သုံးရလွယ်ကူစေသည့် Link များ

နောက်ဆုံးရသတင်း

ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် အင်တာနက်အရေးကြီး


အင်တာနက်ကဖေးလ်ဆိုင်တွင် ကွန်ပျူတာသုံးစွဲနေသူများ။
အင်တာနက်ကဖေးလ်ဆိုင်တွင် ကွန်ပျူတာသုံးစွဲနေသူများ။
ဖွံ့ဖြိုးဆဲနိုင်ငံတွေက အစိုးရတွေနဲ့ စီးပွားရေးလုပ်ငန်းရှင်တွေဟာ လူထုကို အင်တာနက် ကွန်ပျူတာ သုံးစွဲခွင့်ပေးဖို့အတွက် သိပ်ပြီး စိတ်မဝင်စားကြတာမို့ ဒီဒေသတွင်းလူထုအတွက် အချက်အလက်ကောင်းတွေရဖို့ အခွင့်အလမ်းတွေ ပိတ်သွားစေတယ်လို့ အမေရိကန်အနောက်ခြမ်း ဆီရယ်တယ်လ်မှာ ရှိတဲ့ ဝါရှင်တန်သတင်းအချက်အလက် နည်းပညာတက္ကသိုလ်က သုတေသနပညာရှင်တွေက ပြောပါတယ်။

လူထုအတွက် နည်းပညာအချက်အလက်နဲ့ ကျွမ်းကျင်မှုတွေ ရှိစေဖို့အတွက် အဓိကလမ်းကြောင်းဖြစ်တဲ့ ကွန်ပျူတာနဲ့ အင်တာနက် သုံးစွဲခွင့် မရတာကို တွေ့ရတယ်လို့ ဆိုပါတယ်။ အခုခေတ်မှာစမတ်ဖုန်းတို့ အိမ်သုံးကွန်ပျူတာတို့အတွက် နည်းပညာသစ်တွေ ပေါ်နေပေမဲ့ လူထုသုံးကွန်ပျူတာတွေအတွက် အင်တာနက်ချိတ်ဆက်ပြီး လမ်းဖွင့်ပေးဖို့ သိပ်ပြီးမလုပ်ကြဘူးလို့ ဝေဖန်လိုက်တာပါ။

ဒါကြောင့် တနိုင်ငံလုံးအတိုင်းအတာနဲ့ ပူးပေါင်းဆောင်ရွက်မှုတွေ လုပ်ဖို့အတွက် အင်တာနက်ကို လူတိုင်းသုံးနိုင်အောင် အစိုးရတွေအနေနဲ့ရော၊ အလှူရှင်အဖွဲ့အစည်းတွေအနေနဲ့ပါ ရင်းနှီးမြှပ်နှံမှုတွေ လုပ်ကြဖို့အတွက် သုတေသနပညာရှင်တွေက တောင်းဆိုလိုက်တာပါ။ ဒါ့အပြင်ကွန်ပျူတာဂိမ်းကစားနည်းတွေမှာလည်း နည်းပညာစွမ်းရည်ကိုတိုးတက်လာအောင် အားပေးတဲ့နည်းတွေ ထည့်သွင်းထားတာမို့ ဒါတွေဟာ အကျိုးရှိကြောင်းတွေ့ရတယ်လို့လည်း
အစီရင်ခံစာမှာ ဖော်ပြထားပါတယ်။
XS
SM
MD
LG