ လက်ကိုင်သုံး အသေးစား tablets ကွန်ပျူတာလေးတွေကို အသုံးပြုလာကြတဲ့အတွက် အရင်က အဓိကထားအသုံးပြုနေတဲ့ PC ကွန်ပျူတာတွေ ကမ္ဘာအနှံ့တင်ပို့ ရောင်းချနေမှုဟာ သိသိသာသာ ကျဆင်းသွားတဲ့ အကြောင်း နည်းပညာ သုတေသနပြုနေတဲ့ အဖွဲ့အစည်းတခုက ပြောဆိုလိုက်ပါတယ်။

လွန်ခဲ့တဲ့ နှစ်ကနဲ့ နှိုင်းယှဉ်ရင် ၂၀၁၃ ခုနှစ် ဒုတိယ ၃ လ ကာလအတွင်း ကမ္ဘာအနှံ့ PC ကွန်ပျူတာ တင်ပို့မှုဟာ ၁၁% ကျဆင်းသွားတယ်လို့ အမေရိကန်နိုင်ငံအခြေစိုက် GARTNER သုတေသန အဖွဲ့က ထုတ်ပြန်တဲ့ အစီရင်ခံစာမှာ ဖေါ်ပြ ထားပါတယ်။ PC ကွန်ပျူတာ အရောင်းဈေးကွက် တင်ပို့ရောင်းချမှု သမိုင်းမှာ အနည်းဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

ကမ္ဘာအနှံ့က ကွန်ပျူတာဝယ်ယူသုံးစွဲသူ အများအပြားဟာ အသုံးပြုရတာ အဆင်သင့်တဲ့ အသေးစား TABLET ကွန်ပျူတာ တွေကို ပိုမို ဝယ်ယူလာတာ တွေ့ရတယ်လို့ အစီရင်ခံစာမှာ ရေးသားထားပါတယ်။
Apple Company က ၂၀၁၀ ခုနှစ်မှာ Ipad ကွန်ပျူတာတွေ စတင်ဖြန့်ချီခဲ့ပြီးတဲ့နောက်ပိုင်း TABLET ကွန်ပျူတာ အသေးစားတွေ ပိုမိုခေတ်စားလာခဲ့တာပါ။

ကွန်ပျူတာထုတ်လုပ်သူတွေက ဈေးကွက်ထဲကို အပြိုင်အဆိုင် တင်သွင်းလာနေကြပြီး အသေးစား TABLET ကွန်ပျူတာတွေရဲ့ ဈေးနှုံးတွေဟာလည်း တစထက်တစ ပိုမိုသက်သာလာနေပါတယ်။
XS
SM
MD
LG